ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

ဘဏ်ကိုအသုံးမပြုကြသော၊အသုံးပြုခွင့်မရရှိသော ပြည်သူလူထုအတွက်အထောက်အကူပြုစေနိုင်မည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

ကျွန််ုပ်တို့၏ ရည်ရွယ်ချက်

ဘဏ်ကိုအသုံးမပြုကြသော၊ အသုံးပြုခွင့်မရရှိသော ပြည်သူလူထုအတွက်အထောက်အကူပြုစေနိုင်မည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

True Corporation မှ ၂၀၀၃ ခုနှစ်တွင် Truemoney ကုမ္ပဏီကို စတင်တည်ထောင် ခဲ့ပြီး၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင်တည်ရှိသော ၄င်း၏ဒေသဆိုင်ရာ ရုံးချုပ်နှင့် အတူ ၂၀၁၅ ခုနှစ်တွင် Ascend Group ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့သည်။Truemoney၏ ရည်ရွက်ချက်သည် ဘဏ်ကိုအသုံးမပြုကြသော၊ အသုံးပြုခွင့် မရရှိသော ပြည်သူလူထုအတွက်အထောက်အကူပြုစေနိုင်မည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။ ဆန်းသစ်ပြောင်းလဲထားသောနည်းပညာအသစ်များဖြင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုနိုင်စေမည်ဖြစ်ပြီး၊ Truemoney အနေဖြင့် အရှေ့ တောင်အာရှ နိုင်ငံများ၏လူနေမှုဘဝတိုးတက်ရေးကို အထောက်ကူပြုရန် ရှေ့ရှုရည်ရွယ်ထားပါသည်။

TrueMoneyသည် ထိုင်း၊ကမ္ဘောဒီးယား၊မြန်မာ၊အင်ဒိုနီးရှား၊ဗီယက်နမ်နှင့် ဖိလစ်ပိုင်စသော အရှေ့တောင်အာရှနိုင်ငံများတွင်ပါ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်ပါသည်။ အသုံးပြုရလွယ်ကူခြင်း၊ မိမိအနီးနားတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသော Truemoney ကိုယ်စားလှယ်များရှိပြီး စိတ်ချလုံခြုံသော ဒစ်ဂျစ်တယ် နည်းပညာ ဖြင့်ဝန်ဆောင်မှုပေးပါသည်။

ဒစ်ဂျစ်တယ် နည်းပညာနှင့် ငွေကြေးဝန်ဆောင်မှုများ

TrueMoney Wallet

ထိုင်း၊ကမ္ဘောဒီးယား၊အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အသုံးပြုနေပြီဖြစ်ပါသည်။ Mobile Wallet application ဖြင့် အသုံးပြုသူများလွယ်ကူအဆင်ပြေစွာ ဖုန်းငွေဖြည့်သွင်းနိုင်ခြင်း၊ ဘေလ်များပေးဆောင်ရလွယ်ကူခြင်းနှင့် မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများဆီသို့ငွေလွှဲခြင်းများ အလွယ်တကူပြုလုပ်နိုင်ပါသည်။

WeCard

ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့တွင် အသုံးပြုနေပြီဖြစ်ပါသည်။ TrueMoney wallet application အတွင်းရှိ ကြိုတင်ငွေဖြည့်ကတ် (Pre-paid virtual card) ဖြင့် online ပေါ်တွင် ငွေကြေးဆိုင်ရာလုပ်ငန်းများကို credit card မလိုအပ်ပဲ အသုံးပြုနိုင်ပါသည်။ We Card သည် Master Card နှင့် ပူးပေါင်းထားပြီး အသုံးပြုသူများအနေဖြင့် ပြည်တွင်းပြည်ပ website များ၊ Online မှစျေးဝယ်ခြင်း လုပ်ငန်းများကို စိတ်ချလွယ်ကူစွာ ပြုလုပ်နိုင်ကြပါသည်

