ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေး(၁၀)မျိုး

Articles
17 August, 2022

ကမ္ဘာမှာ တန်ဖိုးအမြင့်ဆုံးငွေကြေး လို့ဆိုလိုက်တာနဲ့  အမေရိကန်ဒေါ်လာ နဲ့ ဗြိတိန်ရဲ့ ‘စတာလင်ပေါင်’တို့ကို အရင်ဆုံးစဉ်းစားမိကြမှာပါ။ ဒါပေမယ့် ဆက်လက်ဖတ်ရှု့ကြည့်မယ်ဆိုရင်တော့ အံ့ဩသင့်စရာ တန်ဖိုးအမြင့်ဆုံးငွေကြေးတွေကို သိရှိသွားပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ဟာ တန်ဖိုးအမြင့်ဆုံးငွေကြေး မဟုတ်ပေမယ့် နိုင်ငံအချင်းချင်းကုန်သွယ်မှုမှာတော့ သူ့ကို ‘စံ’ထားပြီးသုံးစွဲရအောင်တော့ ခိုင်မာလှပါတယ်။(၂၀၂၂) ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

 

အဆင့်(၁၀) ယူရို (EUR)

ယူရိုငွေကြေး ဆိုတာ ဥရောပသမဂ္ဂ (EU) (၁၉)နိုင်ငံ အပါအဝင် (EU) အဖွဲ့ဝင်မဟုတ်တဲ့ အန်ဒိုရာ၊ မိုနာကို၊ ဆန်မာရီနိုနှင့် ဗာတီကန်စီးတီးတို့မှာလည်း (EU) ရဲ့ တရားဝင်သဘောတူညီချက်နဲ့ အသုံးပြုနေတဲ့ငွေကြေးစနစ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာပြီးရင် ဒုတိယ’စံ’ထားပြီး သုံးစွဲရတဲ့ ငွေကြေးပါ။

 

အဆင့်(၉) အမေရိကန်ဒေါ်လာ (USD)

အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုတဲ့ငွေကြေးဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ လူသိအများဆုံးငွေကြေးလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံမှာ သုံးစွဲတဲ့ငွေကြေးဖြစ်သလို နိုင်ငံတကာကုန်သွယ်မှုမှာလည်း ပထမနေရာကနေ ‘စံ’ထားပြီး သုံးစွဲနေကြရတဲ့ငွေကြေးလည်း ဖြစ်ပါတယ်။

 

နံပါတ်(၈) ဆွစ်ဖရန့်စ် (CHF)

ဆွစ်ဇာလန် နဲ့ လန်ချက်စတိန်း နိုင်ငံ(၂)ခုမှာ သုံးစွဲတဲ့ငွေကြေးပါ။ လျို့ဝှက်ပြီး လုံခြုံမှုရှိတဲ့နေရာမှာ ကမ္ဘာကျော်တဲ့ ဆွစ်ဇာလန်ဘဏ်တွေကြောင့် ငွေတန်ဖိုးကြီးမြင့်နေရတာပါ။

 

နံပါတ်(၇) ဗြိတိန်စတာလင်ပေါင် (GBP)

တစ်ခေတ်တစ်ခါက နေမဝင်အင်ပါရာဖြစ်ခဲ့ဘူးတဲ့ ဂရိတ်ဗြိတိန်ရဲ့ ငွေကြေးပါ။ မိခင် အင်္ဂလန်နိုင်ငံအပါအဝင် အခြား’ဓနဿဟာရ’အဖွဲ့ဝင်နိုင်ငံငယ်တွေမှာလည်း ယနေ့ထက်တိုင် သုံးစွဲနေကြဆဲပါ။ ရှေးအကျဆုံးငွေကြေးဖြစ်ပြီး နိုင်ငံတကာကုန်သွယ်မှု သုံးစွဲရာမှာလည်း အဆင့်(၄)နေရာကနေ ‘စံ’ထားပြီး အသုံးပြုကြပါတယ်။

 

နံပါတ်(၆) ဂျီဘရော်တာ’ပေါင်’ (GIP)

‘ဂျီဘရော်တာ’ရဲ့ သုံးစွဲတဲ့ငွေကြေးပါ။ ဗြိတိန်စတာလင်ပေါင် နဲ့ တန်ဖိုးတူညီပြီး နိုင်ငံတကာရေကြောင်း ကုန်သွယ်မှုမှာ အရေးပါတဲ့ ငွေကြေးစနစ်တစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံရဲ့အဓိကဝင်ငွေကို  နိုင်ငံတကာအင်တာနက်’ဂိမ်း’လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေကနေ ရရှိနေပါတယ်။

