တရားဝင်ငွေလွှဲ နှင့် တရားမဝင်ငွေလွှဲ အကြောင်းသိကောင်းစရာ

Articles
7 November, 2020

ယနေ့ခေတ်ရဲ့လိုအပ်ချက်အရ နိုင်ငံရပ်ခြားမှာ အလုပ်ထွက်လုပ်နေကြသော မြန်မာလူငယ်ဦးရေဟာ တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာနေပါတယ်။
နိုင်ငံခြားမှာအလုပ်လုပ်သူတွေများလာတာနဲ့အမျှရလာတဲ့’လုပ်အားခတွေကိုမြန်မာနိုင်ငံကမိသားစုတွေဆီပြန်ပို့ဖို့နိုင်ငံခြားငွေလွှဲလုပ်ငန်းတွေကလည်း
အရေးပါတဲ့ကဏ္ဌတစ်ခုဖြစ်လို့လာပါတယ်။

(၁၉၈၀) ‌နှောင်းပိုင်းမှ (၂၀၀၀) အစောပိုင်းကာလတွေထိကတော့ ခင်မင်နီးစပ်ရာငွေလွှဲသူများနဲ့ပဲ ပြည်ပမှ ပြည်တွင်း သို့ ငွေ လွှဲ ပို့ခဲ့ကြရတယ်။ 
’ဈေးကွက်’လိုအပ်ချက်အရပေါ်လာတာဖြစ်ပေမယ့် တရားဝင်တဲ့လုပ်ငန်းတွေတော့ မဟုတ်ခဲ့ပါဘူး။

(၂၀၁၀)ဝန်းကျင်မှာတော့နိုင်ငံအချင်းချင်းကုန်သွယ်မှုလုပ်ငန်းတွေလမ်းပွင့်လာခဲ့ပြီး
သက်ဆိုင်ရာနိုင်ငံအစိုးရအသီးသီးကိုကျသင့်တဲ့အခွန်အခတွေပေးဆောင်ရင်းခေတ်မီနည်းပညာသုံးကုမ္ပဏီတွေကနိုင်ငံခြားတရားဝင်ငွေလွှဲလုပ်ငန်းတွေကိုတရားဝင်အဖြစ်ဦးဆောင်လုပ်ကိုင်လာကြပါတယ်။
သက်ဆိုင်ရာနိုင်ငံအသီးသီးကလည်းငွေကြေးစီးဆင်းမှုဆိုင်ရာဥပဒေများပြဌာန်းပြီးတိုင်းပြည်အတွက်အခွန်အခလဲမရ၊ငွေစာရင်းတိတိကျကျကိုလဲမသိရနိုင်တဲ့တရားမဝင်ငွေလွှဲလုပ်ငန်းများကို အရေးယူနိုင်အောင်ဆောင်ရွက်လာနေတာကို ကြားသိနေကြရပါပြီ။

တရားဝင်ငွေလွှဲ နဲ့ တရားမဝင်ငွေလွှဲတွေကြားထဲက ကွာခြားချက်အချို့ကို ကောက်နုတ်တင်ပြပေးချင်ပါတယ်။

 

(၁) ယုံကြည်စိတ်ချရခြင်း

 

တရားမဝင်ငွေလွှဲထံမှရရှိမယ့် ယုံကြည်စိတ်ချမှုကတော့ လူချင်းရင်းနှီးမှု၊ ငွေလွှဲရဲ့နောက်ခံဘက်ဂရောင်း စတာတွေအပေါ်မှာမူတည်တွက်ချက်တတ်ကြပါတယ်။သို့ပေမယ့်သက်ဆိုင်ရာနိုင်ငံရဲ့ငွေကြေးစီးဆင်းမှုဆိုင်ရာဥပဒေတွေနဲ့ ငြိစွန်းလာတဲ့အခါမှာတော့ တရားမဝင်ငွေလွှဲဟာ အရေးယူခြင်းခံရနိုင်ပါတယ်။ ဒီလိုအရေးယူခံရချိန်မှာ ကိုယ်လွှဲတဲ့ငွေဟာအသေအချာပြန်ရပါ့မလား၊မိသားစုဆီအချိန်မှီရောက်နိုင်ပါ့မလားဆိုတာတွေကိုနိုင်ငံခြားမှာအလုပ်လုပ်နေသူတစ်ယောက်အနေနဲ့အများကြီးစဉ်းစားဖို့လိုလာပါပြီ။

