TrueMoney Thailand သည် “TrueMoney Wallet for Foreigners” အက်ပလီကေးရှင်းတွင် မြန်မာဘာသာအား ထည့်သွင်းခဲ့သည်

News
22 December, 2020

TrueMoney သည် ထိုင်းနိုငငံရှိ နိုင်ငံရပ်ခြား e-wallet အသုံးပြုသူကွန်ရက်အား ချဲ့ထွင်ရန် ရည်ရွယ်ချက်နှင့်အတူ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် နိုင်ငံခြားသားများအတွက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများ အဆင်ပြေချောမွေ့စေရန်နှင့် ငွေသားမဲ့ ငွေပေးချေမှုအတွေ့အကြုံများ ရရှိစေနိုင်ရန်အတွက် “TrueMoney Wallet for Foreigners” (နိုင်ငံခြားသားများအတွက် TrueMoney ပိုက်ဆံအိတ်) အား မိတ်ဆက်ခဲ့သည်။ TrueMoney Wallet Application တွင် ယခင်ပါဝင်ပြီးသားဖြစ်သည့် ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာစကားတို့အပြင် အထူးသဖြင့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ၂ သန်းကျော် အတွက် ပိုမိုအဆင်ပြေလွယ်ကူမှု ရှိစေရန် ယနေ့တွင် မြန်မာဘာသာစကား ကိုပါ ထည့်သွင်းလိုက်ပြီ ဖြစ်သည့် အတွက် မြန်မာအလုပ်သမားများ အနေနှင့် application ထဲရှိ “In-app TrueMoney Transfer” လုပ်ဆောင်ချက်ဖြင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းခ တစ်စုံတစ်ရာ ပေးဆောင်ရန်မလိုအပ်ပဲ လုံခြုံစိတ်ချစွာဖြင့် အလွယ်တကူ ငွေလွှဲပြောင်းသွားနိုင်မည် ဖြစ်သည်။

 

“ဒီနှစ်အ​စောပိုင်းမှာ နိုင်ငံခြားသား​တွေအတွက် True Money Wallet ဝန်ဆောင်မှုကို စမ်းသပ်အသုံးပြုခဲ့တဲ့ အခါမှာ COVID ကြောင့် ဖြစ်ပေါ်လာတဲ့ ပုံမှန်အခြေအနေသစ်မှာ digital နည်းပညာဟာ အရင်ကထက် ပိုမို အရေးပါလာတဲ့ အချက်က ထိုင်းနိုင်ငံက ပြည်သူလူထုတွေ အတွက်သာမက ထိုင်းနိုင်ငံမှာ ​လာရောက် နေထိုင်အလုပ်လုပ်​နေတဲ့ နိုင်ငံခြားသား​တွေ အပေါ်မှာပါ အကျိုးသက်​ရောက်မှုရှိနေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒီ ဝန်ဆောင်မှုကို စမ်းသပ်အသုံးပြုခဲ့တဲ့ အချိန်ကစပြီး TrueMoney Wallet အက်ပလီကေးရှင်းကို  အသုံးပြုတဲ့ နိုင်ငံခြားသား အရေအတွက်ဟာ တောက်လျှောက် မြင့်မားလာခဲ့ပြီး အသုံးပြုသူ အရေအတွက်ဟာ ၃၀၀ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင်  မြန်မာလူမျိုး အသုံးပြုသူ အရေအတွက်က အခြားသောနိုင်ငံခြားသား အသုံးပြုသူ အရေအတွက်ထက် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေပြီး ဇန်နဝါရီလကနေ မေလအတွင်းမှာ အသုံးပြုသူ အရေအတွက်ဟာ ၂၂၀ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်​တော်တို့ရဲ့ တီထွင်မှု​တွေနဲ့ ဘဏ္ဍာ​ရေးပိုင်းဆိုင်ရာ ဝန်​ဆောင်မှု​တွေဟာ ​လူတိုင်းရဲ့ နေ့စဥ်​ငွေပေးချေမှုအတွက် လိုအပ်ချက်​တွေကို ဖြည့်ဆည်း​ပေးနိုင်တယ်ဆိုတဲ့ အချက်ကို သိသာစေခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အနေနဲ့ TrueMoney ပိုက်ဆံအိတ်ဝန်​ဆောင်မှုမှာ မြန်မာဘာသာစကားကိုပါ ထပ်မံထည့်သွင်းပေးခဲ့တဲ့အပြင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးအသုံးပြုသူ​တွေကို သူတို့ရဲ့​နေရပ်၊ဇာတိကို လွယ်ကူအဆင်​ပြေစွာ ငွေလွှဲနိုင်ဖို့အတွက်လည်း In-App TrueMoney Transfer ဝန်​ဆောင်မှု​တွေ​ကို ပေးအပ်ထားပါတယ်။ ဒီဝန်​ဆောင်မှုက သုံးစွဲသူ​တွေအတွက် အချိန်ကုန်၊ ​ငွေကုန်သက်သာ​စေရုံသာမက လုံခြုံစိတ်ချရမှုကိုလည်း အပြည့်အဝ ရရှိစေမှာဖြစ်ပါတယ်” ဟု Ascend Money Company Limited ၏ Co-President ဖြစ်သူ Mr. Tanyapong Thamavaranukupt က ​ပြောကြားခဲ့သည်။

