လွှဲတိုင်းရ၊ ရတိုင်းပျော်… TrueMoney ငွေလွှဲပွဲတော်!
ဝိုး… ၅၀% အပိုဆောင်း ကော်မရှင်ကြီးတောင် ရမှာလား? 🤩💰
ဟုတ်ပါတယ်… True အေးဂျင့်တို့အတွက် ပျော်ရွှင်စရာ ‘ငွေလွှဲပွဲတော်’ ကာလကြီး ရောက်ရှိလို့လာပါပြီ။
လာမယ့် မေလ (၁) ရက်နေ့ကစပြီး TrueMoney နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အေးဂျင့်တွေအနေနဲ့ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုပေးတဲ့အခါတိုင်းမှာ – ✅ ရနေကျ ကော်မရှင်ခအပြင်… ✅ နောက်ထပ် ၅၀% ကို အပိုဆောင်းပြီး ချက်ချင်းလက်ငင်း ရရှိမှာပဲ ဖြစ်ပါတယ်။
ကော်မရှင်တွေ ပိုရ၊ ပိုမြတ်ပြီး ပိုပျော်နိုင်ဖို့ ဒီပွဲတော်ကာလမှာ TrueMoney နဲ့ပဲ ငွေလွှဲဝန်ဆောင်မှု ပေးလိုက်ရအောင်ဗျာ! 💪✨
📞 TrueMoney Myanmar Call Center: 09 969 51 9999
—————————————————————————————————————————
စည်းကမ်းသတ်မှတ်ချက်များ
၁။ ဤအစီအစဉ်သည် TrueMoney ကိုယ်စားလှယ် (Agents) များအတွက်သာ ရည်ရွယ်ပြီး ပြည်တွင်းငွေလွှဲဝန်ဆောင်မှု ပြုလုပ်သည့်အခါတိုင်း မိမိတို့ရရှိမည့် ပုံမှန်ကော်မရှင်ခ၏ ၅၀% ကို အပိုဆောင်း (Bonus Commission) အဖြစ် လက်ငင်း ခံစားခွင့်ရရှိမည့် အစီအစဉ်ဖြစ်ပါသည်။
၂။ အေးဂျင့်များသည် ပြည်တွင်းငွေလွှဲခြင်း အောင်မြင်စွာ ပြုလုပ်ပြီးသည်နှင့် အပိုဆောင်းကော်မရှင် ၅၀% ကို မိမိတို့၏ Agent Wallet ထဲသို့ ချက်ချင်းလက်ငင်း ရရှိမည်ဖြစ်ပါသည်။
၃။ ငွေလွှဲ Transaction တစ်ခုအား ပြန်လည်ပယ်ဖျက်ခြင်း (Cancel) သို့မဟုတ် ငွေပြန်အမ်းခြင်း (Refund) ပြုလုပ်ပါက၊ ယခင်က ပေးအပ်ထားသော အပိုဆောင်းကော်မရှင် ၅၀% ကို TrueMoney မှ ပြန်လည်နှုတ်ယူသွားမည်ဖြစ်ပါသည်။
၄။ ဤပရိုမိုးရှင်းကာလသည် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ဖြစ်ပါသည်။
၅။ သို့သော်လည်း TrueMoney မှ ဤ Campaign အတွက် သတ်မှတ်ထားသော အကြိမ်အရေအတွက် ပြည့်သွားပါက Campaign ကာလ မကုန်ဆုံးသေးသော်လည်း အစီအစဉ် သည် အလိုအလျောက် ရပ်တန့်သွားမည် ဖြစ်ပါသည်။
၆။ TrueMoney Myanmar သည် မိတ်ဖက်အေးဂျင့်များမှ မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း (ဥပမာ – Transaction အတုများ ပြုလုပ်ခြင်း) သို့မဟုတ် မမှန်ကန်သော လုပ်ဆောင်မှုများကို တွေ့ရှိပါက၊ ပေးအပ်ထားသော ခံစားခွင့်များကို အချိန်မရွေး ပြန်လည် ရုပ်သိမ်းခွင့်ရှိပါသည်။
၇။ TrueMoney Myanmar သည် လိုအပ်ပါက ကြိုတင်အသိပေးခြင်းမရှိဘဲ ဤစည်းမျဉ်း စည်းကမ်း များကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အစီအစဉ်အား အချိန်မရွေး ရပ်တန့်ခြင်းတို့ကို ဆောင်ရွက်ပိုင်ခွင့် ရှိပါသည်။
၈။ ဤအစီအစဉ်နှင့်စပ်လျဉ်း၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက၊ TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သည် နောက်ဆုံးနှင့် အတည်ဖြစ်ပါသည်။
—————————————————————————————————————————
အမေးများသော မေးခွန်းများ
Q1: ဘယ်လို Campaign အမျိုးအစားလဲ?
A1: ပြည်တွင်းငွေလွှဲ ပြုလုပ်တယ့်အခါတိုင်း ပုံမှန်ရသည့်ကော်မရှင်၏ ၅၀% အပိုဆောင်း ရရှိမည်။
Q2: ပရိုမိုးရှင်းအတွက် မည်သူတွေပါဝင်လို့ရလဲ? ငွေလွှဲပမာဏသတ်မှတ်ထားခြင်းရှိပါသလား?
A2: ပရိုမိုးရှင်းက Truemomey Agent သာပါဝင်လို့ရပါမည်။ ငွေလွှဲပမာဏ သတ်မှတ်ထားခြင်းမရှိပါ။
Q3: အပိုဆောင်း ၅၀% ကိုဘယ်လိုပေးမှာလဲ?
A3: ပြည်တွင်းငွေလွှဲ ပြုလုပ်ပြီးသည်နှင့် မိမိတို့အကောင့်ထဲ ချက်ချင်းလက်ငင်းရရှိပါမည်။
Q4: ဘယ်လိုမျိုးအခြေနေမျိုးမှာမိမိတို့ရရှိထားသည့် ကော်မရှင်လျော့သွားနိုင်သလဲ?
A4: ငွေလွှဲပြုလုပ်ထားသော Transaction အား ပယ်ဖျက်ခြင်း (Cancel/Refund) ပြုလုပ်ပါက Truemoney မှာ အပိုဆောင်းကော်မရှင်ကိုပြန်လည်နုတ်ယူသွားမည်။
Q5: ပရိုမိုးရှင်း ကာလအပိုင်းအခြားကဘယ်လောက်လဲ?
A5: ပရိုမိုးရှင်းကာလမှာ ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ဖြစ်ပါသည်။
Q6: ဘယ်အချိန်မှာ Campaign အလိုလျောက်ရပ်တန့်သွားမလဲ?
A6: Truemoney မှ Campaign အတွက် သတ်မှတ်ထားသော အကြိမ်အရေပြည့်သွားပါက အလိုအလျောက်ရပ်တန့်သွားမည်။


