ရာခိုင်နှုန်းအပိုပေးစရာမလိုတဲ့ ငွေလွှဲနည်း

Articles
29 March, 2022

TrueMoney နဲ့ ပထမဆုံးအကြိမ် ငွေလွှဲမည်ဆိုပါက အနီးဆုံး TrueMoney ဆိုင်ကိုသွားပြီး…

ငွေလွှဲမည့်သူရဲ့

– အမည်

– မှတ်ပုံတင်

– လိပ်စာ

– ဖုန်းနံပါတ်

– ငွေလက်ခံမည့်သူဖုန်းနံပါတ်

– လွှဲမည့်ငွေပမာဏ တို့ကို ဆိုင်ရှိ TrueMoney ကိုယ်စားလှယ်ထံ ပေးလိုက်ရုံပါပဲ။

 

ကိုယ်စားလှယ်မှ စာရင်းသွင်းပြီးတာနှင့် စက္ကန့်ပိုင်းအတွင်းမှာပဲ ငွေလွှဲသူထံသို့ OTP ကုဒ်ဂဏန်း(၈)လုံး မက်ဆေ့ချ်ကျလာပါမယ်။

မိမိတစ်ဦးတည်းသာသိတဲ့ လုံခြုံစိတ်ချရဆုံး (OTP ကုဒ်) အား ငွေထုတ်မည့်သူထံ လှမ်းပို့လိုက်ပါ။

ဒါဆို Truemoney နဲ့ငွေလွှဲခြင်း အောင်မြင်ပါပြီ။

 

*TrueMoney အသုံးပြုသူတစ်ယောက်အနေနဲ့  ငွေလွှဲတိုင်းမှာ TrueMoney Rewards တွေကို ထပ်မံရရှိသွားမှာဖြစ်ပြီး ရရှိလာတဲ့ Rewards ပွိုင့်တွေကို ငွေလွှဲခအဖြစ်ပြန်လည်အသုံးပြုနိုင်တဲ့ ဘောင်ချာတွေလဲလှယ်ယူလို့ရသလို ဖုန်းဘေလ်ဖြည့်ခြင်း၊ ဖုန်းဒေတာပက်ကေ့ချ်ဝယ်ယူခြင်း စတာတွေမှာလည်း အသုံးပြုလို့ရပါတယ်။ အသုံးပြုတိုင်း အကျိုးရှိစေတဲ့ TrueMoney Rewards App ကို အောက်ပါလင့်ခ်များမှ ဒေါင်းလုတ်ရယူထားလိုက်ပါ။

Google Play Store – https://bit.ly/Rewards_App_PlayStore

Huawei AppGallery – https://bit.ly/TM_Rewards_App_Huawei

 

ငွေထုတ်မည့်သူအတွက်ကလည်း ရိုးရှင်းလွယ်ကူလှပါတယ်။

ငွေထုတ်မည့် အနီးဆုံး TrueMoney ကိုယ်စားလှယ်ဆိုင်ကို သွားပြီး

– ငွေလွှဲသူမှပေးပို့လာသော OTP ကုဒ်ဂဏန်း(၈)လုံး (*လွှဲမှား၍မရပါ)

– မိမိဖုန်းနံပါတ် (*ငွေလွှဲသူစာရင်းသွင်းထားသော ဖုန်းနံပါတ်)

– မှတ်ပုံတင် တို့ကို ဆိုင်ရှိ TrueMoney ကိုယ်စားလှယ်ထံ ပေးလိုက်ရုံပါပဲ။

အချက်အလက်များ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်တာနဲ့ လွှဲပို့သောငွေပမာဏကို ရာခိုင်နှုန်းအပိုပေးစရာမလိုပဲ ‘ငွေသား‘ ထုတ်ယူနိုင်ပါပြီ။

 

လွှဲသူ/ ထုတ်သူ စိတ်အေးချမ်းသာစွာငွေလက်ခံယူနိုင်ဖို့အတွက် TrueMoney နဲ့ ကိုယ်စားလှယ်ကြီးများက ကြိုးစားဝန်ဆောင်မှုပေးနေတာဖြစ်လို့ ငွေလွှဲငွေထုတ်ပြုလုပ်ရန် မိမိနှင့် အနီးဆုံး TrueMoney ဆိုင်ကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှု့လိုက်ပါ။

Link – https://bit.ly/truemoney_brandshops

(သို့မဟုတ်)

ဖုန်း – 09 96951 9999 ကို ဆက်သွယ်စုံစမ်းလိုက်ပါ။

 

TrueMoney ၏ ဝန်ဆောင်မှုကိုအသုံးပြုပြီး ငွေလွှဲသူရော ငွေထုတ်သူပါ

ကိုယ်စိတ်ချမ်းသာ၊ ဝမ်းမြောက်ဝမ်းသာ ရှိကြပါစေ။

Other Articles

Articles
Articles
Articles