Truemoney Rewards Application

True Money ၏ ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာအသုံးပြုလျှက်ရှိသည့် customers များအား ကျေးဇူးတုံ့ပြန် သော အားဖြင့် ပေးအပ်သော ဆုကြေးပွိုင့်များ ဖြစ်ပါသည်။ အဆိုပါ customers များအနေဖြင့် ကျွန်ုပ်တို့၏ TrueMoney Rewards Application တွင် အောက်တွင်ဖော်ပြပါရှိသော ဝန်ဆောင်မှုများကို ရရှိနိုင်မည် ဖြစ်ပါသည်။

  • (က) မိမိရရှိထားသော ဆုကြေးရမှတ်များအသေးစိတ်အားပြန်လည်ကြည့်ရှုနိုင်ခြင်း။
  • (ခ) မိမိရရှိထားသော ရမှတ်များအား ဖုန်းငွေဖြည့်ကဒ် ဝယ်ယူခြင်း, Data ဝယ်ယူခြင်း၊
  • (ဂ) မိမိရရှိထားသော ရမှတ်များအား ဘောင်ချာဝယ်ယူခြင်း နှင့် True Money အေးဂျင့်ဆိုင်များ၌ ဝန်ဆောင်မှု ကျသင့်ငွေ ပေးချေရာတွင် သုံးစွဲနိုင်ခြင်း။
  • (ဃ) TrueMoney Rewards App အသုံးပြုသူများသည် မိမိ မိတ်ဆွေ၊ သူငယ်ချင်း တစ်ဉီးဉီးအား TrueMoney Rewards App အား အသုံးပြုရန် ညွန်းဆိုပေးနိုင် ခြင်း။
  • (င) မိမိအနီးအနားရှိ True Money အေးဂျင့်များ၏ သတင်းအချက်အလက်များကို သိရှိနိုင်ခြင်း။
  • (စ) True Money Myanmar ၏ ပရိုမိုးရှင်း နှင့် သတင်းများကို သိရှိနိုင်ခြင်း။
  • (ဆ) True Money ၏ ဝန်ဆောင်မှု ကျသင့်ငွေအား တွက်ချက်နိုင်ခြင်း။
  • (ဇ) မြန်မာနိုင်ငံ၌ ငွေကြေးခဝါချမှု တိုက်ဖျက်ခြင်းသည် အရေးကြီးကြောင်း အသိပညာ မျှဝေခြင်း။


Earn Points

အသုံးပြုသူများသည် ဖော်ပြပါအစီအစဉ်များမှ Rewards Points များအား ရရှိမည်ဖြစ်သည်။

  • ၁)သတ်မှတ်ထားသော TrueMoney ဝန်ဆောင်မှုများ
  • ၂)ပထမဉီးဆုံးအကြိမ် Rewards App အား အသုံးပြုခြင်း (Registration Welcome Point)
  • ၃)မိတ်ဆွေများအား Rewards App အသုံးပြုရန် မျှဝေခြင်း (Refers a friend)

Learn More

Burn Points

  • (၁) TrueMoney အသုံးပြုသူများသည် ရရှိထားသော Rewards များအား ဘောင်ချာဝယ်ယူခြင်း၊ TrueMoney ၏ ဝန်ဆောင်မှုများဖြစ်သော ဖုန်းငွေဖြည့်သွင်းခြင်း နှင့် Data Package ဝယ်ယူခြင်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

Learn More

TrueMoney Rewards App ကို အခုပဲဒေါင်းလုတ်ဆွဲပြီး Rewards ‘ပွိုင့်’တွေစုဆောင်းကာ ‘ဆု’လက်ဆောင်အမျိုးမျိုးကို ရယူလိုက်ပါ။
    • TrueMoney ၏ TrueMoney Rewards Application (“TrueMoney Rewards”) ဆိုသည်မှာ နှစ်ကာလကြာမြင့်စွာ True Money ၏ ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာအသုံးပြုလျှက်ရှိသည့် customers များအား ကျေးဇူးတုံ့ပြန် သော အားဖြင့် ပေးအပ်သော ဆုကြေးပွိုင့်များ ဖြစ်ပါသည်။ အဆိုပါ customers များအနေဖြင့် ကျွန်ုပ်တို့၏ TrueMoney Rewards Application တွင် အောက်တွင်ဖော်ပြပါရှိသော ဝန်ဆောင်မှုများကို ရရှိနိုင်မည် ဖြစ်ပါသည်။

