Why Choose Us

အသက်သာဆုံးဝန်ဆောင်မှုဖြစ်သည်။

ကိုယ်စားလှယ်များထံတွင် POS နှင့် ဝန်ဆောင်မှုများ အလွယ်တကူရရှိနိုင်သည်။

ဘဏ်ဝန်ဆောင်မှုမရရှိနိုင်သောသူများ အလွယ်တကူ ဝန်ဆောင်မှုရှိနိုင်သည်။

တစ်ခါသုံး လျို့ဝှက်စနစ်ဖြင့် ငွေ‌ကြေးလုခြုံမှု ရှိစေသည်။

ငွေ‌ကြေးဆိုင်ရာ အန္တရာယ်များအား လျှော့ပါးစေသည်။

တစ်ပတ် ၇ ရက် ပိတ်ရက်မရှိ ၂၄ နာရီ ဝန်ဆောင်မှုရရှိနိုင်သည်။
TrueMoney ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် သင်သည်အောက်ပါအချက်အလက်များနှင့် ကိုက်ညီရမည်။
  • (၁) သင်သည် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။
  • (၂) အသက်(၁၈)နှစ်အောက်ဖြစ်ပါက TrueMoney Myanmar (TMM) ဝန်ဆောင်မှုများအသုံးပြုရန် အုပ်ထိန်းသူက တရားဝင်ခွင့်ပြုကြောင်း သက်သေခံအထောက်အထားဖြင့် TrueMoney Myanmar ထံသို့ တင်ပြရမည်။
TrueMoneyMyanmar (TMM) ပေးချေခြင်းဝန်ဆောင်မှုများအတွက် စည်းကမ်းချက်များနှင့်ကန့်သတ်ချက်များ
  • (၁) TrueMoney၏ဝန်ဆောင်မှုအား အသုံးပြုခြင်းဖြင့် TrueMoney Myanmar (TMM) ငွေစာရင်းထဲတွင် မှတ်တမ်းတင်ထားသော၊ သင်၏ လက်ကျန်ငွေစာရင်းကို မှန်မမှန်စစ်ဆေးနိုင်ပါသည်။
  • (၂) ဝန်ဆောင်မှုတိုင်းအတွက် TrueMoneyကိုယ်စားလှယ်များမှ ငွေရပြေစာကို ထုတ်ပေးမည်ဖြစ်ပြီး ဤငွေလက်ခံရရှိကြောင်း ပြေစာကိုထိန်းသိမ်းထားရန်မှာ သင်၏တာဝန်သာဖြစ်သည်။
  • (၃) သင်သည် TrueMoney ၏ ဝန်ဆောင်မှုအား ဥပဒေနှင့်မလွတ်ကင်းသော ငွေကြေးဆိုင်ရာကိစ္စရပ်များအတွက် အသုံးပြုနေ သည်ဟု တွေ့ရှိရပါက ဝန်ဆောင်မှုအားရပ်ဆိုင်းမည်ဖြစ်ပြီး သက်ဆိုင်ရာအရေးယူမှုများ နှင့်ပတ်သတ်၍ TrueMoneyမှ တာဝန်ယူမည်မဟုတ်ပါ။
  • (၄) ဝန်ဆောင်မှုကိုအသုံးပြုရာတွင် ကျေနပ်မှုတစ်စုံတစ်ရာ မရှိခဲ့လျှင်သော်လည်းကောင်း သက်ဆိုင်ရာကိုယ်စားလှယ်နှင့် အငြင်းပွားမှု ပေါ်ပေါက်ခဲ့လျှင်သော်လည်းကောင်း TrueMoney Myanmar (TMM) Call Centre နှင့်ဆက်သွယ်ပါ။
  • (၅) ကျွနု်ပ်တို့ TrueMoney Myanmar(TMM)မှ သင့်အား ဝန်ဆောင်မှုများပေးရန်အတွက် ကိုယ်ရေးအချက်အလက်များကို ကောက်ယူခြင်း ဖြစ်သည်။ ဤအချက်အလက်များမပါဘဲ TrueMoney Myanmar (TMM) သည် သင့်အား ဝန်ဆောင်မှုများကို ပေးနိုင်မည်မဟုတ်ပါ။
  • (၆) ဤစည်းကမ်းချက်များနှင့် ကန့်သတ်ချက် များကို နားလည်ခြင်းမရှိဘဲ မရေမရာဖြစ်နေလျှင် ကျေးဇူးပြု၍ TrueMoney Myanmar (TMM)သို့ ဆက်သွယ်ပါ။
  • (၇) အခေါ်အဝေါ်သတ်မှတ်ချက်များနှင့် သုံးစွဲခြင်းဆိုင်ရာ စည်းမျဉ်းအပြည့်အစုံကို www.truemoney.com.mm တွင် လည်းကောင်း၊ နီးစပ်ရာ TrueMoney Myanmar (TMM) ကိုယ်စားလှယ်များထံတွင်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။