True Money Myanmar မှ ၎င်း၏အေးဂျင့်များအား ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများကို တိုက်ဖျက်ခြင်းဆိုင်ရာ သင်တန်းပို့ချခြင်း

News
15 January, 2021

သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်ကဘာလဲ?

 

TrueMoney Myanmar၏ အေးဂျင့်များအနေဖြင့် မိမိတို့၏ ဖောက်သည်များအား ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုပေးရာတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ၌ ပါဝင်ပတ်သက်မိခြင်းအား ရှောင်ရှားနိုင်ရန်၊ ထို့ပြင်မိမိတို့၏ နာမည်ဂုဏ်သတင်းကောင်းများအား ထိခိုက်နိုင်မှုကို ရှောင်ရှားနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ လက်ရှိတည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ယေဘူယျအားဖြင့် သိရှိနိုင်ရန် ဤဗဟုသုတဆိုင်ရာသင်တန်းအား ပို့ချရခြင်းဖြစ်ပါသည်။

 

သင်တန်းပို့ချမှုကို ဘယ်လို ရယူလို့ရနိုင်မလဲ?

 

() TrueMoney Myanmar၏ အေးဂျင့်များအနေဖြင့် သင်တန်းတက်ရောက်ရန်  Agent App Version သည်

  5.01.15 ဖြစ်ရန်လိုအပ်ပါသည်။ အဆိုပါ Agent App Version (5.01.15) တွင် All services မှ

 

  • သင်တန်းပို့ချခြင်း/ AML training” Icon ကိုနှိပ်၍ ဝင်ရောက်ရန် လိုအပ်မည်ဖြစ်ပါသည်။
  • Video  အားကြည့်ရှုခြင်းဖြင့်သင်တန်းပို့ချခြင်းကိုလက်ခံရယူပါ။

 

() Videoအားကြည့်ရှုပြီးသည့်နောက် “TAKE THE QUIZ” Button ကို နှိပ်၍ မိမိ၏ Agent ID အား ဖြည့်စွက်ပြီး သိရှိနားလည်မှု စစ်ဆေးခြင်းကို ဖြေဆိုပြီးပါလျှင် သင်သည် သင်တန်းပို့ချမှု ပြီးမြောက်မည်ဖြစ်ပါသည်။

 

အသေးစိတ်စုံစမ်းသိရှိလိုပါက – +95 9 969 519999

[email protected]

Other News

News
News
News