MAB Cards ကိုင်ဆောင်သူများ ငွေထုတ်ယူခြင်းအား လုပ်ဆောင်နိုင်ပြီ

Articles
19 January, 2024

MAB နှင့် TrueMoney တို့၏ အကျိုးတူပူးပေါင်းလုပ်ကိုင်သည့် ဝန်ဆောင်မှုတစ်ခုအဖြစ် MAB Cards ကိုင်ဆောင်သူများအတွက် ဘဏ်ဝန်ဆောင်မှု မရရှိနိုင်သောနေရာများနှင့် ATM မရှိသည့် နေရာဒေသများတွင်ပါ အလွယ်တကူ ဝန်ဆောင်မှု ရရှိနိုင်စေရန် ရည်ရွယ်၍ ယခုဝန်ဆောင်မှုအား မိတ်ဆက်လိုက်ပါသည်။ အဆိုပါ ဝန်ဆောင်မှုမှတစ်ဆင့် MAB Cards ကိုင်ဆောင်သူများအနေဖြင့် TrueMoney ၏ မြန်မာနိုင်ငံအနှံ့ ကိုယ်စားလှယ်ဆိုင်ခွဲပေါင်း (၃၀,၀၀၀) ကျော်တွင် ငွေထုတ်ယူခြင်းအား လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ပြီဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုသည် MAB Cards ကိုင်ဆောင်သူများအတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးရှိသည့်ဝန်ဆောင်မှုဖြစ်ပြီး အောက်ပါနည်းလမ်းအတိုင်း ငွေသားထုတ်ယူမှုအား လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

 

၁။ ထရူးမန်းနီးကိုယ်စားလှယ်အား နိုင်ငံသားစိစစ်ရေးကတ် နှင့် မိတ်ဆွေ၏ MAB Card နံပါတ်အား ပေးပါ။
( MAB Card မှ နာမည်နှင့် နိုင်ငံသားစိစစ်ရေးကတ် မှ နာမည်သည် တူညီမှသာ ဝန်ဆောင်မှု ရယူနိုင်မည်ဖြစ်ပါသည်။

 

၂။ မိတ်ဆွေ၏ MAB Card အား မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်အတွင်းသို့ ရောက်ရှိလာသည့် OTP (တစ်ခါသုံး လျှို့ဝှက်ကုတ်) အား ကိုယ်စားလှယ်အားပေးပါ။

 

၃။ ထုတ်ယူလိုသော ငွေပမာဏကို အေးဂျင့်အား ပြောပါ။
(တစ်ကြိမ်ထုတ်လျှင် ငွေသား (၃၀၀,၀၀၀) ကျပ်အထိ ထုတ်ယူနိုင်ပါသည်။)

 

၄။ ဝန်ဆောင်ခအား ပေးဆောင်ပြီး ငွေထုတ်ယူခြင်းအား လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။

 

ဝန်ဆောင်ခများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁၀,၀၀၀) ကျပ် မှ (၂၅,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၅၀၀) ကျပ်
(၂၅,၀၀၁) ကျပ် မှ (၅၀,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၅၀၀) ကျပ်
(၅၀,၀၀၁) ကျပ် မှ (၁၀၀,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၈၀၀) ကျပ်
(၁၀၀,၀၀၁) ကျပ် မှ (၁၅၀,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၁,၀၀၀) ကျပ်
(၁၅၀,၀၀၁) ကျပ် မှ (၂၀၀,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၁,၀၀၀) ကျပ်
(၂၀၀,၀၀၁) ကျပ် မှ (၃၀၀,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၁,၀၀၀) ကျပ်

 

MAB Cards များ ငွေထုတ်ယူခြင်းဆိုင်ရာ ဝန်ဆောင်မှုရယူသူများအတွက် စည်းကမ်းသတ်မှတ်ချက်များ

 

ဝန်ဆောင်မှုရယူသူသည် TrueMoney ၏ ကိုယ်စားလှယ်များထံတွင် MAB Cards များမှ ငွေသားထုတ်ယူလိုပါက အောက်ပါစည်းမျဉ်းစည်းကမ်းများအား လိုက်နာရန်လိုအပ်ပါသည်။

 

(၁) ဝန်ဆောင်မှုရယူသူသည် MAB ၏ MAB Cards များမှသာ ငွေထုတ်ယူခြင်းအား ပြုလုပ်ရမည်။

 

(၂) ဝန်ဆောင်မှုရယူသူသည် TrueMoney အေးဂျင့်ထံတွင် အထက်ပါဝန်ဆောင်မှုအား ရယူလိုပါက ငွေသားထုတ်ယူလိုသည့် MAB Card နှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်အား တစ်ပါတည်း ယူဆောင်လာရမည်။

 

(၃) ဝန်ဆောင်မှုရယူသူသည် TrueMoney အေးဂျင့်မှ ဝန်ဆောင်မှုရယူမည့် MAB Card နှင့် နိုင်ငံသားစိစစ်ရေးကတ်အား တောင်းခံသည့်အခါတွင် ကြည်ဖြူစွာ ပေးဆောင်ရမည်။

 

(၄) ဝန်ဆောင်မှုရယူသူသည် မိမိငွေသားထုတ်ယူမည့် MAB Card မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်သို့ ရောက်ရှိလာမည့် OTP အား ဝန်ဆောင်မှု လုပ်ဆောင်နိုင်ရန် TrueMoney အေးဂျင့်အား ပေးဆောင်ရမည်။
(OTP အား (၃) မိနစ်အတွင်း အတည်ပြုထည့်သွင်းရန်လိုအပ်ပါသည်။ (၃) မိနစ်ကျော်သွားပါက OTP အား နောက်ထပ် အကြိမ် (၁၉) ကြိမ် (စုစုပေါင်း အကြိမ် ၂၀) အထိ တောင်းဆိုနိုင်ပါသည် အကြိမ်(၂၀)ကျော်သွားပါက အနည်းဆုံး (၁) နာရီ တိတိ စောင့်ဆိုင်းပြီးမှသာ လုပ်ဆောင်မှုအား အစမှ ပြန်လည် လုပ်ဆောင်နိုင်ပါမည်။)

 

(၅) ဝန်ဆောင်မှုရယူသူသည် TrueMoney အေးဂျင့်ထံမှ ငွေသားလက်ခံသည့်အခါတွင် သေချာစိစစ်ရန်လိုအပ်ပြီး ကျသင့်သည့် ဝန်ဆောင်ခအား ပေးဆောင်ရန်လိုအပ်သည်။ TrueMoney အေးဂျင့်မှ အပိုဆောင်းအခကြေးငွေ တောင်းခံခဲ့ပါက TrueMoney Call Center – 09969519999 သို့ ဆက်သွယ်နိုင်ပါသည်။

 

(၆) ဝန်ဆောင်မှုရယူသူသည် MAB Cards များနှင့်ပတ်သက်ပြီး အခက်အခဲ တစ်စုံတစ်ရာရှိပါက MAB Call Center (01-8610612) သို့ ဆက်သွယ်နိုင်ပါသည်။

Other Articles

Articles
Articles
Articles