True Money Myanmar က “ဝေးဝေးရှောင်” အွန်လိုင်းအသိပညာပေး ပရောဂျက်နဲ့ Corporate and Public Engagement Partner အဖြစ်ပူးပေါင်းပြီး လူထုအတွင်း လိမ်လည်မှုကာကွယ်ရေး Awareness မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။
“ဝေးဝေးရှောင်” ဆိုတာ
U.S. Embassy Rangoon ရဲ့ ကူညီပံ့ပိုးမှု့နဲ့အတူ
ထိုင်းနိုင်ငံ၊ Chulalongkorn University (Faculty of Communication Arts) မှ Academic Endorsement (ပညာရေးဆိုင်ရာ အသိအမှတ်ပြုထောက်ခံချက်) ရရှိထားတဲ့ခိုင်မာတဲ့သင်ရိုးညွှန်းတမ်းကို အသုံးပြုပြီး
အွန်လိုင်းလိမ်လည်မှု ကာကွယ်နည်းတွေ အပြင် International Organization for Migration (IOM) နဲ့ ပူးပေါင်းပြီး Scam မှ တစ်ဆင့်ဖြစ်လာနိုင်တဲ့ လူကုန်ကူးမှုအန္တရာယ် အကြောင်းကိုပါ ထိထိရောက်ရောက် အသိပညာပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ယနေ့ခေတ်မှာ Online Scam တွေက ဝန်ထမ်းတွေ၊ စီးပွါးရေးလုပ်ငန်းတွေနဲ့ လူထုအတွက် အန္တရာယ်များလာတာကြောင့်CSR (Corporate Social Responsibility) အစီအစဉ်အောက်မှာ Digital Safety Education ကိုလည်း အရေးကြီးအနေဖြင့် ထည့်သွင်းဆောင်ရွက်သင့်ပါတယ်။ ဒါကြောင့် “ဝေးဝေးရှောင်” နဲ့ အတူတူ Training Programs တွေ ပိုပြုလုပ်ပေးသွားဖို့စီစဉ်ထားပါတယ်။