ဝင်ငွေ၊ထွက်ငွေ မျှတဖို့ ‘အကြံပြုချက်’

Articles
10 August, 2022

လူတစ်ယောက်ရဲ့ ‘ဝင်ငွေ’ ဘယ်လောက်ကောင်း…ကောင်း

‘ဝင်ငွေ’ နဲ့ ‘ထွက်ငွေ’ကို စနစ်တကျ ချင့်ချိန်ပြီး မသုံးစွဲတတ်ရင် ပင်ပမ်းသလောက် အရာမထင်နိုင်ပါဘူး။

‘ငွေ’ဆိုတာမျိုးက  ရှာတတ်၊ သုံးတတ်၊ စုဆောင်းတတ်၊ ရင်းနှီးမြုပ်နှံတတ်ရပါမယ်။

ဒါမှလည်း Financial Safety လို့ခေါ်တဲ့ ငွေကြေးနဲ့ပတ်သက်ပြီး မပူပင်ရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာနိုင်မှာဖြစ်ပါတယ်။

 

နည်းပညာမဖွင့်ဖြိုးသေးတဲ့ အရင်ခေတ်တွေတုန်းကတော့ အသုံးအစွဲကို စီစစ်သုံးစွဲတတ်တဲ့ အိမ်ရှင်မတွေကပဲ ဒီလိုကိစ္စတွေကို စာအုပ်ထဲမှာ နေစဉ်ရေးမှတ်ထားတတ်ကြပါတယ်။ ‘စီးတဲ့ရေ ဆည်တဲ့ကန်သင်း’လိုမျိုး ဆိုရိုးစကားတွေနဲ့ ဂုဏ်ပြုခဲ့ကြပေမယ့် ဒီကနေ့လို ဒီဂျစ်တယ်ခေတ်ကို ရောက်လာခဲ့တဲ့အခါမှာတော့ ဝင်ငွေနဲ့ထွက်ငွေကို စနစ်တကျဖြစ်အောင်သုံးစွဲခြင်းဟာ မိသားစုဝင်တစ်ယောက်ချင်းစီတိုင်းနဲ့ သက်ဆိုင်လာခဲ့ပါပြီ။ 

 

ဒီခေတ်မှာ အသုံးစရိတ်တွေ၊ ဝင်ငွေထွက်ငွေတွေကို စာရွက်ပေါ်မှာရေးမှတ်စရာလည်း မလိုတော့ပါဘူး။ အရွယ်ရောက်သူတိုင်း ဖုန်းကိုင်နိုင်ကြလို့ သက်ဆိုင်ရာဖုန်းတွေရဲ့ အက်ပလီကေးရှင်းစတိုး (App Store)တွေမှာ ကိုယ်ရဲ့လစဉ်ဝင်ငွေနဲ့ထွက်ငွေကို စနစ်တကျ မန်းနေ့ချ်လုပ်ပေးမယ့် Budget Manager App တွေကို ဒေါင်းလုတ်လုပ်ပြီး အလွယ်တကူအသုံးပြုလို့ရနေပါပြီ။ အပြင်ထွက်တိုင်း အလုပ်သွားတိုင်းလည်း ဖုန်းကအမြဲပါနေကြမို့လို့ ကိုယ်သုံးစွဲတာတွေ၊ ဝင်ငွေတွေကို မှတ်တမ်းပြုရာမှာလည်း လွယ်ကူနေပါပြီ။ Budget Manager App တွေကိုအသုံးပြုကာ မိမိက လစဉ်ဘယ်နေရာတွေမှာ ငွေသုံးကြမ်းနေလဲ၊ ဘယ်နေရာတွေမှာ မလိုအပ်ဘဲသုံးမိနေလဲ ဆိုတာတွေကို အသေအချာ ခြေရာခံနိုင်ပါလိမ့်မယ်။ 

 

ဒါမှလည်း မိမိ၏လစဉ်အသုံးစရိတ်ရဲ့ ယိုပေါက်၊စိမ့်ပေါက်တွေကို အမြန်ဆုံးပိတ်ဆို့နိုင်မှာဖြစ်လို့ အင်တာနက်ပေါ်ကနေ အလွယ်တကူဒေါင်းလုတ်လုပ်ပြီး အသုံးပြုလို့ရတဲ့ Budget Manager အက်ပလီကေးရှင်းအချို့ကို TrueMoney က အကြံပြုတင်ပြပေးလိုက်ပါတယ်။

 

iOS အသုံးပြုသူတွေအတွက် Apple Store မှ Budget Manager App များ-

  1. Expense or Pocket Expense 6
  2. MISA MoneyKeeper: Expense Book 
  3. Wallet Story – Expense Manager 

 

Android အသုံးပြုသူတွေအတွက် Play Store မှ Budget Manager App များ-

  1. Budget App – Expense Tracker 
  2. Fast Budget – Expense Manager 
  3. Money Manager Expense & Budget

 

(*ဖော်ပြပါ App တွေအပြင် အခြားအသုံးပြုလို့ကောင်းတဲ့ Budget Manager App တွေလည်း အများကြီးရှိနိုင်ပါတယ်။ သုံးလို့ကောင်းတဲ့ App တွေရှိရင်လည်း မိတ်ဆွေတွေအချင်းချင်း သုံးလို့ရအောင် ညွန်ပေးခဲ့ပါအုန်း။)

 

ငွေကြေးကို စနစ်တကျသုံးစွဲတတ်ပြီး ငွေရေးကြေးရေးကြောင့် ပူပင်ရတဲ့သောကများဘေးမှ ကင်းဝေးကြပါစေ။

Other Articles

Articles
Articles
Articles