TrueMoney Myanmar မှ CEO နှင့် Country Managing Director အသစ် ခန့်အပ်

Articles
20 December, 2024

ကမ္ဘောဒီးယားနှင့် မြန်မာစျေးကွက်အုပ်စု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သော Khuon Frandara (Dara) သည် ကမ္ဘောဒီးယားနိုင်ငံမှ လုပ်ငန်းအမှုဆောင်တစ်ဦးဖြစ်ပြီး ငွေကြေးလုပ်ငန်းတွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသူဖြစ်ပါသည်။ ထို့အပြင် သူမသည် ခိုင်မာသော ဆက်ဆံရေးများ တည်ဆောက်နိုင်မှု၊ စွမ်းဆောင်ရည် ကောင်းမွန်သော အဖွဲ့များကို ဦးဆောင်ပေးနိုင်မှုနှင့် စျေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီပြီး ဆန်းသစ်သောဝန်ဆောင်မှုများကို ပေးအပ်နိုင်မှုတို့ကြောင့် လူသိများသည့်အပြင် သူမ၏ ကျွမ်းကျင်မှုများသည် ဘဏ္ဍာရေး နည်းဗျူဟာ၊ လုပ်ငန်းပိုင်း ထူးချွန်မှုနှင့် အသုံးပြုသူဗဟိုပြု တီထွင်ဆန်းသစ်မှုများကို ပိုမိုကောင်းမွန်စေပါသည်။

 

ကမ္ဘောဒီးယားနှင့် မြန်မာစျေးကွက်အုပ်စုအတွက် အမှုဆောင်အရာရှိချုပ်အဖြစ် တိုးချဲ့တာဝန်ယူရာတွင် Khuon Frandara (Dara) သည် စျေးကွက်နှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုနှင့် TrueMoney ၏ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အပါအဝင် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကို အလွယ်တကူမရရှိနိုင်သော      ပြည်သူလူထုများကို ငွေကြေးဝန်ဆောင်မှုများဖြင့် ပံ့ပိုးနိုင်ရန် အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ပါသည်။


အသစ်ခန့်အပ်ထားသော မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းလင်းသည် နည်းပညာ၊ ဘဏ္ဍာရေးနှင့် ကော်ပိုရိတ်စီမံခန့်ခွဲမှုတို့တွင် နိုင်ငံတကာအတွေ့အကြုံ နှစ် ၂၀ ကျော် ရှိသူဖြစ်ပါသည်။ သူသည် ကယ်လီဖိုးနီးယားနှင့် မြန်မာနိုင်ငံရှိ ထင်ရှားသော အဖွဲ့အစည်းများတွင် အကြီးတန်း ခေါင်းဆောင်မှု ရာထူးများကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး Fintech (ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ)၊ ဒစ်ဂျစ်တယ် ငွေပေးချေမှုနှင့် ဘဏ်လုပ်ငန်းများတွင် အဓိကလုပ်ကိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုတွင် ဦးထွန်းထွန်းလင်းသည် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီစေရန်နှင့် ငွေကြေးဝန်ဆောင်မှုများကို အလွယ်တကူ မရရှိနိုင်သော လူမှုအသိုက်အဝန်းများအတွက် ဝန်ဆောင်မှုများ ပိုမိုပေးအပ်နိုင်စေရန် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါသည်။

သတင်းထုတ်ပြန်ချက်အပြည့်အစုံအားဖတ်ရှုရန်

Other Articles

Activities
Activities
Activities