Onepay အသုံးပြုသူ customer များ ပိုမိုလွယ်ကူအဆင်ပြေစွာ ငွေသွင်း/ငွေထုတ်ပြုလုပ်နိုင်ရန် TrueMoney နှင့် ပူးပေါင်းကာ ကွန်ရက်ချဲ့ထွင်ခြင်း

News
27 August, 2020

နေ့စဉ်လူနေမှုဘဝနှင့် ငွေကြေးဆိုင်ရာတို့ကို ပေါင်းစပ်ထား သော မြန်မာနိုင်ငံ၏ပထမဆုံးမိုဘိုင်းလ်အက်ပ် Onepay သည် ၎င်းတို့၏ အသုံးပြုသူ customer များ ပိုမိုလွယ်ကူ အဆင်ပြေစွာ ငွေသွင်း/ငွေထုတ်ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး TrueMoney မြန်မာနှင့် လက်တွဲပူးပေါင်းကာ နိုင်ငံတဝှမ်းလုံးတွင် ငွေသွင်း/ငွေထုတ် ပြုလုပ်နိုင်သည့် နေရာများ တိုးမြှင့်ခဲ့ပါသည်။

Onepay နှင့် TrueMoney တို့ပူးပေါင်းမှုကြောင့် ကျေးလက်နှင့်မြို့ပေါ်ရှိသုံးစွဲသူများအားလုံး နီးစပ်ရာ TrueMoney ကိုယ်စားလှယ်ဆိုင်များတွင် လွယ်ကူလျင်မြန်စွာဖြင့် ငွေသွင်း/ ငွေထုတ် ပြုလုပ်နိုင်မည်ဖြစ်သည်။ ပထမအဆင့်ဝန်ဆောင်မှုတွင် Onepay အသုံးပြုသူများအနေဖြင့် ငွေသွင်းခြင်း ကိုပြုလုပ်နိုင်ပြီး မကြာခင်မြှင့်တင်ပေးမည့် ဒုတိယအဆင့်ဝန်ဆောင်မှုတွင် ငွေထုတ်ခြင်းကိုပါ ပြုလုပ်နိုင်မည် ဖြစ်သည်။

လက်ရှိတွင် ငွေဖြည့်ခြင်းနှင့် ငွေထုတ်ယူခြင်းကို AGD ဘဏ်ငွေစာရင်းကို အသုံးပြု၍သော်လည်းကောင်း၊ e-commerce မှတ်ပုံတင်ထားသော မည်သည့်ဘဏ်၏ MPU ကတ်မဆိုကို အသုံးပြု၍သော်လည်းကောင်း၊ Visa သို့မဟုတ် MasterCard များကို အသုံးပြု၍သော်လည်းကောင်း၊ 123 ဝန်ဆောင်မှုရသည့်ဆိုင်များနှင့် Onepay ၏ တရားဝင်ကိုယ်စားလှယ်ဆိုင်များတွင်သော်လည်းကောင်း၊ ဘဏ်အချင်းချင်းကြားငွေလွှဲသည့် ဝန်ဆောင်မှု (interbank service) ကိုအသုံးပြု၍သော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ ဤကဲ့သို့ ပူးပေါင်းလိုက်သည့် အတွက် နိုင်ငံအနှံ့တွင် ငွေသွင်း/ငွေထုတ်ပြုလုပ်နိုင်မည့် နေရာပေါင်း ၂၃,၀၀၀ ပိုမိုများပြားလာမည်ဖြစ်ကာ အထူးသဖြင့် ကျေးလက်နေ သုံးစွဲသူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

