Goodbye ‘2020’ from TrueMoney

Articles
27 December, 2020

တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတိုင်းအတွက်  ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ အဘက်ဘက်ကနေ အပျက်အစီးများခဲ့ရတဲ့ ‘Year 2020’ ကတော့ မကြာခင်မှာ ကုန်ဆုံးပါတော့မယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကြောင့်  စီစဉ်ထားသမျှတွေ ကမောက်ကမဖြစ်၊ စီးပွားရေးတွေထိခိုက်လို့ အချို့အိမ်ထောင်ရေးတွေအဆင်မပြေဖြစ်ကြရသလို မိသားစုလိုက်ကျန်းမာရေးထိခိုက်ကြရတာတွေလည်း ရှိခဲ့ကြပါတယ်။

 

လူသားတိုင်းအတွက် ဒုက္ခတွေကို ‘မကြုံစဘူး ကြုံတွေ့ခဲ့ရတဲ့နှစ်’ဖြစ်ပြီး အသက်ကြီး/ငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး လူတွေအားလုံး  အတူတူခံစားနေရတာမို့လို့ ကိုယ့်တစ်ယောက်တည်း ကံဆိုးနေတယ်လို့ စဉ်းစားအားငယ်မနေပါနဲ့။

 

ကမ္ဘာနဲ့ချီပြီး နိုင်ငံတိုင်းခံစားကြရတဲ့ ကပ်ဘေးဒုက္ခဖြစ်ရပ်တိုင်းမှာ  ‘ဆိုး’တာတွေရှိသလို အဆိုးထဲကနေ အခွင့်အရေးကောင်းတွေ ပေါ်ထွက်လာတတ်တာ  သာဓကပေါင်းများစွာရှိခဲ့ပါတယ်။

New Normal လို့ခေါ်တဲ့ ‘နေထိုင်မှုပုံစံသစ်’မှာ အခွင့်အရေးအသစ်တွေရယူနိုင်ဖို့ ကိုယ့်ဘက်ကနေ…
(၁) ဘယ်လို စီးပွားရေးအသစ် နှင့် အလုပ်အကိုင်အသစ်တွေ ပေါ်ထွက်လာနိုင်မလဲ၊
(၂) ဒီလိုပုံစံအသစ်တွေကို အကောင်အထည်ဖော်ဖို့ ဘယ်လို’စ’တင်လုပ်ဆောင်မလဲ၊
(၃) ကိုယ်ကရော ဘယ်နေရာတွေမှာ ပါဝင်ပတ်သက်မှာလဲ ဆိုတာကို မေးခွန်းထုတ် စဉ်းစားရင်း ကြိုတင်ပြင်ဆင်ထားလိုက်ပါ။

 

မကြာခင်ရောက်လာတော့မယ့် ‘Year 2021’ မှာတော့ ကိုဗစ်ကာကွယ်ဆေးပေါ်လာဖို့လမ်းစတွေလည်း ရှိနေပြီဖြစ်လို့ ကြုံလာတဲ့ဒုက္ခတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ကာ စိတ်ခွန်အားအပြည့်နဲ့ အားတင်းထားဖို့သာ လိုအပ်ပါတယ်။ အကောင်းဘက်ကအမြင်တွေမျှဝေနိုင်ဖို့ ကိုယ်တိုင်ကျန်းမာအောင်နေထိုင်ရင်း စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေး စတာတွေ အဖက်ဖက်ကနေ ပြန်လည်တိုးပွားလာဖို့ အတူတူကြိုးစားကြပါစို့လို့ TrueMoney  မှ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

 

ငွေအဝင်ထူး တဲ့ နှစ်သစ်ကူး ဖြစ်ကြပါစေ။

Other Articles

Articles
Articles
Articles