 

နံပါတ်(၅) ကေမန်နီးယန်း ဒေါ်လာ (KYD)

ကေမန်ကျွန်းနိုင်ငံမှာ အသုံးပြုတဲ့ငွေကြေးပါ။ ယခင်က ဂျမေကန်ဒေါ်လာကိုသာ အသုံးပြုခဲ့ပြီး (၁၉၇၂) နောက်ပိုင်းမှာတော့ ကိုယ်ပိုင်ငွေကြေးနဲ့ အစားထိုးအသုံးပြုခဲ့ရာကနေ အခုဆို ကမ္ဘာ့အဆင့်(၅)တန်ဖိုးရှိဆုံးငွေကြေး အဖြစ် ရပ်တည်နိုင်နေပါပြီ။

 

နံပါတ်(၄) ဂျော်ဒန်နီးယန်း ‘ဒီးနာ’ (JOD)

ဂျော်ဒန်နိုင်ငံမှာ အဓိကအသုံးများပြီး ‘ပါလက်စတိုင်း’မှာလည်း အသုံးပြုကြပါတယ်။ ဂျော်ဒန်နိုင်ငံအစိုးရရဲ့ တင်းကျပ်တဲ့ငွေလဲလှယ်နှုန်းဥပဒေတွေကြောင့်လည်း ငွေကြေးတန်ဖိုးမြင့်မားနေရတာပါ။ အိမ်နီးချင်းနိုင်ငံတွေလို  အတက်အကျကြမ်းတဲ့ ရေနံဈေးကွက်ပေါ်မှာ မမှီခိုတာလည်း ပါ ပါတယ်။

 

နံပါတ်(၃) အိုမန်’ရိရယ်’ (OMR)

အိုမန်နိုင်ငံသုံး ငွေကြေးပါ။ အာရေးဗျကျွန်းဆွယ်ရဲ့ အရှေ့တောင်ဘက် ကမ်းရိုးတန်းမှာတည်ရှိပြီး နိုင်ငံရဲ့အဓိကဝင်ငွေကတော့ နိုင်ငံပိုင်ရေနံလုပ်ငန်းပါ။

 

နံပါတ်(၂) ဘာရိန်း’ဒီးနာ’ (BHD)

အာရေးဗျပင်လယ်ကွေ့ထဲက ဘာရိန်းနိုင်ငံသုံး ငွေကြေးဖြစ်ပါတယ်။ ရေနံတင်ပို့မှုကိုသာ အဓိကအားကိုးနေရတာဖြစ်သလို အဓိကကုန်သွယ်နေတဲ့နိုင်ငံကတော့ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံပါ။ ကမ္ဘာမှာ ဒုတိယအမြင့်ဆုံးငွေကြေးကိုသုံးစွဲနေတဲ့ အချက်ကြောင့်လည်း အခြားနိုင်ငံတော်တော်များများက ဘာရိန်းနိုင်ငံနဲ့ ကုန်သွယ်ဖို့ရာ စိတ်ဝင်စားမှုရှိကြပါတယ်။

 

နံပါတ်(၁) ကူဝိတ်’ဒီးနာ’ (KWD)

ကူဝိတ်နိုင်ငံသုံး ကူဝိတ်’ဒီးနာ’ ထက် ပိုမြင့်တဲ့ငွေကြေးတော့ မရှိတော့ပါဘူး။ ဘာရိန်းလိုပဲ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ အများဆုံးကုန်သွယ်ပါတယ်။ ရေနံထွက်တဲ့နိုင်ငံတွေရဲ့ စီးပွားရေးတည်ငြိမ်မှုကြောင့် ကူဝိတ်’ဒီးနာ’ ငွေကြေးဟာ လက်ရှိမှာ ကမ္ဘာတန်ဖိုးအမြင့်ဆုံးငွေကြေးအဖြစ် ရပ်တည်နေကြောင်း တင်ပြပေးလိုက်ပါတယ်။

 

အခုလိုငွေကြေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို TrueMoney ဝက်ဆိုဒ်မှာ မကြာခဏတင်ဆက်ပေးသွားမှာဖြစ်လို့ လာရောက်ဖတ်ရှု့ဖို့ကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်။

Other Articles

Articles
Articles
Articles