“Onepay အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူအားလုံးအသုံးပြုနိုင်မယ့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုမျိုး ပေးနိုင်ဖို့ ရည်ရွယ်ကြိုးစားနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဘဏ်တွေနဲ့ ဆက်စပ်မှီခိုနေတဲ့ ဘဏ်ဝန်ဆောင်မှုမျိုးကို အသုံးမပြုတဲ့ သုံးစွဲသူတွေအတွက်လည်း ဘာလုပ်ပေးနိုင်မလဲဆိုတာကို အမြဲပဲ နည်းလမ်းရှာဖွေနေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာတွေ့ရှိချက်အရ ကျေးလက်ကသုံးစွဲသူတွေဟာ ဘဏ်ကိုသွားမယ့်အစား ကိုယ်စားလှယ် တွေကနေတဆင့် ငွေသွင်း/ငွေထုတ်လုပ်ဖို့ကို ပိုမိုအားသန်ကြတာကို တွေ့ရှိရပါတယ်။ ဒီသုံးစွဲသူတွေအတွက် ပိုသင့်တော်ကောင်းမွန်တဲ့ ဝန်ဆောင်မှုမျိုးပေးနိုင်ဖို့အတွက် သူတို့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ငွေသွင်း/ငွေထုတ် နည်းလမ်းတွေ ထပ်မံထည့်သွင်းနိုင်ဖို့ အခုလိုမျိုး TrueMoney နဲ့ လက်တွဲခဲ့တာပါ။ ဒီပူးပေါင်းမှုက မြို့နေသုံးစွဲသူရော ကျေးလက်နေသုံးစွဲသူတွေအတွက်ပါ ပိုအဆင်ပြေစေမယ် လို့ ယုံကြည်ပါတယ်။” ဟု One Pay Company Limited ၏ Chief Commercial Officer ဖြစ်သူ Mr. Sagar Bhagaddia က ပြောကြားခဲ့ပါသည်။

ထို့အတူ TrueMoney မြန်မာ၏ Managing Director ဖြစ်သူ ဒေါ်ကြည်သာရိုမန်နက်ကလည်း “ကျွန်မတို့ TrueMoney ရဲ့ ခံယူချက်ကတော့ ဘဏ်လုပ်ငန်း၀န်ဆောင်မှုရယူဖို့ အခက်အခဲရှိတဲ့သူတွေအတွက် ခေတ်မီ နည်းပညာတွေကို အသုံးချပြီး ဝန်ဆောင်မှု ပေးနိုင်ဖို့ဖြစ်ပါတယ်။ လက်ရှိမှာ TrueMoney က မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်ပေါင်း ၂၃,၀၀၀ ကျော်နဲ့ ခိုင်မာတဲ့ကွန်ရက်တစ်ခုကို တည်ဆောက် ထားပါတယ်။ TrueMoney အနေနဲ့ မြန်မာပြည်ရဲ့ ပထမဆုံး နေ့စဉ်လူနေမှုဘဝနှင့် ငွေကြေးဆိုင်ရာကို ပေါင်းစပ် ထားတဲ့ Onepay app နဲ့ လက်တွဲပူးပေါင်းရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီပူးပေါင်းမှုဟာ သုံးစွဲသူတွေ အတွက် အကျိုးရှိစေမဲ့ ပူးပေါင်းမှုဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အခုဆိုရင် Onepay အသုံးပြုသူတွေဟာ နီးစပ်ရာ TrueMoney ကိုယ်စားလှယ်ဆိုင်တွေမှာ ငွေသွင်းတဲ့ဝန်ဆောင်မှုရယူနိုင်မှာဖြစ်သလို TrueMoney ကိုယ်စားလှယ် တွေကလည်း Onepay app က ထောက်ပံ့ပေးထားတဲ့ Mobile Interbank Service အပါအဝင် အခြားဝန်ဆောင်မှု အမျိုးမျိုးကြောင့် အချိန်ကုန်သက်သာပြီး အကျိုးရှိမှာအမှန်ပါပဲ။ ဒါ့အပြင် ဒီပူးပေါင်းမှုက ကျွန်မတို့ ဝန်ဆောင်မှု ပေးချင်တဲ့ လူထုအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Onepay app သည် သုံးစွဲသူနှင့် စီးပွားရေးလုပ်ငန်းများကို မိုဘိုင်းဘဏ်လုပ်ငန်းနှင့် ငွေပေးငွေယူ လုပ်ငန်းများ ပေါင်းစပ်ထားသော ပလက်ဖောင်းတစ်ခုတည်းပေါ်တွင် ဆက်သွယ်ချိတ်ဆက်ပေးသော app ဖြစ်ပါသည်။ Onepay app သည် ငွေကြေးဆိုင်ရာလုပ်ငန်းများနှင့် အရေးပါသောလူနေမှုလုပ်ငန်းဆောင်တာများအတွက် လိုအပ်သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများဝယ်ယူရတွင် ပိုမိုလွယ်ကူမြန်ဆန်သော ငွေပေးချေနိုင်သည့် ဝန်ဆောင်မှု ပေးအပ်ခြင်းဖြင့် သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူသော လူနေမှုပုံစံ ဖန်တီးပေးရန် ရည်ရွယ်ပါသည်။