 

TrueMoney သည် ထိုင်းနိုင်ငံတွင် နိုင်ငံတကာငွေလွှဲ၀န်ဆောင်မှုအား ပထမဆုံးတရားဝင် စတင်လုပ်ကိုင်ခွင့် ရရှိခဲ့သည့် e-wallet ၀န်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်သည်။ ယခုအခါတွင် TrueMoney သည် မြန်မာနိုင်ငံတွင် အဓိက စီးပွားရေးဘဏ်တစ်ခု ဖြစ်သည့် AGD ဘဏ်အပါအဝင် ငွေလွှဲငွေထုတ်ဝန်ဆောင်မှု ရရှိနိုင်သည့် နေရာပေါင်း အမြောက်အများကိုပိုင်ဆိုင်ထားပြီဖြစ်သည်။ ထို့အပြင် ယခု အသစ်ထည့်သွင်းလိုက်သည့် “In-App TrueMoney Transfer” လုပ်ဆောင်ချက် အသစ်နှင့်အတူ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများအတွက် မည်သည့်နေရာကိုမှ သွားရောက်နေစရာ မလိုအပ်တော့ဘဲ အချိန်ကုန်သက်သာ၍ လွှဲပြောင်းခ တစ်စုံတစ်ရာ ပေးအပ်စရာ မလိုဘဲ TrueMoney Wallet Application မှတဆင့် မွေးရပ်မြေသို့ တိုက်ရိုက်ငွေလွှဲသွားနိုင်တော့မည် ဖြစ်သည်။

 

ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာန၏ အဆိုအရ  ​၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ အထိ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်နှင့်​ နေထိုင်ခွင့်ရ နိုင်ငံခြားသား အ​ရေအတွက်  ၂.၄ သန်းခန့်ရှိ​ပြီး အများစု (၂.၁ သန်းခန့်) သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့မှ​ ရွှေ့​ပြောင်းအလုပ်သမားများဖြစ်သည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)နှင့် အပြည်ပြည်ဆိုင်ရာ​ ရွှေ့​ပြောင်း​နေထိုင်မှုအဖွဲ့အစည်း (IOM) တို့၏ အဆိုအရ ​ရွှေ့​ပြောင်းအလုပ်သမားများ၏ ထက်ဝက်​ကျော် ၅၂ရာခိုင်နှုန်း သည် များ​သောအားဖြင့် တရားဝင်စနစ်ပြင်ပရှိ ​​ငွေလွှဲကိုယ်စားလှယ်များနှင့် လမ်းကြောင်းများမှတစ်ဆင့် မိမိတို့​နေရပ်နိုင်ငံများသို့​ ငွေလွှဲလေ့ ရှိကြပြီး ၃၄ ရာခိုင်နှုန်းသည် ဘဏ္ဍာ​ရေးဝန်​ဆောင်မှု လုပ်ငန်းများဖြစ်သည့် ဘဏ်များနှင့်​ တရားဝင်ငွေလွှဲလုပ်ငန်းများမှ တစ်ဆင့် ​ငွေလွှဲခြင်းများ ပြုလုပ်ကြသည်။ ကုလသမဂ္ဂ အရင်းအနှီး ဖွံ့ဖြိုးတိုးတက်​ရေးရန်ပုံ​ငွေအဖွဲ့ (UNCDF) ၏ စစ်တမ်းအရ ထိုအလုပ်သမားများ အနေနှင့် ​ငွေလွှဲရာတွင် တရားဝင်စနစ်ပြင်ပရှိ ​အေးဂျင့်များနှင့် လမ်းကြောင်းများအား ရွေးချယ်အသုံးပြုရခြင်း၏အဓိကအ​ကြောင်းအရင်းမှာ ပုဂ္ဂိုလ်​ရေးအရ ယုံကြည်မှု၊ အဆင်​ပြေ​ချော​မွေ့စွာ​ငွေလွှဲနိုင်မှု၊ အချိန်ကန့်သတ်မှုမရှိငွေလွှဲနိုင်မှု နှင့် စနစ်ပြင်ပရှိအခြား ချန်နယ်များသို့ ​ငွေလွှဲနိုင်မှုများ​ကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်။ သို့​သော် အခြားတစ်ဖက်တွင်မှု အဆိုပါ စနစ်များမှတဆင့် ငွေလွှဲသူများ အနေနှင့် ​​ငွေလွှဲခ မြင့်မားခြင်းနှင့် လွှဲငွေဆုံးရှုံးခြင်းကဲ့သို့​​သော စိန်​​ခေါ်မှုများနှင့် ရင်ဆိုင်​နေရလျက် ရှိသည်။

