AYA Myanmar Life Assurance (AMI Life) နှင့် TrueMoney Myanmar တို့၏ နားလည်မှုသဝဏ်လွှာ MOU လက်မှတ်ရေးထိုးခြင်း
TrueMoney နဲ့ AMI Life အာမခံပရီမီယံကြေး ပေးသွင်းနိုင်ပါပြီ။
TrueMoney Myanmar နဲ့ AYA Myanmar Life Assurance (AMI Life) တို့ နားလည်မှုသဝဏ်လွှာ MOU လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို AMI LIfe ရုံးချုပ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
အေးဂျင့်ပေါင်း ၄၀,၀၀၀ ကျော် ကွန်ယက်ရှိတဲ့ TrueMoney Myanmar ရဲ့လုံခြုံစိတ်ချပြီး သက်သာလျှင်မြန်သော ဒစ်ဂျစ်တယ် နည်းပညာသုံး ငွေကြေးဝန်ဆောင်မှုနဲ့အတူ ပြည့်ဝယုံကြည်အားထားရပြီး အသက်အာမခံအကာအကွယ်များကို အများပြည်သူများအား ထိထိရောက်ရောက်၀◌န်ဆောင်မှုပေးနေတဲ့ AMI Life တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှ ပြည်တွင်း၊ ပြည်ပ အသုံးပြုသူ မိဘပြည်သူများရဲ့ အာမခံပရီမီယံကြေးပေးသွင်းရာတွင် အခက်အခဲ မရှိ လုံခြုံစိတ်ချစွာ ဝန်ဆောင်မှုပေးနိုင် ဖို့ ရည်ရွယ်ပါတယ်။
ယခုလို အကျိုးတူ ပူးပေါင်းမှုမှတစ်ဆင့် လုံခြုံစိတ်ချပြီး အားထားဖွယ်ကောင်းသော ဝန်ဆောင်မှုများကို ဆက်လက်အကောင်အထည်ဖော်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ပါတယ်။








