စတေးဟုမ်းကာလမှာက အိမ်ပြင်ထွက်ရတဲ့ အကြိမ်နည်းလေ ကျန်းမာရေးအတွက် ပိုပြီးလုံခြုံစိတ်ချရလေဖြစ်တာမို့လို့ ဒီကာလမှာ ငွေလွှဲငွေထုတ်ဖို့လိုနေသူတွေအတွက် အိမ်အပြင်မထွက်ရလေအောင် TrueMoney ရဲ့’အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးခြင်း’ အစီအစဉ်ကို စက်တင်ဘာ(၂၄)ရက်နေ့မှစတင်ကာ မိတ်ဆက်ပေးခဲ့ပါတယ်။
ဒီအစီအစဉ်လေး စတင်စဉ်ကာလမှာပဲ TrueMoney မိတ်ဆွေတွေရဲ့ အားပေးနှစ်သက်မှုကိုရရှိခဲ့ကာ အခြားသောမြို့နယ်တွေကလည်း ဝန်ဆောင်မှုပေးဖို့ တောင်းဆိုလာခဲ့ကြလို့ TrueMoney က နောက်ထပ်မြို့နယ်တွေကိုလည်း ဝန်ဆောင်မှုပေးနိုင်ဖို့ ထပ်ထပ်ပြီး လုပ်ဆောင်နေပါတယ်။
အားလုံးခက်ခဲကျပ်တည်းနေတာဖြစ်လို့ ယခုလိုစတေးဟုမ်းကာလအတွင်းမှာ TrueMoney က အိမ်တိုင်ရာရောက်ငွေလွှဲငွေထုတ်ခြင်းအတွက် ဝန်ဆောင်မှု’အခမဲ့’နဲ့ ဆောင်ရွက်ပေးနေပါတယ်။
TrueMoney ရဲ့ အိမ်တိုင်ရာရောက်ငွေလွှဲငွေထုတ်ဝန်ဆောင်မှုအား ရယူနိုင်တဲ့မြို့နယ်များစာရင်းကို အောက်မှာဖော်ပြထားပြီး ထပ်တိုးမြို့နယ်များကိုလည်း အချိန်နှင့်တပြေးညီ ထပ်မံအသိပေးသွားပါမယ်။
ကျန်းမာရေးအတွက် လုံခြုံစိတ်ချရအောင် အတတ်နိုင်ဆုံး အိမ်မှာပဲနေပါ။ ငွေလွှဲငွေထုတ်ဖို့လိုအပ်လာရင်တော့ TrueMoney ၏’အိမ်တိုင်ရာရောက်ငွေလွှဲငွေထုတ်ဝန်ဆောင်မှု’ ကို သတိရလိုက်ပါ။
ဝန်ဆောင်မှုရယူရန်နှင့် အသေးစိတ်စုံစမ်းရန်
ဖုန်း – 09969519999
အချိန် – တနင်္လာနေ့ မှ စနေနေ့ ( နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ)
ကြာချိန် – ဖုန်းဆက်ပြီး (၂၄) နာရီအတွင်း
အားလုံးကျန်းမာစွာနဲ့ ခက်ခဲတဲ့ကာလကို ဖြတ်ကျော်နိုင်ကြပါစေ။