      • (က) မိမိရရှိထားသော ဆုကြေးရမှတ်များအသေးစိတ်အားပြန်လည်ကြည့်ရှုနိုင်ခြင်း။
      • (ခ) မိမိရရှိထားသော ရမှတ်များအား ဖုန်းငွေဖြည့်ကဒ် ဝယ်ယူခြင်း, Data ဝယ်ယူခြင်း၊
      • (ဂ) မိမိရရှိထားသော ရမှတ်များအား ဘောင်ချာဝယ်ယူခြင်း နှင့် True Money အေးဂျင့်ဆိုင်များ၌ ဝန်ဆောင်မှု ကျသင့်ငွေ ပေးချေရာတွင် သုံးစွဲနိုင်ခြင်း။
      • (ဃ) TrueMoney Rewards App အသုံးပြုသူများသည် မိမိ မိတ်ဆွေ၊ သူငယ်ချင်း တစ်ဉီးဉီးအား TrueMoney Rewards App အား အသုံးပြုရန် ညွန်းဆိုပေးနိုင် ခြင်း။
      • (င) မိမိအနီးအနားရှိ True Money အေးဂျင့်များ၏ သတင်းအချက်အလက်များကို သိရှိနိုင်ခြင်း။
      • (စ) True Money Myanmar ၏ ပရိုမိုးရှင်း နှင့် သတင်းများကို သိရှိနိုင်ခြင်း။
      • (ဆ) True Money ၏ ဝန်ဆောင်မှု ကျသင့်ငွေအား တွက်ချက်နိုင်ခြင်း။
      • (ဇ) မြန်မာနိုင်ငံ၌ ငွေကြေးခဝါချမှု တိုက်ဖျက်ခြင်းသည် အရေးကြီးကြောင်း အသိပညာ မျှဝေခြင်း။
သို့ရာတွင် TrueMoney Rewards Application အား ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများနှင့် ငွေပေးချေခြင်း ဝန်ဆောင်မှု များအတွက် အသုံးပြုနိုင်လိမ့်မည် မဟုတ်ပါ။
TrueMoney Rewards Application စည်းကမ်းနှင့် သတ်မှတ်ချက်များ

True Money Myanmar Company Limited (“TMN”, “ကျွန်ုပ်တို့သည်”၊ “ကျွန်ုပ်တို့၏” သို့မဟုတ် “ကျွန်ုပ်တို့ကို”)၏ကိုယ်ပိုင်ဖြစ်သော TrueMoney Rewards ဝန်ဆောင်မှုအား ရယူအသုံးပြုခြင်းဖြင့် သင်သည် အောက်ဖော်ပြပါ စည်းကမ်းနှင့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် သဘောတူညီပြီး ဖြစ်သည်ဟု မှတ်ယူပါမည်။

