မိတ်သစ်နဲ့အတူ ဆုကြေး(၅၀၀) အပိုရယူ

News
28 April, 2023

ထရူးမန်းနီးအေးဂျင့်ကြီးများအတွက်  ‘မိတ်သစ်နဲ့အတူ ဆုကြေး(၅၀၀) အပိုရယူ’ လိုက်ပါ။ 

လွယ်မှလွယ်တဲ့ ဒီအစီအစဉ်မှာ ပါဝင်ဖို့…

၁) ငွေလွှဲသူအသစ်များကို ထရူးမန်းနီးအသုံးပြုလာစေဖို့ မိတ်ဆက်ပါ။

၂) Cash Back Code (True2023) ကို အသုံးပြုကာငွေလွှဲပြီး အပိုဆုကြေးကျပ်(၅၀၀) ကို ရယူနိုင်မှာပါ။ 

  • ကိုယ်စားလှယ်ကြီးတွေအနေနဲ့ ၁၀၀,၀၀၁ ကျပ်နှင့်အထက် ငွေလွှဲမည့် ထရူးမန်းနီးအသုံးပြုသူအသစ်များ (မှတ်ပုံမတင်ရသေးသည့်သူများ) အား ငွေလွှဲသည့်အခါတွင် Cash Back Code ဆိုသည့် နေရာတွင် “True2023” ကို ရိုက်ထည့်ရမှာဖြစ်ပါသည်။
  • အဆိုပါ Cash Back Code – True2023 အား မေလ ၁ရက်နေ့ ၂၀၂၃ မှသာ စတင် အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုနိုင်သည့်ပမာဏနှင့် အချိန်အား လက်တလောတွက် ကန့်သတ်ထားခြင်းမရှိပါ။ အပြောင်းအလဲ ရှိပါက ထပ်မံအသိပေးပါမည်။
  • Cash Back Code – True2023 အား မှန်ကန်စွာရိုက်နှိပ်ရမှာဖြစ်ပါသည်။
  • စည်းကမ်းချက်အပြည့်အစုံနှင့် အမေးများသည့် မေးခွန်းများအား အောက်တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

 

အသေးစိတ်သိရှိလိုပါက မြို့နယ်အရောင်းတာဝန်ခံများ (သို့မဟုတ်) TrueMoney Call Center – 09 969 51 9999 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

အမေးများသည့်မေးခွန်းများ

 

A1: အသုံးပြုသူအသစ်ဆိုသည်မှာ မည်သူကိုဆိုလိုပါသနည်း။
Q1: အသုံးပြုသူအသစ်ဆိုသည်မှာ TrueMoney ၏ ဝန်ဆောင်မှုများကို အသုံးမပြုရသေးသော (သို့) စာရင်းမသွင်းရသေးသော အသုံးပြုသူအသစ်အား ဆိုလိုပါသည်။

 

A2: Cash Back Code အား မည်သို့ အသုံးပြုရမည်နည်း။
Q2: Cash Back Code အား လွှဲသူအသစ်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များထည့်သွင်းသည့်အချိန်တွင် “Cash Back Code” ဆိုသည့် နေရာတွင် “True2023″ အား မှန်ကန်စွာ ရိုက်ထည့်ရမည်ဖြစ်ပါသည်။ မှားယွင်းစွာ ရိုက်နှိပ်မိပါက ငွေလွှဲသူအသစ် ရှာမှီးခြင်း ဆုကြေးငွေ” အား ရရှိနိုင်မည်မဟုတ်ပါ။

 

A3: Cash Back Code အသုံးပြုပြီး ငွေလွှဲသူအသစ် ရှာမှီးခြင်းအတွင် ဆုကြေးငွေ မည်မျှ ရရှိပါမည်နည်း။
Q3: Cash Back Code အသုံးပြုပြီး ငွေလွှဲသူအသစ် ရှာမှီးခြင်းအတွင် ဆုကြေးငွေ “၅၀၀ ကျပ်” အား ရရှိမည်ဖြစ်ပါသည်။

