ပရိုမိုကုဒ်သုံးပြီး မြန်မာပြည်အနှံ့ အခမဲ့ ငွေလွှဲလိုက်ပါ

News
4 April, 2025

“အခမဲ့” ငွေလွှဲပါ။

ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရာမှာ ပိုမိုထိရောက်စေဖို့ ထရူးမန်းနီးနဲ့ “အခမဲ့” ငွေလွှဲပြီး ပြည်သူတွေကို ကူညီလိုက်ကြရအောင်။

ပြည်တွင်း ငွေလွှဲတိုင်းသုံး ပရိုမိုးရှင်းကုတ် “TrueCareMM” နဲ့ဆို ဘယ်ပဲလွှဲလွှဲ “အခမဲ့”

ဧပြီလ ၁၀ ရက်နေ့အထိ ပါဝင်ကူညီအားဖြည့်ပြီး ပြန်လည်ထူထောင်ရေး ချောမွေ့အောင် ထရူးမန်းနီးနဲ့ပဲ ငွေလွှဲလိုက်ကြရအောင်။

 

စည်းကမ်းချက်များ

၁။ ယခုအစီအစဉ်ကို TrueMoney Myanmar မှ အထူးရွေးချယ်ထားသော ထရူးမန်းနီးကိုယ်စားလှယ်ဆိုင်များတွင် “TrueCareMM” ပရိုမိုးရှင်းကုဒ် ရိုက်ထည့်အသုံးပြုခြင်းဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှုကို အခမဲ့ ပြုလုပ်နိုင်မည်ဖြစ်သည်။

၂။ ထရူးမန်းနီးကိုယ်စားလှယ်များအနေဖြင့် ပုံမှန်အတိုင်း ကော်မရှင်ခများကို ဆက်လက်ခံစားခွင့် ရရှိမည်ဖြစ်သည်။

၃။ ထရူးမန်းနီးကိုယ်စားလှယ်တစ်ဉီးလျှင် တရက် ပိရိုမိုးရှင်းကုဒ် (၅၀) အသုံးပြုနိုင်သည်။

၄။ ပါဝင်သူအရေအတွက် ကန့်သတ်မှု မရှိသော်လည်း အသုံးပြုနိုင်သည့် ပရိုမိုးရှင်းကုဒ် အသုံးပြုနိုင်သည့်ပမာဏ ကုန်ဆုံးသွားပါက (သို့မဟုတ်) ပရိုးမိုးရှင်းကာလ ပြီးဆုံးသွားပါက အဆိုပါပရိုမိုးရှင်းကုဒ်အား ဆက်လက်အသုံးပြုနိုင်တော့မည်မဟုတ်ပါ။

၅။ ထရူးမန်းနီးကိုယ်စားလှယ်တစ်ဦးဦးမှ အပိုဆောင်း အခကြေးငွေကောက်ခံခြင်း (သို့မဟုတ်) မသမာသောအပြုအမူများ ပြုလုပ်ခြင်း တွေ့ရှိပါက TrueMoney Myanmar မှ ပေးအပ်ထားသော အကျိုးခံစားခွင့်များကို အချိန်မရွေး ပြန်လည်ရုတ်သိမ်းပိုင်ခွင့်ရှိသည်။ (သို့မဟုတ်) ကိုယ်စားလှယ်အဖြစ်မှ ရပ်နားခြင်းခံရမည်။

၆။ အစီအစဉ်ပြုလုပ်မည့်ကာလမှာ ၂၀၂၅ခုနှစ် ဧပြီလ ၄ ရက်၊ ၂၀၂၅ မှ ဧပြီလ ၁၀ ရက် အထိဖြစ်သည်။

၇။ TrueMoney Myanmar မှ ယခုအစီအစဉ်နှင့်ပတ်သက်သော စည်းကမ်းချက်များကို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲနိုင်ခွင့်နှင့် အစီအစဉ်ကို အချိန်မရွေး ရပ်တန့်နိုင်ခွင့်ရှိပါသည်။

၈။ အငြင်းပွားဖွယ်အခြေအနေတစ်စုံတစ်ရာ ဖြစ်ပွားလာပါက TrueMoney Myanmar ၏ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

 

 

 

Other News

Articles
Activities
Activities