လွှဲခ အတန်ဆုံး …လူတိုင်း ‘သုံး’
မကုန်သင့်တာ အပိုမကုန်ရဘဲ ချွေတာရမယ့်အချိန်မှာ (၂၀%) ငွေလွှဲခလျှော့ဈေး ပေးနေတဲ့ ထရူးမန်းနီးရဲ့ WOW! ပရိုမိုးရှင်းကို ဘယ်လိုနေရာတွေကနေ ဘယ်လိုလူတွေအသုံးပြုသင့်လည်းဆိုတာကို အကြံပြုတင်ပြပေးလိုက်ပါတယ်။
– လစဉ်ပုံမှန် မိသားစုတွေစီငွေပြန်လွှဲနေကြသူများ
မိဘတွေ ကျန်းမာရေးအတွက် သုံးဖို့လား၊ ကိုယ့်ရဲ့သားသမီး ပညာရေးစရိတ်လား။ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် မြို့ပေါ်မှာအလုပ်လုပ်ပြီး နယ်ကမိသားစုတွေစီကို လတိုင်းငွေပို့ပေးနေရသူတွေအတွက်ကတော့ လွှဲခတန်တဲ့ ထရူးမန်းနီးကို အသုံးပြုသင့်ပါတယ်။
– ဘယ်လောက်ပဲလွှဲလွှဲ အမြဲသက်သာတဲ့ငွေလွှဲခကြောင့် အပိုထွက်လာတဲ့ငွေကို အခြားလိုအပ်တဲ့နေရာတွေမှာ ပြန်သုံးလို့ရသလို
– ထရူးမန်းနီးရဲ့ လုံခြုံစိတ်ချရတဲ့ ငွေလွှဲစနစ်ကြောင့် ငွေရောက်မှာကို လုံးဝပူစရာမလိုဘဲ ငွေလွှဲရတာ စိတ်အေးလက်အေး ရှိစေလို့ပါ။
– ငွေအမြန်ရောက်စေချင်သူများ
အကြောင်းအမျိုးမျိုးနဲ့ အရေးပေါ်ငွေလိုအပ်နေတဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေစီကို
ငွေပို့မယ်ဆိုရင်လည်း အခုလွှဲရင် အခုချက်ချင်းရောက်တဲ့ ထရူးမန်းနီးကိုသာ အသုံးပြုလိုက်ပါ။
– လွှဲခ တန်တန် နဲ့ ငွေအရောက်မြန်လို့ပါ။
– အသေးစား နဲ့ အလတ်စားလုပ်ငန်းရှင်များ
တစ်နယ်နဲ့တစ်နယ် ကုန်ဖိုးငွေချေရတာတွေ၊ နယ်ကအလုပ်သမားတွေအတွက် လစာရှင်းပေးရတဲ့ လုပ်ငန်းရှင်တွေအတွက်ကတော့ ငွေလွှဲခသက်သာတဲ့ ထရူးမန်းနီးကိုသာ ရွေးချယ်သင့်ပါတယ်။
– အမြဲတိုင်း ငွေများများလွှဲရတတ်လို့ များများသက်သာစေပါတယ်။
– နောက်ပြီး ကိုယ်လွှဲပို့ချင်သူမှလွဲပြီး အခြားတစ်ယောက်ကငွေလာထုတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်လို့ပါ။
– ငွေလွှဲအေးဂျင့်များ
ကိုယ်စီငွေလာလွှဲနေကြ ဖောက်သည်တွေကို သက်သာစေချင်တဲ့ အေးဂျင့်တွေအနေနဲ့လည်း လွှဲခ(၂၀%)သက်သာတဲ့ ထရူးမန်းနီးကို မိတ်ဆက်ပေးလို့ရပါတယ်။
– လွဲသူတွေသက်သာအောင် ငွေလွှဲခလျှော့ပေးလိုက်ပေမယ့် အေးဂျင့်တွေအတွက် ကော်မရှင်ကတော့ မလျော့သွားတဲ့အပြင် ပိုလို့တောင်ရနေပါသေးတယ်။
– ဒါ့အပြင် အေးဂျင့်အထူးအစီအစဉ်ကနေ ငွေလွှဲသူအသစ်(၁)ဦး စာရင်းသွင်းတိုင်း လွှဲကော်အပြင် ငွေ(၅၀၀)ကျပ်ပါ အပိုရယူနိုင်ပါဦးမယ်။
ထရူးမန်းနီးမိတ်ဆွေများနဲ့ အေးဂျင့်များအားလုံး အသုံးအစွဲတွေကို စနစ်တကျနဲ့ စီစစ်သုံးစွဲနိုင်သူတွေ ဖြစ်ကြပါစေ။