 

A4: Cash Back Code အား အသုံးပြုထားပါက ဆုကြေးငွေအား မည်သည့်အချိန်တွင် ရရှိပါမည်နည်း။
Q4: အသုံးပြုသူအသစ်ရှာမှီးပြီး Cash Back Code “True2023” အား အသုံးပြုထားပါက အသုံးပြုသူအသစ်တယောက် ရှာမှီးခြင်းအတွင် “၅၀၀ ကျပ်” အား ငွေလွှဲခြင်းပြီးမြောက်သည့်အခါတွင် ကိုယ်စားလှယ်၏ Agent App အတွင်းသို့ “E-Money” အဖြစ် ဖြည့်သွင်းပေးမည်ဖြစ်ပါသည်။

 

A5: Cash Back Code အသုံးပြုနိုင်သည့် ပမာဏနှင့် အချိန်ကာလ သက်မှတ်ချက် ရှိပါသလား။
Q5: Cash Back Code အသုံးပြုနိုင်သည့် ပမာဏ (အရေအတွက်) နှင့် အချိန်ကာလ အား လက်တလောတွင် သတ်မှတ်ထားခြင်းမရှိပါ။ သို့သော် တစုံတခု အပြောင်းအလဲရှိပါက ထပ်မံအကြောင်းကြားသွားပါမည်။

 

A6: Cash Back Code အား Agents App တွက် ရိုက်ထည့်ရန် နေရာမတွေ့ပါ။
Q6: Cash Back Code အား Agents App Version – 7.04.20 ရှိမှသာ အသုံးပြုနိုင်မည်ဖြစ်သာကြောင့် လူကြီးမင်း၏ Agent App အား အဆင့်မြှင့်တင်ရန်လိုအပ်ပါသည်။

 

စည်းကမ်းသတ်မှတ်ချက်များ

 

  • ငွေလွှဲသူဟာ ထရူးမန်းနီး ကို ပထမဆုံးအကြိမ် ‘စ’တင်အသုံးပြုသူဖြစ်ရမှာဖြစ်ပြီးအနည်းဆုံး ငွေကျပ် (၁၀၀,၀၀၀) အထက်ငွေလွှဲပို့သူ ဖြစ်ရပါမယ်။
  • အထက်ပါအချက်များနှင့် ကိုက်ညီပါက ငွေလွှဲရာတွင် Cash Back Code (True2023) အား ကိုယ်ရေးအချက်အလက် ဖြည့်သွင်းသည့်အခါတွင် အသုံးပြုပြီး ငွေလွှဲဝန်ဆောင်မှု ပေးရပါမည်။
  • ငွေလွှဲပို့ပြီးသည်နှင့် အပိုဆုကြေးကျပ်(၅၀၀) ကို အေးဂျင့်အကောင့်ထဲသို့ e-money အဖြစ်ထည့်သွင်းပေးအပ်သွားပါမည်။
  • ငွေလွှဲသည့်သူ (သို့မဟုတ်) ကိုယ်စားလှယ်သည် ငွေလွှဲခြင်းအား ပယ်ဖြတ်ခြင်း ပြုလုပ်ခဲ့ပါက ဖြည့်သွင်းပေးထားသည့် “ငွေလွှဲသူအသစ် ရှာမှီးခြင်း ဆုကြေးငွေ” အား ကိုယ်စားလှယ်၏ Agents App မှ ပြန်လည် နှုတ်ယူမည်ဖြစ်သည်။
  • ဆုကြေးငွေ ခံစားခွင့်ရှိသည့် အချိန်ကာလနှင့် အသုံးပြုနိုင်သည့် အရေအတွင်အား သတ်မှတ်ထားခြင်းမရှိပါ။ အပြောင်းအလဲ တစ်စုံတစ်ရာရှိပါက ထပ်မံအကြောင်းကြားသွားပါမည်။
  • အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါမည်။
  • Other News

    News
    News
    News