ပြည်တွင်း ငွေလွှဲဝန်ဆောင်မှု

မြန်မာနိုင်ငံအနှံ့ ငွေလွှဲငွေထုတ်နိုင်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အနည်းဆုံး ငွေလွှဲခ ၃၀၀ ကျပ်မှစလို့ ဝန်ဆောင်မှုပေးနေပါသည်။ တစ်ကြိမ်လျှင် ငွေကျပ် ၁၀ သိန်းကျပ်အထိ TrueMoney၏ ကိုယ်စားလှယ်ကြီးများထံတွင် ဝန်ဆောင်မှုရယူနိုင်ပါသည်။ COVID 19 ကာလအတွင်း ငွေကြေးလည်ပါတ်မှုအဆင်ပြေစေရန် ဗဟိုဘဏ်မှ ခွင့်ပြုချက်အရ မှတ်ပုံတင်နံပါတ်တစ်ခုဖြင့် တစ်ကြိမ်လျှင် ၁၀သိန်းကျပ်နှင့်တစ်ရက်လျှင် ၅၀သိန်းကျပ်အထိ ဝန်ဆောင်မှုရယူနိုင်မှာဖြစ်ပါသည်။ ဗဟိုဘဏ်၏သက်မှတ်ချိန် အတိုင်းအတာအတွင်းသာ ရရှိမည်ဖြစ်ပြီး ပြောင်းလဲခြင်းများအတွက် အချိန်နှင့်တပြေးညီ အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

ပြည်ပ ငွေလွှဲဝန်ဆောင်မှု

ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်စေရန် အထူးဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့သာ ငွေလွှဲနိုင်မည်ဖြစ်ပြီး ငွေလွှဲခမှာ အခမဲ့ဖြစ်ပါသည်။