‘ငွေသား’သုံးမလား။ ‘ဘဏ်ကဒ်’သုံးမလား။

Articles
3 June, 2021

အားလုံး ငွေသားအခက်အခဲဖြစ်နေတဲ့ကာလမှာ အများပြည်သူအဆင်ပြေစေဖို့လက်ထဲရှိငွေသားနဲ့  ‘ဘဏ်ထဲရှိငွေသားအား သူ့နေရာနဲ့သူ သုံးစွဲသင့်တာလေးတွေကို TrueMoney က ဒီဆောင်းပါးလေးနဲ့  မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

 

နေရာကဏ္ဍအသီးသီးမှာငွေသားကိုပဲ အသုံးပြုချင်သူတွေများလာတာနဲ့အမျှ အပြင်မှာငွေသားရှားပါးတဲ့အခက်အခဲကို ကြုံတွေလာကြပြီးနောက်မှာတော့ မိမိဘဏ်ထဲရှိငွေသားကို လက်ထဲရောက်အောင်ထုတ်ယူနိုင်ဖို့ ကြိုးပမ်းလာနေကြပါတယ်။ အချိန်ကုန်၊ လူပမ်းပြီးမှ လက်ထဲရောက်လာတဲ့ငွေကြေးကိုဘယ်နေရာမှာသုံးသင့်တယ်၊ ဘယ်နေရာမှာတော့ မသုံးသင့်ဘူးဆိုတာကို သေချာချင့်ချိန်စဉ်းစားရပါမယ်။ လက်ထဲရောက်နေပြီးသားငွေကို အလွယ်တကူမသုံးသင့်ဘဲ မဖြစ်မနေသုံးရတော့မယ်နေရာများမှာသာ ပြန်လည်အသုံးချသင့်ပါတယ်။ အရာရာငွေပေးချေဖို့ရာမှာ လက်ထဲရောက်နေပြီးသားငွေကိုပဲသုံးနေမယ်ဆိုရင်တော့ ပိုပြီးခက်ခဲလာနိုင်တာမို့ဘဏ်ကဒ်နဲ့ပေးချေလို့ရတဲ့နေရာတွေမှာဘဏ်ထဲရှိငွေသားကို အသုံးပြုသင့်ပါတယ်။ အောက်မှာကတော့ ဘယ်ကဏ္ဍတွေမှာ ဘယ်လိုသုံးစွဲသင့်လည်းဆိုတာလေးတွေကို ထုတ်နုတ်အကြံပြုထားတာပါ။

 

) စားသောက်ကုန်နှင့် မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး 

အိမ်အတွက်လစဉ်သုံး စားသောက်ကုန်နဲ့ မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုးကိုတော့ ဘဏ်ကဒ်သုံးပြီး ငွေချေလို့ရတဲ့ စူပါမားကက်မျိုးမှာ သွားဝယ်ထားသင့်ပြီး မနက်စာဖြစ်တဲ့(မုန့်ဟင်းခါး၊ ပလာတာ)လိုမျိုးတွေ၊ အသား၊ငါး၊ ဟင်းသီးဟင်းရွက်စတဲ့ နေ့စဉ်သုံးဟင်းစားမျိုးတွေကတော့ အနီးအနားနဲ့ ရပ်ကွက်ဈေးတွေမှာ ဝယ်သုံးတာဟာအကောင်းဆုံးဖြစ်လို့ မဖြစ်မနေလက်ထဲရှိငွေသားကိုသုံးရပါလိမ့်မယ်။

 

) လစဉ်သုံးဆေးဝါးများ နှင့် ကလေးအသုံးအဆောင်အမျိုးမျိုး

မိသားစုအတွက် လစဉ်သုံးဆေးဝါးတွေ၊ ကလေးအတွက် လစဉ်မဖြစ်မနေဝယ်ရမယ့် နို့မုန့်၊ ဒိုင်ပါ၊  တစ်သျှူးစတဲ့အရာတွေအတွက်ကတော့ အကုန်လုံးကိုတစ်နေရာထဲမှာ ဝယ်လို့လည်းရမယ်၊ဘဏ်ကဒ်နဲ့လည်းပေးချေလို့ရမယ့်ဆိုတဲ့ဆိုင်တွေမှာ ဝယ်ယူသင့်ပါတယ်။

 

) အိမ်သုံးအင်တာနက်အမျိုးမျိုး

အင်တာနက်ကို (အထိုင်)စက်တွေနဲ့သုံးတဲ့သူတွေအတွက်ကတော့ အတတ်နိုင်ဆုံး လစဉ်ကြေးကို ဘဏ်အကောင့်ထဲရှိငွေသားနဲ့သာပေးဆောင်ဖို့ အကြုံပြုပါရစေ။

 

) ဖုန်းဘေလ်နှင့် မိုဘိုင်းဒေတာဝယ်ယူခြင်းအမျိုးမျိုး

မိသားဝင်တိုင်းရဲ့ ဖုန်းဘေလ်နှင့် မိုဘိုင်းဒေတာများကိုတော့ ဘဏ်အကောင့်ထဲရှိငွေသားနဲ့သာ ဝယ်ယူတာအကောင်းဆုံးပါ။ 

 

လက်ထဲရှိငွေသားနဲ့  ‘ဘဏ်ထဲရှိငွေသားကို သူ့နေရာနဲ့သူ စနစ်တကျလေးအသုံးပြုမှသာ ခဏခဏတန်းစီငွေသွားထုတ်ရမယ့် အကြိမ်အရေအတွက် နည်းလာမှာဖြစ်သလို မလိုအပ်ပဲ ငွေသားကို (%) ပေးပြီး လဲလှယ်ရတာတွေလည်း လျော့နည်းလာမှာဖြစ်ပါတယ်။ လတ်တလော ငွေလွှဲငွေထုတ် အခက်အခဲများ ပြေလည်စေနိုင်ဖို့အတွက်လည်း ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ TrueMoney ရုံးချုပ်တွေမှာ ပြည်တွင်းငွေလွှဲငွေထုတ်အတွက် ကျပ်ငွေ () သိန်းနှင့် ပြည်ပငွေထုတ်များအား (အကန့်အသန့်မရှိ)ဆိုပြီး အာမခံဝန်ဆောင်မှုပေးနေပါပြီ။ ပြည်တွင်းငွေလွှဲငွေထုတ် ()သိန်းကျပ်နှင့်အထက်ငွေပမာဏများကို အဆင်ပြေပြေနဲ့ထုတ်ပေးနိုင်ဖို့အတွက်လည်း TrueMoney က အထူးကြိုးစားနေပါတယ်။

 

TrueMoney က မျှဝေပေးတာလေးတွေကအသုံးတည့်တယ်ဆို မိတ်ဆွေတွေအားလုံးလည်း ဖတ်လို့ရအောင် ရှယ်သွားပေးလိုက်ပါဦး။ 

ခက်ခဲတဲ့ချိန်မှာလက်ထဲရှိငွေသားနဲ့  ‘ဘဏ်ထဲရှိငွေသားကို စနစ်ကျစွာနဲ့ မျှမျှတတ သုံးစွဲနိုင်ကြပါစေ

Other Articles

Articles
Articles
Articles