မှတ်ပုံတင်ခြင်း

      • ၁။ အသက် ၁၆ နှစ် အထက်ရှိ မည်သူမဆို TrueMoney Rewards Application အား မှတ်ပုံတင်ရန် လျှောက်ထားနိုင်ပါသည်။
      • ၂။ သင်သည် TrueMoney Rewards Application အား မှတ်ပုံတင်ရာတွင် လက်ရှိအသုံးပြုနေသော မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်နှင့် သင်၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) ပတ်ပို့စ် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်ရှိ သင်၏ နာမည်အပြည့်အစုံအား ဖြည့်သွင်းရန် လိုအပ်မည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်အလက်များသည် သင်အနေဖြင့် သင်၏ အကောင့်အား အမှတ်မထင် ဆုံးရှုံးလိုက်ရသည့်အချိန်တွင် သင်၏အချက်အလက်များ ဆန်းစစ်နိုင်ရန် (သို့မဟုတ်) သင်၏ အကောင့်သည် (၂၄)လ ကြာသည်အထိ အသုံးပြုခြင်း မရှိခဲ့လျှင် အဆိုပါ အကောင့်အား ကျွန်ုပ်တို့အနေဖြင့် ဖျက်သိမ်းနိုင်ရန် အလို့ငှာ တောင်းခံရခြင်း ဖြစ်ပါသည်။
      • ၃။ သင့်အနေဖြင့် TrueMoney Rewards Application လျှောက်ထားရာတွင် မှတ်ပုံတင်ထားသည့် ဖုန်း SIM Card ရှိရမည် ဖြစ်ပါသည်။ သင်သည် TrueMoney Rewards Application ကို ရယူအသုံးပြုနိုင်ရန် True Money ၏ system မှ ပေးပို့မည်ဖြစ်သော တစ်ခါသုံး စကားဝှက် (OTP) အား အတည်ပြုပေးရန် လိုအပ်မည် ဖြစ်ပါသည်။
      • ၄။ မှတ်ပုံတင်ခြင်း အောင်မြင်ပြီးသည့်အချိန်တွင် သင်အနေဖြင့် TrueMoney Rewards အဖွဲ့ဝင်ဖြစ်လာမည်ဖြစ်ပြီး TrueMoney Rewards ရှိ ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။
      • ၅။ TrueMoney Rewards ကို မှတ်ပုံတင်ခြင်းဖြင့် သင်သည် TMN မှ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ဆက်သွယ်မှုများနှင့် သတင်းများအား လက်ခံရယူရန် သဘောတူညီသည်ဟု မှတ်ယူပါသည်။
      • ၆။ သင်သည် မှတ်ပုံတင်ထားသော ဖုန်းနံပါတ်တစ်ခုဖြင့်သာ TrueMoney Rewards Application ကို မှတ်ပုံတင်ရန် လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် TrueMoney Rewards အကောင့်တစ်ခုထက် ပိုသော အကောင့်များ အား ငြင်းပယ်နိုင်ခွင့်၊ ပေါင်းစည်းနိုင်ခွင့် သို့မဟုတ် ပိတ်နိုင်ခွင့်ကို မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်ခွင့် ရှိသည်။
ရရှိရမှတ်များနှင့် ရမှတ်အား အသုံးပြုမှုများ
      • ၇။ TMN သည် ဝန်ဆောင်မှုတစ်ခုလျှင် ရမှတ်များအား ကြိုတင်အသိပေးမှုမရှိဘဲ အမှတ်များကိုဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
      • ၈။ TMN အေးဂျင့်ဆိုင်များတွင် ပေးချေသည့် မြန်မာငွေကျပ် ၁ (တစ်) ကျပ် (ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီး) ကို ရမှတ် ၁ (တစ်) မှတ်အဖြစ် ဆုကြေးရရှိမည် ဖြစ်ပါသည်။
