TrueMoney Myanmar သည် မန်နေးဂျင်းဒါရိုက်တာ အသစ်အား မိတ်ဆက်ခဲ့သည်

News
19 March, 2024

ရန်ကုန်၊ မြန်မာ၊ ၁၉ မတ် ၂၀၂၄။ ထိပ်တန်း Fintech ကုမ္ပဏီတစ်ခုဖြစ်သည့် TrueMoney Myanmar သည် Jessie Chong အား ၎င်း၏မန်နေးဂျင်းဒါရိုက်တာအသစ်အဖြစ် ခန့်အပ်ကြောင်း ဂုဏ်ယူစွာကြေငြာလိုက်ပါသည်။ အမျိုးမျိုးသော စက်မှုလုပ်ငန်း နယ်ပယ်အသီးသီးတွင် အောင်မြင်မှုမှတ်တမ်းနှင့် အတွေ့အကြုံရှိခဲ့သည့် Jessieသည် TrueMoney အား မြန်မာနိုင်ငံတွင် အောင်မြင်တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုကို ပံ့ပိုးကူညီရန်အတွက် တမူထူးခြားသော နည်းဗျူဟာနှင့် ကျွမ်းကျင်မှုများ ကို ယူဆောင်လာမည်ဖြစ်သည်။

 

Jessie ဖြတ်သန်းခဲ့သည့် အသိအမှတ်ပြုထိုက်သော လုပ်ငန်းအတွေ့အကြုံများသည် သူမ၏ TrueMoney Myanmar ခရီးစဉ်တစ်လျှောက် အကောင်းဆုံးလမ်းညွှန်ပေးမည်ဖြစ်သည်။ Jessie သည် သူမ၏ စွန့်ဦးတီထွင်ကြံဆမှုနှင့် ဆန်းသစ် တီထွင်သည့်စိတ်ဓာတ်ဖြင့် Boozeat.com အားတည်ထောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူမ၏ ကျွမ်းကျင်မှုများဖြစ်သော ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်မားကတ်တင်း၊ e-commerce နည်းပညာနှင့် eWallet ဖွံ့ဖြိုးတိုးတက်ရေးတို့ကို Heineken နှင့် TrueMoney International ကဲ့သို့သော နိုင်ငံတကာကုမ္ပဏီကြီးများတွင် အဓိကကျသည့် ခေါင်းဆောင်မှု ရာထူးများဖြင့် တာဝန်ထမ်းဆောင် ပြသနိုင်ခဲ့သည်။

 

သတင်းထုတ်ပြန်ချက်အပြည့်အစုံအားဖတ်ရှုရန်

Other News

News
News
News