 

“ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မိသားစုထံငွေလွှဲပို့နိုင်ဖို့ အတွက် ကျွန်မတို့ TrueMoney က ဝန်ဆောင်မှု ပေးခဲ့ပြီး အခုလို COVID-19 ကပ်ရောဂါကျရောက်နေတဲ့အချိန်မှာလည်း မြန်မာအလုပ်သမားများ မိသားစုထံ ငွေလွှဲပြောင်း ပေးပို့ရာမှာ အခက်အခဲမရှိအောင် ကျွန်မတို့ TrueMoneyမှ မြန်မာဘာသာစကားနဲ့ အသုံးပြုနိုင်တဲ့ ငွေလွှဲစနစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ရွှေ့ပြောင်းလုပ်သားများ နိုင်ငံရပ်ခြားမှာ ကျွန်မတို့ ရဲ့ မိခင်ဘာသာစကားနဲ့ အသုံးပြုနိုင်တဲ့ ပထမဦးဆုံးဝန်ဆောင်မှုကို ပေးနိုင်လို့လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်မတို့ True Money ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားများအသုံးပြုတဲ့ True Money app ကို အသုံးပြုပြီး အခမဲ့လွယ်ကူလုံခြုံစိတ်ချစွာ အချိန်နဲ့ တပြေးညီမိမိနေအိမ်မှ မိသားစုထံသို့ ဖုန်းတစ်လုံးဖြင့် ငွေပေးပို့နိုင်ပြီဖြစ်ပါတယ်။  မြန်မာပြည်ရှိမိသားစုများကလည်း အိမ်တိုင်ရာရောက် ဝန်ဆောင်မှုကို ခေါ်ယူသုံးစွဲနိုင်ပါတယ်။ ကျွန်မတို့ True Money ဟာ မြန်မာနိုင်ငံရှိ Fintech ကုမ္ပဏီတွေထဲမှာ ပထမဦးဆုံးနဲ့ တစ်ဦးတည်းသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုတစ်ခု ဖြစ်ပြီး ငွေလွှဲပမာဏ ကျပ်ငွေ ၁၆၀ ဘီလီယံ ခန့်ကို မြန်မာပြည်အတွင်းသို့ လွှဲပေးလာခဲ့ပြီးဖြစ်ပါတယ်။ ဒါက ကျွန်မတို့ ကုမ္ပဏီအနေနဲ့ နိုင်ငံစီးပွားရေးနဲ့ ပြည်သူပြည်သားတွေအတွက် ပါဝင်ပံ့ပိုးကူညီမှုတစ်ခုဖြစ်တယ်” ဟု TrueMoney Myanmar ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဒေါ် ကြည်သာရိုမန်နက် မှ ပြောကြားခဲ့သည်။

Other News

News
News
News