      • ၉။ သင်သည် True Money ၏ အေးဂျင့်ဆိုင်များမှ ငွေလွှဲခြင်း၊ ဘေလ်ပေးဆောင်ခြင်း အစရှိသည့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ရယူအသုံးပြုသည့်အခါတိုင်း၌ သင်အနေဖြင့် ကျသင့်ပေးဆောင်ခဲ့ရသော ဝန်ဆောင်ခ အခကြေးငွေများမှ ရမှတ်များ ရရှိနိုင်မည် ဖြစ်ပါသည်။
      • ၁၀။ သင်၏ TrueMoney Rewards အကောင့်၏ QR ကုဒ်/ အရောင်းမြှင့်တင်ရေးကုဒ် အား TMN အေးဂျင့်များအား ပြသရန်လိုအပ်မည်ဖြစ် သည်။
      • ၁၁ ။ ငွေပေးငွေယူ ပြီးမြောက်သည့်အချိန်၌ သင်၏ TrueMoney Rewards အကောင့်တွင် ရရှိသော ရမှတ်များကို အလိုအလျောက် ပြသပေးလိမ့်မည် ဖြစ်ပါသည်။
      • ၁၂။ Rewards Points များအား ငွေလွှဲမှုပြီးမြောက်မှသာ (သို့မဟုတ်) လွှဲသည့်ငွေအား ငွေထုတ်မည့်သူမှ ထုတ်ယူ ပြီး မှသာ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။၊
      • ၁၃။ သင်သည် စုဆောင်းရရှိထားခဲ့သော ဆုကြေးရမှတ်များကို TrueMoney Rewards Application တွင် ဖုန်းငွေဖြည့်ကဒ် ဝယ်ယူဖြည့်သွင်းခြင်း၊ Data ဝယ်ယူခြင်း၊ ဘောင်ချာဝယ်ယူခြင်း သို့မဟုတ်/နှင့် နောက်တစ်ကြိမ်လာရောက်ရာတွင် ကျသင့်ကုန်ကျမည် ဖြစ်သော ဝန်ဆောင်ခ အခကြေးငွေများကို TrueMoney Rewards အကောင့်ကို ပြသခြင်းအားဖြင့် ပေးချေမှု ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
      • ၁၄။ ငွေပေးငွေယူကိစ္စရပ်သည် ပျက်ပြယ်ခဲ့လျှင် သော်လည်းကောင်း သို့မဟုတ် ပြန်လည်ပေးအပ်ခဲ့ရလျှင် (ပြန်အမ်းငွေ ဖြစ်ခဲ့လျှင်) သော်လည်းကောင်း ကျွန်ုပ်တို့သည် အဆိုပါ ငွေပေးငွေယူပြုလုပ်ရာတွင် ရရှိမည် ဖြစ်သော ရမှတ်များကို ပြန်လည်နုတ်ယူပိုင်ခွင့် ရှိပါသည်။
      • ၁၅။TrueMoney Reward Application စာရင်းသွင်းအသုံးပြုသူများသည် မှတ်ပုံတင်ပြီး ရက်ပေါင်း(၃၀) အတွင်း မည်သည့် TrueMoney ဝန်ဆောင်မှုကိုမဆို အနည်းဆုံး ငွေပေးငွေယူမှု (တစ်ကြိမ်) ပြုလုပ်ရပါမည်။ အသုံးပြုသူများသည် ထိုသို့သောဝန်ဆောင်မှုများအသုံးပြုရန်ပျက်ကွက်ခဲ့ပါက “Welcome Points” နှင့် “ Referral Points” ကဲ့သို့သော ဆုလက်ဆောင်များ ရရှိရန်ရှိသည့်အခွင့်အရေးသည် (၃၀) ရက်နေ့တွင် အလိုအလျောက်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
      • ၁၆။ TMN ၏ မြှင့်တင်ရေးဘောက်ချာများနှင့် ကူပွန်များသည် TMN ၏ ကိုယ်တိုင်ဖော်ပြထားသော ကာလပေါ်မူတည်ပြီး သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်၊ အကောင့်လုံခြုံရေး၊ မှတ်တမ်းသိမ်းဆည်းခြင်း။