Onepay app ကို android နှင့်ဖြစ်စေ၊ iOS နှင့်ဖြစ်စေ အသုံးပြုနိုင်မည်ဖြစ်ပြီး app ကို playstore နှင့် apple app store အသီးသီးမှ download ရယူနိုင်ပါသည်။ Onepay အကြောင်းကိုပိုမိုပြည့်စုံစွာသိရှိနိုင်ရန်နှင့် app ကို download လုပ်ရန် Onepay ၏ တရားဝင်စာမျက်နှာ www.onepay.com.mm ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

– ပြီး –

Onepay အကြောင်း

Onepay သည် e-wallet ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏အနာဂတ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် e-commerce ပလက်ဖောင်းများအသုံးပြုမှုမြင့်တက်လာမှုကိုကိုယ်စားပြုသည်။ Onepay သည်သုံးစွဲသူများအား ငွေလွှဲရန်နှင့် လက်ခံရန်၊ ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများအတွက်ငွေပေးချေရန်၊ မိုဘိုင်းဖုန်းများကိုငွေဖြည့်ရန်နှင့် အခြားလုပ်ဆောင်မှုများစွာကိုပေးထားသည့် All-in-one lifestyle mobile app တစ်ခုဖြစ်သည်။ ကုမ္ပဏီ၏ ရည်မှန်းချက်မှာ အချိန်နှင့်တပြေးညီငွေရေးကြေးရေးကို ထောက်ပံ့ပေးသောငွေသားမဲ့ ပေးချေမှုစနစ်ကိုဖန်တီးရန် ဖြစ်သည်။ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက်အရောင်းအ၀ယ်ပိုမိုလွယ်ကူစေရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်းဖြစ်သည်။ AGD ဘဏ်သည် Onepay ၏တရားဝင်ဘဏ်မိတ်ဖက်ဖြစ်ပြီး Onepay မှတဆင့် AGD ဘဏ်သုံးစွဲသူများအတွက် သီးသန့် ထောက်ပံ့ပေးထားသော AGD Pay အတွက် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ပြုလုပ်ထားပါသည်။

TrueMoney မြန်မာအကြောင်း

Ascend Group ၏ လုပ်ငန်းခွဲဖြစ်သော TrueMoney Myanmar ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ လူနေမှုဘဝများ သေချာစွာ တိုးတက်ပြောင်းလဲနိုင်စေရန် အတွက် ကျွန်ုပ်တို့သည် Ascend Group နှင့် ၄င်း၏လုပ်ငန်းမိတ်ဖက်များ နှင့်အတူ လက်ချင်းချိတ် ကြိုးစားလုပ် ဆောင်လျက်ရှိပါသည်။ မြန်မာတစ်ပြည်လုံး ကိုယ်စားလှယ်ပေါင်း ၂၃,၀၀၀ ကျော်ရှိပါသည်။ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု အသုံးပြုခွင့်မရသော ထိုက်တန်စွာခံစားခွင့်မရသော ပြည်သူလူထုအတွက် ဖုန်းငွေဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ပြည်တွင်း၊ပြည်ပ ငွေလွှဲ၊ငွေထုတ်ခြင်းများကို လွယ်ကူစိတ်ချစွာ အသုံးပြုနိုင်ရန် အဓိကထားပြီး လုပ်ဆောင်ပေးနေပါသည်။

Other News

News
News
News