လွှဲခ အတန်ဆုံး …လူတိုင်း ‘သုံး’

Articles
22 September, 2023

မကုန်သင့်တာ အပိုမကုန်ရဘဲ ချွေတာရမယ့်အချိန်မှာ (၂၀%) ငွေလွှဲခလျှော့ဈေး ပေးနေတဲ့ ထရူးမန်းနီးရဲ့ WOW! ပရိုမိုးရှင်းကို ဘယ်လိုနေရာတွေကနေ  ဘယ်လိုလူတွေအသုံးပြုသင့်လည်းဆိုတာကို အကြံပြုတင်ပြပေးလိုက်ပါတယ်။

 

– လစဉ်ပုံမှန် မိသားစုတွေစီငွေပြန်လွှဲနေကြသူများ

 

မိဘတွေ ကျန်းမာရေးအတွက် သုံးဖို့လား၊ ကိုယ့်ရဲ့သားသမီး ပညာရေးစရိတ်လား။ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ်  မြို့ပေါ်မှာအလုပ်လုပ်ပြီး နယ်ကမိသားစုတွေစီကို လတိုင်းငွေပို့ပေးနေရသူတွေအတွက်ကတော့ လွှဲခတန်တဲ့ ထရူးမန်းနီးကို အသုံးပြုသင့်ပါတယ်။ 

– ဘယ်လောက်ပဲလွှဲလွှဲ အမြဲသက်သာတဲ့ငွေလွှဲခကြောင့် အပိုထွက်လာတဲ့ငွေကို အခြားလိုအပ်တဲ့နေရာတွေမှာ ပြန်သုံးလို့ရသလို

– ထရူးမန်းနီးရဲ့ လုံခြုံစိတ်ချရတဲ့ ငွေလွှဲစနစ်ကြောင့် ငွေရောက်မှာကို လုံးဝပူစရာမလိုဘဲ ငွေလွှဲရတာ စိတ်အေးလက်အေး ရှိစေလို့ပါ။

 

– ငွေအမြန်ရောက်စေချင်သူများ

 

အကြောင်းအမျိုးမျိုးနဲ့ အရေးပေါ်ငွေလိုအပ်နေတဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေစီကို

ငွေပို့မယ်ဆိုရင်လည်း  အခုလွှဲရင် အခုချက်ချင်းရောက်တဲ့  ထရူးမန်းနီးကိုသာ အသုံးပြုလိုက်ပါ။

– လွှဲခ တန်တန် နဲ့ ငွေအရောက်မြန်လို့ပါ။

 

– အသေးစား နဲ့ အလတ်စားလုပ်ငန်းရှင်များ

 

တစ်နယ်နဲ့တစ်နယ် ကုန်ဖိုးငွေချေရတာတွေ၊ နယ်ကအလုပ်သမားတွေအတွက် လစာရှင်းပေးရတဲ့ လုပ်ငန်းရှင်တွေအတွက်ကတော့ ငွေလွှဲခသက်သာတဲ့ ထရူးမန်းနီးကိုသာ ရွေးချယ်သင့်ပါတယ်။

– အမြဲတိုင်း ငွေများများလွှဲရတတ်လို့ များများသက်သာစေပါတယ်။

– နောက်ပြီး ကိုယ်လွှဲပို့ချင်သူမှလွဲပြီး အခြားတစ်ယောက်ကငွေလာထုတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်လို့ပါ။

 

– ငွေလွှဲအေးဂျင့်များ

 

ကိုယ်စီငွေလာလွှဲနေကြ ဖောက်သည်တွေကို သက်သာစေချင်တဲ့ အေးဂျင့်တွေအနေနဲ့လည်း လွှဲခ(၂၀%)သက်သာတဲ့ ထရူးမန်းနီးကို မိတ်ဆက်ပေးလို့ရပါတယ်။

– လွဲသူတွေသက်သာအောင် ငွေလွှဲခလျှော့ပေးလိုက်ပေမယ့် အေးဂျင့်တွေအတွက် ကော်မရှင်ကတော့ မလျော့သွားတဲ့အပြင် ပိုလို့တောင်ရနေပါသေးတယ်။

– ဒါ့အပြင်  အေးဂျင့်အထူးအစီအစဉ်ကနေ ငွေလွှဲသူအသစ်(၁)ဦး စာရင်းသွင်းတိုင်း လွှဲကော်အပြင် ငွေ(၅၀၀)ကျပ်ပါ အပိုရယူနိုင်ပါဦးမယ်။

 

ထရူးမန်းနီးမိတ်ဆွေများနဲ့ အေးဂျင့်များအားလုံး အသုံးအစွဲတွေကို စနစ်တကျနဲ့ စီစစ်သုံးစွဲနိုင်သူတွေ ဖြစ်ကြပါစေ။

Other Articles

Articles
Articles
Articles