      • ၁၇။ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို တည်ဆဲဥပဒေများနှင့်အညီ ထိန်းသိမ်း ထားရှိမည် ဖြစ်ပါသည်။
      • ၁၈။ သင်သည် TrueMoney Rewards နှင့်သက်ဆိုင်သော စည်းကမ်းနှင့် သတ်မှတ်ချက်များကို ရှင်းလင်းစွာ သိရှိနားလည်သဘောပေါက်သည်အထိ ဖတ်ရှုရန် လိုအပ်မည်ဖြစ်ပြီး သင့်အနေဖြင့် မရှင်းလင်းသည်များကို TMN Call Center +959 969 519 999 နှင့် Email- [email protected] သို့ပေးပို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
      • ၁၉။ သင်သည် သင့်၏ TrueMoney Rewards Account PIN နံပါတ် /Password နှင့် One-Time Password (OTP) ကို လျှို့ဝှက်စွာ သိမ်းဆည်းထားရန် လိုအပ်မည်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မျှဝေခြင်းမပြုလုပ်မိစေရန် တာဝန်ရှိမည် ဖြစ်ပါသည်။
      • ၂၀။ သင်၏ TrueMoney Rewards Account ၏ PIN နံပါတ် ပြောင်းလဲခြင်း /Password နံပါတ် မေ့လျော့ခြင်း ကို ပြန်လည်သတ်မှတ်ရန်အတွက် app ရှိညွှန်ကြားချက်ကိုလိုက်နာရန်လိုအပ်ပြီး သင်၏မှတ်ပုံတင်ထားသော မိုဘိုင်းနံပါတ်သို့ One-Time-Password (OTP) ကိုလက်ခံရရှိလိမ့်မည်ဖြစ်သည်။
      • ၂၁။ TMN သည် တည်ဆဲဥပဒေများနှင့်အညီ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို TrueMoney Rewards အကောင့်ကို ပြီးမြောက်အောင် မှတ်ပုံတင်ပြီးသည့်နေ့ရက်မှ စတင်၍ အနည်းဆုံး ငါး (၅) နှစ် ထိန်းသိမ်းထား ရှိမည်ဖြစ်ကြောင်းကို သင်အနေဖြင့် သိရှိနားလည်သဘောပေါက်ကြောင်း သဘောတူပါသည်။
TrueMoney Rewards အကောင့်ပိုင်ရှင်၏ အကျိုးခံစားခွင့်များ
      • ၂၂။ TMN သည် သင့်ထံသို့ ကူပွန်များ၊ Surprise Gifts များ၊ အထူးကမ်းလှမ်းချက်များ (“အကျိုးကျေးဇူးများ”) အခါအားလျော်စွာ ပေးပို့သွားမည် ဖြစ်ပါသည်။ အဆိုပါ TMN မှ သင့်ထံသို့ ပေးပို့မှုများသည် သင့်အတွက် ရည်ရွယ်ပေးပို့သည်သာ ဖြစ်သည့်အတွက် အခြားသော အကောင့်ပိုင်ရှင်သို့ လွှဲပြောင်းပေးပို့နိုင်လိမ့်မည် မဟုတ် သည့်အပြင် TrueMoney Rewards အား ရယူအသုံးပြုနေသည့် ကာလတစ်လျှောက်တွင်လည်း လွှဲပြောင်းပေးပို့ခြင်း အား ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပါ။
TrueMoney Rewards Application အသုံးပြုသူ၏ တာဝန်ဝတ္တရားများ
      • ၂၃။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို လိမ်လည်လှည့်စားခြင်း သို့မဟုတ် ရာဇဝတ်မှုဆိုင်ရာ ရည်ရွယ်ချက်များ အတွက် ရယူအသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်ထားပါသည်။ ထို့အပြင် ငွေကြေးခဝါချမှုများ၊ အကြမ်းဖက် အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ခြင်း၊ ဥပဒေအားဖြင့် ခွင့်ပြုထားခြင်းလည်း မရှိသည့်အပြင် သိက္ခာမဲ့ သော (လုပ်ငန်းကျင့်ဝတ်နှင့် မညီသော) လုပ်ဆောင်မှုများတွင် ကူညီပါဝင် လုပ်ဆောင်ခြင်း အစရှိသည်တို့ကို လည်း တင်းကြပ်စွာ တားမြစ်ထားပါသည်။
