ရာခိုင်နှုန်းအပိုပေးစရာမလိုတဲ့ ငွေလွှဲနည်း
TrueMoney နဲ့ ပထမဆုံးအကြိမ် ငွေလွှဲမည်ဆိုပါက အနီးဆုံး TrueMoney ဆိုင်ကိုသွားပြီး…
ငွေလွှဲမည့်သူရဲ့
– အမည်
– မှတ်ပုံတင်
– လိပ်စာ
– ဖုန်းနံပါတ်
– ငွေလက်ခံမည့်သူဖုန်းနံပါတ်
– လွှဲမည့်ငွေပမာဏ တို့ကို ဆိုင်ရှိ TrueMoney ကိုယ်စားလှယ်ထံ ပေးလိုက်ရုံပါပဲ။
ကိုယ်စားလှယ်မှ စာရင်းသွင်းပြီးတာနှင့် စက္ကန့်ပိုင်းအတွင်းမှာပဲ ငွေလွှဲသူထံသို့ OTP ကုဒ်ဂဏန်း(၈)လုံး မက်ဆေ့ချ်ကျလာပါမယ်။
မိမိတစ်ဦးတည်းသာသိတဲ့ လုံခြုံစိတ်ချရဆုံး (OTP ကုဒ်) အား ငွေထုတ်မည့်သူထံ လှမ်းပို့လိုက်ပါ။
ဒါဆို Truemoney နဲ့ငွေလွှဲခြင်း အောင်မြင်ပါပြီ။
*TrueMoney အသုံးပြုသူတစ်ယောက်အနေနဲ့ ငွေလွှဲတိုင်းမှာ TrueMoney Rewards တွေကို ထပ်မံရရှိသွားမှာဖြစ်ပြီး ရရှိလာတဲ့ Rewards ပွိုင့်တွေကို ငွေလွှဲခအဖြစ်ပြန်လည်အသုံးပြုနိုင်တဲ့ ဘောင်ချာတွေလဲလှယ်ယူလို့ရသလို ဖုန်းဘေလ်ဖြည့်ခြင်း၊ ဖုန်းဒေတာပက်ကေ့ချ်ဝယ်ယူခြင်း စတာတွေမှာလည်း အသုံးပြုလို့ရပါတယ်။ အသုံးပြုတိုင်း အကျိုးရှိစေတဲ့ TrueMoney Rewards App ကို အောက်ပါလင့်ခ်များမှ ဒေါင်းလုတ်ရယူထားလိုက်ပါ။
Google Play Store – https://bit.ly/Rewards_App_PlayStore
Huawei AppGallery – https://bit.ly/TM_Rewards_App_Huawei
ငွေထုတ်မည့်သူအတွက်ကလည်း ရိုးရှင်းလွယ်ကူလှပါတယ်။
ငွေထုတ်မည့် အနီးဆုံး TrueMoney ကိုယ်စားလှယ်ဆိုင်ကို သွားပြီး
– ငွေလွှဲသူမှပေးပို့လာသော OTP ကုဒ်ဂဏန်း(၈)လုံး (*လွှဲမှား၍မရပါ)
– မိမိဖုန်းနံပါတ် (*ငွေလွှဲသူစာရင်းသွင်းထားသော ဖုန်းနံပါတ်)
– မှတ်ပုံတင် တို့ကို ဆိုင်ရှိ TrueMoney ကိုယ်စားလှယ်ထံ ပေးလိုက်ရုံပါပဲ။
အချက်အလက်များ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်တာနဲ့ လွှဲပို့သောငွေပမာဏကို ရာခိုင်နှုန်းအပိုပေးစရာမလိုပဲ ‘ငွေသား‘ ထုတ်ယူနိုင်ပါပြီ။
လွှဲသူ/ ထုတ်သူ စိတ်အေးချမ်းသာစွာငွေလက်ခံယူနိုင်ဖို့အတွက် TrueMoney နဲ့ ကိုယ်စားလှယ်ကြီးများက ကြိုးစားဝန်ဆောင်မှုပေးနေတာဖြစ်လို့ ငွေလွှဲငွေထုတ်ပြုလုပ်ရန် မိမိနှင့် အနီးဆုံး TrueMoney ဆိုင်ကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှု့လိုက်ပါ။
Link – https://bit.ly/truemoney_brandshops
(သို့မဟုတ်)
ဖုန်း – 09 96951 9999 ကို ဆက်သွယ်စုံစမ်းလိုက်ပါ။
TrueMoney ၏ ဝန်ဆောင်မှုကိုအသုံးပြုပြီး ငွေလွှဲသူရော ငွေထုတ်သူပါ
ကိုယ်စိတ်ချမ်းသာ၊ ဝမ်းမြောက်ဝမ်းသာ ရှိကြပါစေ။