WayWayShaung

လိမ်လည်မှုတွေ ကာကွယ်နိုင်မယ့်နည်းလမ်းတွေ ကိုလူထုဆီသို့အတူတကွ ဝေမျှပေးကြ ရအောင် 🤝

True Money Myanmar က “ဝေးဝေးရှောင်” အွန်လိုင်းအသိပညာပေး ပရောဂျက်နဲ့ Corporate and Public Engagement Partner အဖြစ်ပူးပေါင်းပြီး လူထုအတွင်း လိမ်လည်မှုကာကွယ်ရေး Awareness မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။

“ဝေးဝေးရှောင်” ဆိုတာ

check_circleU.S. Embassy Rangoon ရဲ့ ကူညီပံ့ပိုးမှု့နဲ့အတူ

check_circleထိုင်းနိုင်ငံ၊ Chulalongkorn University (Faculty of Communication Arts) မှ Academic Endorsement (ပညာရေးဆိုင်ရာ အသိအမှတ်ပြုထောက်ခံချက်) ရရှိထားတဲ့ခိုင်မာတဲ့သင်ရိုးညွှန်းတမ်းကို အသုံးပြုပြီး

check_circleအွန်လိုင်းလိမ်လည်မှု ကာကွယ်နည်းတွေ အပြင် International Organization for Migration (IOM) နဲ့ ပူးပေါင်းပြီး Scam မှ တစ်ဆင့်ဖြစ်လာနိုင်တဲ့ လူကုန်ကူးမှုအန္တရာယ် အကြောင်းကိုပါ ထိထိရောက်ရောက် အသိပညာပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ယနေ့ခေတ်မှာ Online Scam တွေက ဝန်ထမ်းတွေ၊ စီးပွါးရေးလုပ်ငန်းတွေနဲ့ လူထုအတွက် အန္တရာယ်များလာတာကြောင့်CSR (Corporate Social Responsibility) အစီအစဉ်အောက်မှာ Digital Safety Education ကိုလည်း အရေးကြီးအနေဖြင့် ထည့်သွင်းဆောင်ရွက်သင့်ပါတယ်။ ဒါကြောင့် “ဝေးဝေးရှောင်” နဲ့ အတူတူ Training Programs တွေ ပိုပြုလုပ်ပေးသွားဖို့စီစဉ်ထားပါတယ်။

“ဝေးဝေးရှောင်” နှင့် ဆောင်ရွက်ထားသော Training Programs များ

📚 Training Programs (Corporate Impact)

ဝန်ထမ်းတွေအတွေက် Digital Safety & Scam Prevention Training Sessions တွေ ကို Host & Support ပြုလုပ်ပေးမှာဖြစ်တာကြောင့်ဝန်ထမ်းတွေက
check_circleScam Red Flags ခွဲခြားသိမြင်ခြင်း
check_circleOnline လုံခြုံစွာ အသုံးပြုနိုင်ခြင်း၊
check_circleFraud & Deepfake အန္တရာယ်များ နားလည်နိုင်ခြင်း၊
check_circleScam ဖြစ်ပွားချိန်ဘယ်လို တုံ့ပြန်မည်ကို သိရှိနိုင်ခြင်း စတာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

🎬 Public Engagement (Awareness Expansion)

Training တွေသာမကဘဲ လူထုအတွင်း Awareness ပိုမိုဖြန့်ဝေဖို့အတွက် WayWay Shaung Cartoon Series & Creative Educational Content တွေ ကို လည်း
check_circleIn-venue Screens
check_circleNotice Boards
check_circleDigital Displays
check_circlePublic Communication Channels တွေ ကတွေ တဆင့်ဖြန့်ဝေပြသ ပေးသွားဦးမှာပါ။

#ScamAwarenessTraining#WayWayShaung#ClickCrossInitiative#ClickSafe#AEIF#CrossScams#WayWayShaungXTrueMoneyMyanmar#Exchangealumni#Scamဆိုဝေးဝေးရှောင်#အွန်လိုင်းလိမ်လည်မှုအသိပညာပေးသင်တန်း

လိမ်လည်မှု အသိပညာပေး သင်ခန်းစာများ

Episode 1: “ဆုအကြီးကြီးပေါက်ပြီဟေ့”

Episode 2: “လစာ ဘယ်မှာလဲ”

Episode 3: “အချစ်ရဲ့ တန်ဖိုး” 

Episode 4: “ဒုက္ခပေးတဲ့ စာတို” 

Episode 5: “သူငယ်ချင်း‌‌ယောင် ဆောင်တဲ့သူ” 

Episode 6: “ရောက်မလာတဲ့ ပါဆယ်” 

Episode 7: “နိုင်ငံခြားမှာ အလုပ်လုပ်မယ်”