      • ၂၄။ သင်၏ TrueMoney Rewards အကောင့်တွင် တရားမဝင်လုပ်ဆောင်ချက်များ သို့မဟုတ် ငွေပေးငွေယူ ဆောင်ရွက်ချက်များကို တွေ့ရှိခဲ့ပါလျှင် TMN သည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သင်၏ အကောင့်ကို ရပ်ဆိုင်း ပိုင်ခွင့်/ပိတ်နိုင်ခွင့် ရှိသည်။ သင်သည် အဆိုပါ အကောင့်အား ရပ်ဆိုင်းခြင်း/ပိတ်ခြင်းကြောင့် ပေါ်ပေါက်လာသော မည်သည့် အရာမဆို သို့တည်းမဟုတ် မည်သည့် တရားစွဲဆိုမှု သို့တည်းမဟုတ် ကုန်ကျစရိတ်များ၊ ဆုံးရှုံးနစ်နာမှုများ၊ ပျက်စီးမှုများ၊ တောင်းဆိုမှုများသည် TMN နှင့် မည်သို့မျှ ပတ်သက်စပ်ဆိုင်မှုမရှိပါဘဲ သင်သည်သာလျှင် တာဝန်ရှိသူဖြစ်ကြောင်းကို သိရှိသဘောတူ လက်ခံပါသည်။
ကိုယ်ရေးအချက်အလက် အကာအကွယ်နှင့် မူဝါဒ
      • ၂၅။ သင်သည် လုပ်ငန်းလိုအပ်ချက်အရ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို TMN သည် ယင်း၏ ကုမ္ပဏီအတွင်းနှင့် ယင်း၏ အစုရှယ်ယာရှင်များ၊ ဒါရိုက်တာများ၊ အလုပ်သမားများ၊ ကုမ္ပဏီ အဖွဲ့အစည်းများ၊ မည်သည့် အစိုးရ အေဂျင်စီများနှင့် တတိယ အဖွဲ့အစည်းများကို မျှဝေခြင်း သို့မဟုတ် ထုတ်ဖော်ပြောဆိုမည်ကို သိရှိသဘောတူ လက်ခံပါသည်။
      • ၂၆။ TMN သည် သင်၏ ကိုယ်ရေးအချက်အလက် မူဝါဒဆိုင်ရာ အခွင့်အရေးကို လေးစားတန်ဖိုးထားသည့်အပြင် မြန်မာနိုင်ငံ၏ ကိုယ်ရေးအချက်အလက် မူဝါဒနှင့် ပတ်သက်သော ဥပဒေများကိုလည်း လိုက်နာမည် ဖြစ်ကြောင်းကို ဝန်ခံကတိပြုပါသည်။
      • ၂၇။ ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် မူဝါဒကို သိရှိလိုပါလျှင် အောက်ဖော်ပြပါ လင့်ခ်တွင် ဝင်ရောက် လေ့လာ၍ အသေးစိတ် ဖတ်ရှုနိုင်ပါသည်။
ဉာဏပစ္စည်းမူပိုင်ခွင့်
      • ၂၈။ TrueMoney Rewards ရှိ အကြောင်းအရာများ၊ အချက်အလက်များသည် TMN ၏ တစ်ဦးတည်း ပိုင်ဆိုင်မှုသာ ဖြစ်ပြီး TMN ၏သဘောတူခွင့်ပြုချက် မရှိပါဘဲ မည်သည့် စီပွားရေး ရည်ရွယ်ချက်အတွက် ကူးယူခြင်း၊ ပြန်လည် ထုတ်ဝေခြင်း သို့မဟုတ် အသုံးပြုခြင်းကို ခွင့်မပြုပါ။
      • ၂၉။ သင်သည် TMN ၏ သဘောတူခွင့်ပြုချက် မရှိပါဘဲ TrueMoney Rewards အမှတ်တံဆိပ် သို့မဟုတ် TMN ၏ အခြား မည်သည့် ကုန်အမှတ်တံဆိပ်ကိုမဆို သုံးစွဲပိုင်ခွင့်မရှိပါ။
အကောင့်အား ပြင်ဆင်ခြင်း၊ ရပ်စဲခြင်း၊ ရပ်ဆိုင်းပိုင်ခွင့် သို့မဟုတ် ဖျက်သိမ်းပိုင်ခွင့်
