ဘာကြောင့် TrueMoney ကို မသမာသူတွေ စိတ်နဲ့တောင် ပြစ်မှားလို့ မရတာလဲ?

Articles
27 June, 2022

ငွေလွှဲငွေထုတ်ရာမှာ ကြားထဲကနေ မသမာသူတွေလိမ်လည်ထုတ်ယူခြင်းကို ခံနေရတဲ့အဓိကအကြောင်းအရင်းတွေကတော့…

 

– ကိုယ်တိုင်ရိုက်ထည့်နေတဲ့ ငွေထုတ်မည့် Password အား အခြားသူတစ်ယောက်ယောက်မှ သိရှိသွားခြင်း၊

– ဒါမှမဟုတ် ငွေလက်ခံမယ့်သူအား Password ပေးပို့ရာမှာ ဖုန်းအကျယ်ကြီးပြောပြီးပေးမိလို့ ဘေးလူတစ်ယောက်ကကြားသွားခြင်း တို့ကြောင့်ဖြစ်နိုင်ချေများပါတယ်။ ငွေထုတ်ယူရမယ့် အရေးကြီးလျို့ဝှက်ချက်တစ်ခု ပေါက်ကြားသွားရာကနေ ‘စ’လိုက်တဲ့ ပြဿနာတစ်ခုပါ။

 

အဲ့ဒီလို ပြဿနာမျိုးတွေရှိတတ်လို့  နည်းပညာသုံးပြီး ငွေလွှဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ လုံခြုံရေးကို မဖြစ်မနေ ဦးစားပေးဆောင်ရွက်ကြရပါတယ်။

 

ဒါကြောင့်လည်း TrueMoney ရဲ့ ငွေလွှဲ System မှာ အရေးကြီးလျို့ဝှက်ချက်ဖြစ်တဲ့ Password ကို စက်ကနေ အလိုလျောက်ရွေးချယ်ပေးလိုက်တဲ့’ ဂဏန်း’ကိုသာ အသုံးပြုထားရခြင်းဖြစ်ပါတယ်။

 

– နံပါတ်(၈) လုံးရှိပြီး OTP ကုဒ် (သို့မဟုတ်) တစ်ခါသုံးလျို့ဝှက်ကုဒ် လို့လည်းခေါ်ပါတယ်။

– ငွေလွှဲသူတစ်ဦးတည်းကိုသာ ဖုန်းမက်ဆေ့ချ်ကျတာမို့ အခြားမည်သူတစ်ဦးတစ်ယောက်ကမှ သိရှိဖို့ရာ မဖြစ်နိုင်ပါဘူး။ 

– မိမိငွေထုတ်စေချင်သူအား OTP ကုဒ် ပေးပို့ရာတွင်လည်း ဖုန်းမက်ဆေ့ချ်မှ ပေးပို့ခြင်း၊ အခြားသူများမသိအောင် ဖုန်းဆက်ပြောခြင်းတို့သာ ပြုမူသင့်ပါတယ်။

 

TrueMoney နဲ့ ငွေထုတ်ရာမှာလည်း OTP ကုဒ် ရော၊ လက်ခံမည့်သူ ဖုန်းနံပါတ်ပါ  နှစ်ခုလုံးမှန်ကန်မှသာ ကိုယ်စားလှယ်အေးဂျင့်က ငွေထုတ်ပေးသွားမှာဖြစ်ပါတယ်။

ဒီလို အကောင်းဆုံးနည်းပညာတွေကို အသုံးပြုလို့လည်း TrueMoney က မြန်မာပြည်သာမက အရှေ့တောင်အာရှမှာပါ အလုံခြုံဆုံး ငွေလွှဲငွေထုတ်ဝန်ဆောင်မှု လုပ်ငန်းအဖြစ် ဦးဆောင်ရပ်တည်နေနိုင်ခြင်းဖြစ်ပါတယ်။ 

 

မိတ်ဆွေများအားလုံး ငွေကြေးလိမ်လည်ခံရခြင်းဘေးမှ ကင်းဝေးကြပါစေ။

 

TrueMoney နဲ့အတူ အလုံခြုံဆုံးငွေလွှဲပြီး ရာခိုင်နှုန်းအပိုမပေးရဘဲ ငွေသားအပြည့်အဝရလို့ စိတ်ချမ်းသာမှုများလည်း ရရှိကြပါစေ။

Other Articles

Articles
Articles
Articles