တရားဝင်ငွေလွှဲမှာတော့အလားတူဖြစ်ရပ်မျိုးလုံးဝမကြုံနိုင်ပါဘူး။သက်ဆိုင်ရာနိုင်ငံတွေမှာတရားဝင်မှတ်ပုံတင်ထားရတဲ့ငွေကြေးဝန်ဆောင်မှုကုမ္ပဏီတွေဖြစ်တာနဲ့အညီ နိုင်ငံတော်ဗဟိုဘဏ်တွေနဲ့ပါလက်တွဲလုပ်ကိုင်နေရတာကြောင့်(၁၀၀%)ယုံကြည်စိတ်ချရနိုင်ပါတယ်။

 

(၂) လွယ်ကူ၊လျင်မြန်ခြင်း



 

နိုင်ငံခြားမှာကအလုပ်လုပ်တဲ့နေရာထိပါ ငွေလာကောက်ပေးတဲ့ တရားမဝင်ငွေလွှဲမျိုးတောင်ရှိပါတယ်။
အခုလွှဲ၊ အခုရောက်ဆိုတဲ့ဝန်ဆောင်မှုမျိုးလည်းရှိနိုင်ပေမယ့် မြန်မာနိုင်ငံအနှံမှာတော့ ငွေထုတ်ဖို့ မရနိုင်ပါဘူး။ လုပ်ငန်း၊ လိပ်စာ အတိအကျမရှိတဲ့တရားမဝင်ငွေလွှဲတစ်ယောက်ကိုရောသင်ဘယ်လောက်ယုံကြည်သင့်ပါသလဲ။ကိုယ်ပင်ပန်းစွာရှာဖွေထားတဲ့ငွေအတွက်သေချာပြန်စဉ်းစားပါ။

တရားဝင်ငွေလွှဲကတော့ဥပဒေနဲ့အညီဖွင့်လှစ်ထားတာဖြစ်လို့လုပ်ငန်းလိုင်စင်ရာ လိပ်စာပါ အတည်တကျရှိပါတယ်။ TrueMoney လိုတရားဝင်ငွေလွှဲလုပ်ငန်း နဲ့လွှဲရင် နိုင်ငံခြားကလွှဲငွေတွေကို မြန်မာနိုင်ငံအနှံမှာ အမြန်ဆုံးထုတ်ယူလို့ရနိုင်ပါတယ်။

 

(


၃) လုံခြုံမှု



 

နိုင်ငံခြားက တရားမဝင်ငွေလွှဲတွေဆီမှာ ငွေလွှဲပြီးရင် မိသားစုဆီငွေမရောက်မချင်း 
’ငွေလွှဲဘာမှမဖြစ်ဖို့’ရော သူ့ရဲတစ်ဆင့်ခံငွေလွှဲတွေလည်းဘာမှမဖြစ်ဖို့ပါကိုယ်ကဆုတောင်းပေးနေရပါလိမ့်မယ်။တရားမဝင်ငွေလွှဲတစ်ယောက်ဟာ အချိန်မရွေး ဥပဒေနဲ့ငြိစွန်းနိုင်သလို အခြားတစ်ယောက်ရဲ့ ခိုးယူလုဝှက်ခံရခြင်း၊ လိမ်လည်ခံရခြင်းတို့လည်း ရှိနိုင်လို့ပါ။ တစ်ခုခုဖြစ်လာတာနဲ့ သင်လွှဲတဲ့ငွေအတွက် စိုးရိမ်စရာဖြစ်လာပါပြီ။ 

