အိမ်အလုပ်/ ရုံးအလုပ် ညီညွတ်မျှတစေဖို့ ‘ဝေါ့ဖရွန်ဟုမ်း’ မိဘများအတွက် အကြံပြုချက်များ

Articles
20 November, 2020

အိမ်မှာရောအလုပ်မှာပါ အောင်မြင်စွာစီမံခန့်ခွဲနိုင်ဖို့ကြိုးစားခြင်းဟာ ယနေ့ခေတ်အရွယ်ရောက်နေသူအများစုရဲ့ လူနေမှုပုံစံဖြစ်ပါတယ်။ Covid–19 ကြောင့် အိမ်ကနေပဲ Online နဲ့အလုပ်လုပ်ကြရတဲ့အခါမှာတော့ အခက်အခဲအချို့ကို အနည်းနဲ့အများ လက်တွေ့ကြုံလာရပါပြီ။ အထူးသဖြင့်မိဘအများစုဟာ အိမ်ကနေအလုပ်လုပ်ကြရတဲ့အချိန်မှာ ကလေးတွေကြောင့် အနှောင့်အယှက်ဖြစ်ကြရပါတယ်။ ဒါပေမယ့် ကလေးတာဝန်တစ်ဖက်နဲ့ အိမ်ကနေအလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒီလိုအခက်အခဲတွေ့နေရတဲ့ လုပ်ငန်းခွင်ဝင်မိဘတွေအတွက် ပိုမိုအဆင်ပြေချောမွေ့တဲ့တစ်နေ့တာဖြစ်အောင် လုပ်ဆောင်နိုင်မယ့်နည်းလမ်းအချို့ကို TrueMoney က မျှဝေပေးလိုက်ပါတယ်။

 

ပထမဆုံးအနေနဲ့တော့ မိမိလုပ်ငန်းခွင်အတွက် တနေ့တာလုပ်ဆောင်ရမည့်အလုပ်များကို ချရေးပါ။ လုပ်ငန်းခွင်အစည်းအဝေးလို အရေးကြီးသောအလုပ်များအတွက်ကတော့ အချိန်အတိအကျနဲ့ ချရေးဖို့လိုပါတယ်။ ကိုယ်အစည်းအဝေးတက်ရမယ့်အချိန်မှာတော့ ကိုယ်ရဲ့ကလေးငယ်အား တစ်ယောက်တည်းလုပ်နိုင်တဲ့အလုပ်တစ်ခုကို ပေးလုပ်လိုက်ပါ။ (ဥပမာ- စာအုပ်ဖတ်ခိုင်းခြင်း၊ ရုပ်ရှင်ကြည့်ခိုင်းခြင်း)။ ဒါမှသာ တစ်အိမ်လုံးဆူညံပတ်ပြေးခြင်းရန်မှလည်း ကင်းသွားနိုင်သလို ကိုယ်လည်းစိတ်အေးလက်အေးနဲ့ အစည်းအဝေးကို အာရုံစိုက်နိုင်မှာပါ။
ဒုတိယအချက်အနေနဲ့ကတော့ လုပ်ငန်းခွင်မှကိစ္စများကိုဆောင်ရွက်နိုင်ရန် အတတ်နိုင်ဆုံး သီးသန့်နေရာတစ်ခု ဖန်တီးထားသင့်ပါတယ်။ ကိုယ့်ကလေးတွေဝင်ရောက်လာနိုင်ခြင်းမရှိရင်တော့ ပိုကောင်းပါတယ်။ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီးလုပ်နိုင်အောင်အတွက်ပါ။

 

နောက်ဆုံးတစ်ချက်ကတော့ ကလေးထိန်းတစ်ယောက် ခေါ်ယူခြင်းပါ။ ဒီနည်းလမ်းကတော့ လူတိုင်းအတွက်မဟုတ်ပေမယ့် အလုပ်မှာတာဝန်ကြီးကြီးယူထားသူတွေအတွက်ကတော့ အသုံးတည့်စေမှာပါ။ ကိုယ့်ရဲ့ဝင်ငွေပေါ်မူတည်နေတဲ့အတွက်ကြောင့် အနည်းငယ်အခက်အခဲရှိနေသူတွေကတော့ ပထမနဲ့ ဒုတိယအချက်လောက်ဆို အတန်အသင့်အဆင်ပြေသွားစေနိုင်ပါတယ်။   ငွေကို ပိုမိုစီစစ်ချွေတာသုံးစွဲသင့်တဲ့ကာလမိုလို့ မဖြစ်မနေလိုအပ်မှာသာ ‘ကလေးထိန်း’ကို ခေါ်ယူစေချင်ပါတယ်။

 

အိမ်အလုပ်တစ်ဖက်၊ ကလေးတစ်ဖက် အပြင် လုပ်ငန်းခွင်အတွက်ပါအလုပ်လုပ်ပေးနေကြရသူတွေအတွက် TrueMoney ကမျှဝေပေးတဲ့ အကြံပြုချက်လေးတွေကို အသုံးတည့်တယ်ဆိုရင် ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ထပ်ဆင့်မျှဝေပေးစေချင်ပါတယ်။

 

Covid ကာလကို ဘေးကင်းကျန်းမာစွာနဲ့ဖြတ်သန်းနိုင်ပြီး အောင်မြင်ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုလည်း တည်ဆောက်နိုင်ကြပါစေ။

Other Articles

Articles
Articles
Articles