TrueMoney Myanmar မှ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးများရှိ COVID-19 ကပ်ရောဂါကြောင့် အကြပ်အတည်းဖြစ်နေသူများအား ထောက်ပံ့ကူညီ

Activities
2 July, 2020

COVID-19 ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် ယခုကာလသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ခက်ခဲကြပ်တည်းနေသောကာလဖြစ်ပြီး မတူညီသော အဖွဲ့အစည်းများမှ  ကူညီထောက်ပံ့ရေး လုပ်ဆောင်ချက်များကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိကြသည်။ TrueMoney Myanmar အနေဖြင့်လည်း ဤကဏ္ဍ တစ်စိတ်တစ်ပိုင်းမှ ပါဝင်ခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိသည်။ ထိုသို့ပါဝင်ကူညီလှူဒါန်းရာတွင် TrueMoney Myanmar သည် ရန်ကုန်မြို့ရှိ We Love Yangon အဖွဲ့၊ မန္တလေးမြို့အခြေစိုက် မနောကြာဖြူပရဟိတအဖွဲ့တို့နှင့် ပူးပေါင်းပြီး ၂၀၂၀ ခုနှစ် ဇွန် ၁ ရက်နေ့မှ ဇွန် ၉ ရက်နေ့အတွင်း ရန်ကုန်၊ ပဲခူးနှင့် မန္တလေးမြို့များမှ ဆင်းရဲချို့တဲ့၍ အကူအညီလိုအပ်နေသူများအား  အစားအသောက်နှင့် အခြားလိုအပ်သည့်ပစ္စည်းများကို လှူဒါန်းခဲ့သည်။







“ကိုရိုနာဗိုင်းရပ်စ်ကို ခုခံရာမှာ TrueMoney Myanmar အနေနဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ လူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကျွန်မတို့အနေနဲ့ နားလည်သဘောပေါက်ထားပြီး လူ့အဖွဲ့အစည်းရဲ့ ကြပ်တည်းနေတဲ့ ကဏ္ဍတွေကို ကူညီဖို့အတွက် ပရဟိတလုပ်ငန်းတွေနဲ့ အခုလိုပူးပေါင်းလုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ အစားအသောက်ပေးဝေရေးအပြင် COVID-19 ဒဏ်ကြောင့် အထိနာသွားတဲ့ တစ်ဦးတစ်ယောက်ချင်းစီနဲ့ အဖွဲ့အစည်းတွေကို ကူညီပေးဖို့ရည်သန်တဲ့ ဒီလိုမွန်မြတ်တဲ့အလှူမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်” ဟု TrueMoney Myanmar ၏ Head of Marketing ဖြစ်သူ မခင်တီကြိုင်စိုးက ဆိုသည်။







“TrueMoney ရဲ့ အခုလို စိတ်အားထက်သန်စွာ ပါဝင်ကူညီမှုအတွက် ကျွန်တော့်အနေနဲ့ အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ ဝင်ငွေနည်းပါးပြီး COVID-19 ကပ်ရောဂါကြောင့် အရမ်းကိုအခက်အခဲဖြစ်နေတဲ့ အခြေခံ မိသားစုတွေကိုထောက်ပံ့ပေးနိုင်ဖို့  ပါဝင်အကျိုးပြုပေးခဲ့တဲ့ TrueMoney ကို We Love Yangon အဖွဲ့အစည်းကိုယ်စားလည်း အထူးကျေးဇူးတင်ပါတယ်။ ပြည်တွင်းလူ့အဖွဲ့အစည်းရဲ့ဘဝတွေကို မြှင့်တင့်ပေးပြီး လူထုကို ကောင်းသောပြောင်းလဲမှုတွေ ယူဆောင်လာပေးဖို့ We Love Yangon က အမြဲကြိုးပမ်းလျက် ရှိပါတယ်။ TrueMoney ရော ကျွန်တော်တို့ပါ လူ့အဖွဲ့အစည်းကို မွန်မြတ်တဲ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်လိုသူတွေ ဖြစ်တာကြောင့် ရှေ့လျှောက်မှာလည်း ထပ်မံလက်တွဲဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု We Love Yangon ပရဟိတအဖွဲ့အစည်း၏ ဒုဥက္ကဌ (သန့်ရှင်းသာယာရေးဌာန) ဦးတင်အောင်လတ်မှ ပြောကြားခဲ့သည်။






Other Activities

Activities
Activities
Activities