TrueMoney အေးဂျင့်များအတွက် နေ့စဉ်ဝင်ငွေ၊ ထွက်ငွေ နှင့် အမြတ်ငွေကို ခလုတ်(၂)ချက်နှိပ်ရုံနှင့် သိရှိနိုင်မည့် နည်းလမ်း

Articles
31 January, 2021

တိုးတက်နေတဲ့ ခေတ်ကြီးမှာ TrueMoney နဲ့ လက်တွဲလုပ်ကိုင်နေရတဲ့ အေးဂျင့်တစ်ယောက်အနေနဲ့ နေ့စဉ် ငွေသွင်း၊ငွေထုတ်၊ ဖုန်းဘေလ်ရောင်း၊ မီတာဘေလ်အပါအဝင် အခြားချေးငွေပေးဆောင်တာတွေကို လယ်ဂျာစာအုပ်ထဲမှာ ရေးပြီး မှတ်မနေပါနဲ့တော့။ စာရင်းစာအုပ်ပျောက်သွားတာမျိုး ၊ စာရင်းသွင်းဖို့ မေ့သွားတာမျိုးတွေဖြစ်တတ်လို့ TrueMoney အက်ပလီကေးရှင်းထဲကနေ့စဉ်မှတ်တမ်း (Daily List)’ ကိုသာ အသုံးပြုလိုက်မယ်ဆိုရင် ကိုယ့်ရဲ့နေ့စဉ်လုပ်ဆောင်ချက်တွေကိုသိနိုင်ဖို့ ခလုတ်()ချက်သာနှိပ်လိုက်ဖို့သာလိုအပ်တာမို့ အခုပဲစမ်းသုံးကြည့်လိုက်ပါ။

 

နေ့စဉ်မှတ်တမ်း (Daily List) ကို အသုံးပြုပုံအဆင့်ဆင့်

 

အဆင့်()

– TrueMoney  အက်ပလီကေးရှင်း၏ ပင်မစာမျက်နှာ (Home Page) အလယ်ဖက်ရှ် လေးဒေါင့်ပုံ ဝန်ဆောင်မှုအိုင်ကွန် (All Services) အား ဝင်ရောက်ရန် နှိပ်ပါ။ 

 

အဆင့်()

နေ့စဉ်မှတ်တမ်း (Daily List) ကို နှိပ်ပြီး နေ့စဉ်လုပ်ဆောင်ချက်များစာရင်းကို အတိအကျ ကြည့်ရှူ့လိုက်ပါ။ 

နေ့တစ်နေ့အတွက်

အဖွင့်စာရင်း (Opening Balance)

အပိတ်စာရင်း (Closing Balance)

ရရှိနိုင်မည့်ကော်မရှင် (Agent Commission)

အေးဂျင့်ငွေဖြည့်သွင်းခြင်း (Agent Refill)

–  အေးဂျင့်ငွေထုတ်ခြင်း (Agent Withdraw)

အေးဂျင့်ပြန်အမ်းငွေ (Agent Refund)

ခံစားခွင့်များ (Cash Back)

ဖုန်းဘေလ်ပေးဆောင်ခြင်း (Top Up)

ဘေလ်ပေးဆောင်ခြင်း (Bill Payment)

ငွေလွှဲငွေထုတ်လုပ်ခြင်း (Remittance) စတာတွေကို တစ်နေရာထဲမှာ အလွယ်တကူကြည့်ရှု့လိုက်ပါ။

 

TrueMoney အေးဂျင့် အက်ပလီကေးရှင်းကို အသုံးပြုတဲ့အတွက် အချိန်ကုန်သက်သာခြင်း၊ အလုပ်ရှုပ်သက်သာခြင်း၊ အမှားအယွင်းမရှိသလောက်နည်းခြင်း၊ စာရင်းမေ့ကျန်ခဲ့မှာ စာရင်းစာအုပ်ပျောက်မှာ စိုးရိမ်စရာမလိုခြင်း၊ လိုအပ်တဲ့အချိန်မှာ နေ့စဉ်ရရှိမယ့်ကော်မရှင်ကအစ အလွယ်တကူ ပြန်လည်စစ်ဆေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

 

TrueMoney အေးဂျင့် အက်ပလီကေးရှင်းရဲ့ အခြားသောအသုံးများတဲ့ Function(လုပ်ငန်းစဉ်တွေ) ကိုလည်း အလျင်းသင့်သလိုတင်ပြပေးသွားမှာ ဖြစ်ပြီး အသေးစိတ်ကို သိချင်တယ်ဆိုရင်လည်း သက်ဆိုင်ရာ (DSE) တွေကို မေးမြန်းလို့ရသလို ဖုန်း 09- 969 519 999 ကိုလည်း ဆက်သွယ်မေးမြန်းလို့ရပါတယ်။

 

TrueMoney နဲ့အတူလက်တွဲရင်း လုံခြုံ၊ လွယ်ကူလျှင်မြန်စွာနဲ့ ဝင်ငွေတိုးကြပါစေ

Other Articles

Articles
Articles
Articles