      • ၃၀။ ဤ TrueMoney Rewards မှ စည်းကမ်းနှင့် သတ်မှတ်ချက်များတွင် ပါရှိသော မည်သည့် စည်းကမ်းနှင့် သတ်မှတ်ချက်ကိုမဆို လိုက်နာရန် ပျက်ကွက်ခဲ့သော သို့တည်းမဟုတ် ချိုးဖောက်ခဲ့သော ကိစ္စရပ်တွင် သင်သည် အထက်တွင် ဖော်ပြပါရှိသော TrueMoney Rewards Application အသုံးပြုသူ၏ တာဝန်ဝတ္တရားများပါ အပိုဒ် (၂၀) နှင့် (၂၁) ကို ချိုးဖောက်ခဲ့ပါလျှင် TMN သည် ကြိုတင်အကြောင်းကြားခြင်းဖြင့်သော်လည်းကောင်း၊ ကြိုတင်အကြောင်းကြားခြင်း မရှိပါဘဲနှင့်သော်လည်းကောင်း သင်၏ အကောင့်အား ရပ်စဲပိုင်ခွင့် အပြည့်အဝ ရှိသည်။
      • ၃၁။ TMN သည် အောက်ဖော်ပြပါ အခြေအနေများတွင် သင်၏ TrueMoney Rewards အား ရပ်ဆိုင်းပိုင်ခွင့် သို့မဟုတ် ဖျက်သိမ်းပိုင်ခွင့်ရှိမည် ဖြစ်ပါသည်။
        • က) သင်၏ အကောင့်သည် ၂ (နှစ်) ဆက်တိုက် အသုံးပြုခြင်း မရှိခဲ့လျှင် နှင့်/သို့မဟုတ်
        • (ခ) သင်သည် ဤ TrueMoney Rewards Application တွင် ဖော်ပြပါရှိသော မည်သည့် စည်းကမ်းနှင့် သတ်မှတ်ချက်ကိုမဆို ချိုးဖောက်ခဲ့လျှင် နှင့်/သို့မဟုတ်
        • (ဂ) သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို လိမ်လည်လှည့်ဖြားခြင်း/ဥပဒေနှင့် ဆန့်ကျင်သော ကိစ္စရပ်များအတွက် ရည်ရွယ်၍ အသုံးပြုခဲ့လျှင် နှင့်/သို့မဟုတ်
        • (ဃ) သင်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရှိ တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့လျှင်
      • ၃၂။ TMN သည် TrueMoney Rewards Application ပါ စည်းကမ်းနှင့် သတ်မှတ်ချက်များကို မည်သည့်အချိန်တွင်မဆို ကြိုတင်အကြောင်းကြားခြင်း မရှိပါဘဲ ပြင်ဆင်ပိုင်ခွင့်ရှိသည်။
သက်ဆိုင်ရာ ဥပဒေ
      • ၃၃။ ဤ TrueMoney Rewards ပါ ကျွန်ုပ်တို့၏ စည်းကမ်းနှင့် သတ်မှတ်ချက်များသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများအတိုင်း ဖြစ်သည့်အပြင် မည်သည့် အငြင်းပွားမှုကိုမဆို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တရားစီရင်ပိုင်ခွင့်အာဏာအောက်ရှိ ဥပဒေများကို လိုက်နာပြီၤး တရားရုံးများ၏ ဆုံးဖြတ်မှုများကို လိုက်နာရမည် ဖြစ်သည်။
ဆက်သွယ်ရန်
      • ၃၄။ TrueMoney Rewards Application နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါလျှင် အောက်ဖော်ပြပါ လိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

ထရူးမန်းနီးမြန်မာကုမ္ပဏီလီမီတက်

အမှတ် ၂၂၄- အေ၊ ပထမထပ် နှင့် စတုတၻထပ်၊ ဆော်လမွန်ဘီစီနက်စင်တာ၊

ဦးဝိစာရလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။

ဆက်သွယ်ရန်ဖုန်းနံပါတ် – (+၉၅)- ၉၆၉ ၅၁၉ ၉၉၉

အီးမေးလ် – [email protected]

ဝက်ဆိုဒ် – www.truemoney.com.mm