TrueMoney ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပြီဆိုရင်တော့ ထိုင်းနိုင်ငံမှ ပြည်ပငွေလွှဲလက်ခံခြင်း ၊ ပြည်တွင်းငွေလွှဲ (သို့) ငွေထုတ်ခြင်း တို့အပြင် Aeon, Ananda, 123, Mya Nan Yone, Mytel, Moe Yan, mBuyy, Golden World, MFIL, iflix, QuicKyat, Unilink, Solar Home, Sim4Crew, CP နှင့် အခြားသော ဘေလ်ပေးဆောင်မှုအမျိုးမျိုး၊ ဖုန်းငွေဖြည့်ကဒ် နှင့် Data Pack အမျိုးမျိုးဖြည့်သွင်းပေးခြင်း
၁(၁) အဓိပ္ပါယ်ဖွင့်ဆိုချက်များ ဤစာချုပ်၌ “အေးဂျင့်” ဆိုသည်မှာ အေးဂျင့် မှတ်ပုံတင်ပုံစံ ၌ သတ်မှတ်ဖော်ပြထားသော အေးဂျင့်ကို ဆိုသည်။ “ဝန်ဆောင်မှုအသုံးပြုသူ” ဆိုသည်မှာ ဝန်ဆောင်မှုများကို ရယူအသုံးပြုသော ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကို ဆိုသည်။ “MFS Agent” ဆိုသည်မှာ မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု စည်းမျဉ်း (FIL/R/01/03-2016) အရ သတ်မှတ်ထားသော အေးဂျင့်ကို ဆိုသည်။ “ဥပစာများ” ဆိုသည်မှာ အေးဂျင့် မှတ်ပုံတင်စာရင်းတွင် ဖော်ပြထားသော လုပ်ငန်းလိပ်စာကိုဆိုသည်။ “ဝန်ဆောင်မှုများ” ဆိုသည်မှာ TrueMoney နှင့်ဘဏ်တို့ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများကို ဆိုသည်။စာချုပ်ပါ အဖွဲ့ဝင်များသည် အောက်ဖော်ပြပါအတိုင်း သဘောတူညီကြပါသည်။