တရားဝင်ငွေလွှဲကနေ လွှဲတဲ့အခါမှာတော့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပြည့်စုံစွာဖြည့်သွင်းရပါမယ်။ အလုပ်ရှုပ်တယ်လို့ သင်… ထင်ကောင်းထင်နိုင်ပေမယ့်သေချာစဉ်းစားရင်မှတ်တမ်းရှိပြီးသားဖြစ်တာကြောင့်အရေးအကြောင်းတစ်စုံတစ်ရာပေါ်လာခဲ့ရင်တောင်မိမိအမှန်တကယ်လွှဲထားသော ငွေစာရင်းအားပြန်စစ်လို့ရနိုင်တာမျိုးပါ။ နောက်ပြီး OTP လို တစ်ခါသုံးလျို့ဝှက်ကုဒ်ကိုသာ သုံးတဲ့အတွက် မိမိငွေထုတ်စေချင်သူထံကိုသာ စိတ်ချလက်ချရောက်စေမှာပါ။ ငွေစာရင်းမှားရောက်ခြင်းဆိုတာမျိုးလည်း မရှိနိုင်ပါဘူး။

 

(၄)ငွေလဲလှယ်နှုန်း နှင့် ငွေလွှဲခ

ငွေလဲလှယ်နှုန်း

 

အခွန်အခလည်းပေးစရာမလို၊လုံခြုံရေးနည်းပညာတွေလည်းသုံးစရာမလိုတဲ့’တရားမဝင်ငွေလွှဲ’ကဈေးအနည်းငယ်ပိုပေးတတ်တဲ့ သဘောရှိပါတယ်။ လူချင်းရင်းနှီးမှုရှိတဲ့အခါမျိုးမှာလည်း ပိုပေးတတ်ကြပါတယ်။ အခုလွှဲ၊အခုရောက် တဲ့ဝန်ဆောင်မှုမျိုး၊ အလုပ်နေရာထိငွေလာကောက်ပေးတဲ့အခါမျိုးတွေမှာတော့ ငွေလွှဲခကို (သပ်သပ်အပို) ထပ်ပေးရတာမျိုးလည်း ရှိပါတယ်။

’တရားဝင်ငွေလွှဲ’ကတော့ မှတ်ပုံတင်ထားတဲ့ရုံးခန်း၊ဆိုင်ခန်း နေရာမှာသာ ငွေကောက်ခံခြင်းလုပ်ငန်းကိုလုပ်ဆောင်ရကာ ဥပဒေအရ ငွေလဲလှယ်နှုန်းကို တရားဝင်ကြေညာထားရမှာဖြစ်ပြီး ငွေလွှဲမည့်သူအားလုံးအား တပြေးညီသော ဝန်ဆောင်မှုပေးရပါတယ်။ ရရှိနိုင်သောငွေကြေးဝန်ဆောင်မှုတွေကိုလည်း ရှင်းလင်းတိကျစွာဖော်ပြကြေညာပေးထားရပါတယ်။သက်ဆိုင်ရာကုမ္ပဏီအလိုက်ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာရန်လိုအပ်ပြီး အပို(ငွေလွှဲခ) ကောက်ခံခြင်းမျိုးလည်း လုပ်လို့မရပါဘူး။

 

အခုလောက်ဆိုရင်တော့ တရားဝင်ငွေလွှဲနဲ့ တရားမဝင်ငွေလွှဲကြားက ကွာခြားချက်အချို့ကို နားလည်မယ်လို့ထင်မြင်မိပါတယ်။ 
ကိုယ့်ရဲ့ချွေးနည်းစာကို တကယ်လိုအပ်နေတဲ့ ကိုယ့်မိသားစုဆီအပူပင်ကင်းကင်းနဲ့ရောက်အောင် နိုင်ငံခြားမှာနေသူတွေအနေနဲ့ သေချာချင့်ချိန် စဉ်းစားသင့်တယ်လို့ အကြံပြုပါရစေ။

 

အခုလို ရှင်းပြထားတာလေးကို နှစ်သက်တယ်ဆိုရင်လည်း ကိုယ့်လိုပဲနိုင်ငံရပ်ခြားမှာအလုပ်လုပ်နေကြတဲ့မိတ်ဆွေသူငယ်ချင်းတွေမျာများသိအောင်Shareပေးပါဦး။

မသမာသူတွေလိမ်လည်ခြင်းမှကင်းဝေးပြီး ရည်မှန်းချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ။

Other Articles

Articles
Articles
Articles