ဘဏ်ကိုအသုံးမပြုကြသော၊ အသုံးပြုခွင့်မရရှိသော ပြည်သူလူထုအတွက် ဝန်ဆောင်မှုများ

ဘဏ်ကိုအသုံးမပြုကြသော အသုံးပြုခွင့်မရရှိသော ပြည်သူလူထုအတွက် Truemoney အနေဖြင့် အရှေ့တောင်အာရှ (၆) နိုင်ငံတွင် အသေးစားလုပ်ငန်းရှင် ကိုယ်စားလှယ်ပေါင်းများစွာဖြင့် AgentNetwork တည်ထောင်ကာ ငွေကြေးဆိုင်ရာဝန်ဆောင်မှု လိုအပ်ချက်များအား ပေါင်းကူတံတားသဖွယ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်တွင်း၊ ပြည်ပနယ်နမိတ်နိုင်ငံများမှ ငွေလွှဲ၊ငွေထုတ်ခြင်းနှင့်ဘေလ်ပေးဆောင်ခြင်းများကို Customersများ၏အနီးဆုံး TrueMoneyကိုယ်စားလှယ်ဆိုင်များတွင်လွယ်ကူစိတ်ချစွာ လုပ်ဆောင်နိုင်ပါသည်။ ဘဏ်နှင့်ငွေကြေးဆိုင်ရာဝန်ဆောင်မှုမရရှိသေးသည့်နေရာများတွင်ပါ TrueMoney မှ ဝန်ဆောင်မှု အပြည့်အဝပေးနိုင်အောင် ကျွန်ုပ်တို့ကြိုးစားလုပ်ဆောင်နေပါသည်။

ထိုင်းနိုင်ငံရှိ e-commerce လက်လီဆိုင်များအတွက် ငွေပေးချေခြင်း ဝန်ဆောင်မှုများနှင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့တွင် ဝန်ထမ်းလစာပေးခြင်း ဝန်ဆောင်မှုများ အစရှိသည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု အခက်အခဲ များအတွက် လည်း TrueMoney မှဆောင်ရွက်ပေးလျက်ရှိပါသည်။

TrueMoney မြန်မာ

Ascend money group ၏ လုပ်ငန်းခွဲဖြစ်သော Truemoney Myanmar ကို ၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ လူနေမှုဘဝများ သေချာစွာ တိုးတက်ပြောင်းလဲနိုင်စေရန် အတွက် ကျွနှုပ်တို့သည် Acend Money Group နှင့် ၄င်း၏လုပ်ငန်းမိတ်ဖက်များ နှင့်အတူ လက်ခြင်းချိတ် ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။မြန်မာတပြည်လုံး ကိုယ်စားလှယ်ပေါင်း ၂၃,၀၀၀ ကျော်ရှိပါသည်။ ငွေကြေးဆိုင်ရာဝန်ဆောင်မှု အသုံးပြုခွင့်မရသော ထိုက်တန်စွာခံစားခွင့်မရသော ပြည်သူလူထုအတွက် ဖုန်းငွေဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ပြည်တွင်း၊ပြည်ပ ငွေလွှဲ၊ငွေထုတ်ခြင်းများကို လွယ်ကူစိတ်ချစွာ အသုံးပြုနိုင်ရန် အဓိကထားပြီးလုပ်ဆောင်ပေးနေပါသည်။

ကျွန်ုပ်တို့သည် မြန်မာလူမျိုးများအနေဖြင့်အနာဂတ်တွင် ၄င်းတို့မိသားစုဘဝများ သာယာလှပနိုင်စေရန်အတွက် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားရှာဖွေထားသော ငွေကြေးများကို မည်မျှတန်ဘိုးထားကြောင်း နားလည် သိရှိပါသည်။ မြန်မာ့ပြည်တွင် မိသားစုနှင့်အနစ်နာခံ ဝေးကွာကာ အလုပ်လုပ်ကိုင်နေသော ရွေ့ ပြောင်းအလုပ်သမားများစွာရှိပါသည်။ TrueMoney သည် MAB ဘဏ်နှင့် လက်တွဲလုပ်ဆောင်နေခြင်းဖြစ်ပြီး မိသားစုနှင့်အနစ်နာခံ ဝေးကွာကာ အလုပ်လုပ်ကိုင်နေသော ‌ရွှေ့ပြောင်းအလုပ်သမားများအတွက် ကျွန််ုပ်တို့၏ ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများဖြင့် မြန်မာမိသားစုများထံသို့ လွယ်ကူစိတ်ချစွာ အသုံးပြုနိုင်ရန်ဆောင်ရွက်ထားပါသည်။ ဝန်ဆောင်မှုများ
Partners with
Partners with