ထရူးမန်းနီး မြန်မာ နှင့် A Bank တို့ အကျိုးတူပူးပေါင်း
Activities
3 October, 2025
ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုတွင် ဈေးကွက်ဦးဆောင်နေသော ထရူးမန်းနီးမြန်မာ နှင့် ဘဏ်ငွေကြေးဆိုင်ရာ လုပ်ငန်းများတွင် ခိုင်မာစွာရပ်တည်လုပ်ကိုင်နေသော A Bank တို့ သည် နည်းပညာသုံးငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ တစ်ဆောင်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခုလို ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ပြည်တွင်း၊ ပြည်ပ ငွေကြေးစီဆင်းမှုများနှင့်ဆက်စပ်လုပ်ဆောင်မှုများတွင် ပိုမိုလုံခြုံစိတ်ချစွာဖြင့် ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်သလို အသုံးပြုသူများအနေဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ရရှိခံစားနိုင်မှာဖြစ်ပါသည်။