TrueMoney နဲ့ ထိုင်းမှမြန်မာလွှဲငွေတွေ အမြန်ဆုံးထုတ်ယူနည်း

Articles
8 August, 2022

ထိုင်းမှ မိသားစုဝင်တစ်ယောက်ယောက်က TrueMoney နဲ့ ငွေလွှဲလိုက်ပြီဆိုတာနဲ့ မြန်မာနိုင်ငံမှာ ငွေသားထုတ်ယူနိုင်ဖို့ အောက်ပါအချက်လေးတွေ လုပ်ဆောင်လိုက်ရုံပါပဲ။

၁။ ထိုင်းရှိ ငွေလွှဲသူထံမှ
– ဂဏန်း(၈)လုံးပါ တစ်ခါသုံးလျို့ဝှက် OTP ကုဒ်ကို တောင်းခံပါ။
– ငွေထုတ်မည့်သူ၏ မှတ်ပုံတင်နံပါတ် နှင့် ဖုန်းနံပါတ်တို့ မှန်ကန်မှု ရှိ/မရှိ ကို တိုက်ဆိုင်စစ်ဆေးပါ။
(* နံပါတ်များအားလုံး တိကျမှန်ကန် ရပါမည်။ မှားယွင်းပါက ငွေထုတ်လို့မရနိုင်ပါ)

၂။ ကိုယ့်နဲ့အနီးဆုံး ဘယ် TrueMoney ဆိုင်မှာ ပြည်ပလွှဲငွေထုတ်လို့ရလဲဆိုတာကို အလွယ်တကူသိနိုင်ဖို့ TrueMoney ရဲ့ Call center ဖုန်း – 09 969 51 9999 ကို ဆက်သွယ်မေးမြန်းလိုက်ပါ။ ဒါမှမဟုတ် အောက်ပါလင့်ခ်ကို နှိပ်ပြီး အနီးဆုံးဆိုင်ကို ရှာဖွေလိုက်ပါ။
Link- https://truemoney.com.mm/find-ir-agent

၃။ ငွေသားထုတ်ယူလို့ရမယ့် Truemoney ဆိုင်သို့သွားပြီး မှတ်ပုံတင်မူရင်း၊ ဂဏန်း(၈)လုံးပါ တစ်ခါသုံးလျို့ဝှက် OTP ကုဒ်၊ ငွေထုတ်မည့်သူဖုန်းနံပါတ် တို့ကို ဆိုင်ရှိ အေးဂျင့်အားပေးလိုက်ပါ။ အချက်အလက်များ ကိုက်ညီမှန်ကန်ပါက ရာခိုင်နှုန်းအပိုပေးစရာမလိုဘဲ ငွေသားထုတ်ယူနိုင်ပါပြီ။

 

*ထိုင်းမှလွှဲငွေ ထုတ်ယူတဲ့အခါတိုင်း ငွေသားအလွယ်တကူရရှိနိုင်တဲ့အပြင် TrueMoney ကပေးတဲ့ ပွိုင့်လက်ဆောင်တွေပါ ရယူနိုင်မှာဖြစ်လို့ ငွေမထုတ်ခင် TrueMoney Rewards App ကို အောက်ပါလင့်ခ်မှဒေါင်းလုတ်ဆွဲသွားကာ မှတ်ပုံတင်ထားလိုက်ပါ။
Google Play Store – https://bit.ly/Rewards_App_PlayStore
Huawei AppGallery – https://bit.ly/TM_Rewards_App_Huawei

 

ထိုင်းမှငွေလွှဲသူတွေ အနေနဲ့လည်း လုံခြုံစိတ်ချရပြီး ငွေဈေးမှန်ကန်တဲ့ တရားဝင်ငွေလွှဲ TrueMoney နဲ့ ငွေလွှဲမည်ဆိုပါက ထိုင်းနိုင်ငံမှာအသုံးပြုနေတဲ့ TrueMoney Wallet မှ အချိန်မရွေး ငွေလွှဲနိုင်သလို ထိုင်းနိုင်ငံအနှံရှိ TrueMoney Transfer ဆိုင်တွေမှလည်း အလွယ်တကူ ငွေလွှဲပို့လို့ရနေပါပြီ။

ထိုင်းနိုင်ငံရှိ TrueMoney Transfer ဆိုင်များကို ရှာရန် –
Link – https://bit.ly/TH-MM-Address
နေ့စဥ်ငွေစျေးနှုန်းကိုကြည့်ရှူ့ရန် –
https://www.facebook.com/truemoneytransfermyanmar
ထိုင်းနိုင်ငံရှိ TrueMoney Transfer နဲ့ပတ်သက်၍ စုံစမ်းရန်
(Thailand) ဖုန်း – 1240 Ext (4)

 

နိုင်ငံရပ်ခြားမှာ ကြိုးစားပမ်းစားရှာဖွေထားသည့်ငွေများ မိသားစုထံ လုံခြုံစွာရောက်ရှိပြီး ရည်ရွယ်ချက်များ အမြန်ဆုံးပြည့်မြောက် အောင်မြင်ကြပါစေ။

Other Articles

Articles
Articles
Articles