TrueMoney’s Earthquake Relief Efforts for Myanmar

Activities
18 July, 2025

TrueMoney သည် မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် မတည်ငွေ ထိုင်းဘတ်ငွေ ၁ သန်း နှင့်အတူ ဒေသတွင်း အလှူငွေကောက်ခံမှု အစီအစဉ် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခြင်း

 

 

ရန်ကုန်၊ မြန်မာ – ၂၀၂၅ ခုနှစ်၊ မေလ – အရှေ့တောင်အာရှ ထိပ်တန်း ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် TrueMoney မှ မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင် နှင့်ပတ်သက်၍ ငလျင်ဘေးသင့်ခံစားခဲ့ရသော ပြည်သူများအား ကူညီရန် ဒေသတွင်းလှူဒါန်းမှု အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ TrueMoney မြန်မာ၊ ထိုင်းနှင့် ကမ္ဘောဒီးယား ရုံးခွဲများမှ ပူးပေါင်းမတည်ငွေ ထိုင်း ဘတ် ၁ သန်း နှင့်အတူ TrueMoney မိသားစုများ၊ ကိုယ်စားလှယ်များနှင့် အသုံးပြုသူများမှ ပါဝင်လှူဒါန်းခဲ့ကြပါသည်။ ယခုလို လှုပ်ရှားမှုသည် အရေးပေါ်အခြေအနေတွင် စုပေါင်းအင်အားဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှု၏ အရေးပါပုံကို ပိုမိုမြင်သာစေခဲ့ပါသည်။

 

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့သော ဤလှူဒါန်းမှုတွင် TrueMoney ၏ ဒီဂျစ်တယ်ငွေပေးချေခြင်း ဝန်ဆောင်မှုကို အသုံးပြုပြီး လှူဒါန်းမှုများကို လွယ်ကူစွာ ပြုလုပ်နိုင်ခဲ့သည်။ လှူဒါန်းရရှိငွေ စုစုပေါင်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) တို့ထံ လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် လိုအပ်သောနေရာများတွင် ထောက်ပံ့ကူ ညီနိုင်စေရန် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ ငလျင်ထူထောင်ရေးအတွက် လှူဒါန်းရေး လှုပ်ရှားမှုသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ပြီးဆုံးခဲ့သော်လည်း ထိုင်းနိုင်ငံရှိ TrueMoney မှ ၂၀၂၅ ခုနှစ်၊ မေလ အလယ်အထိ လှူဒါန်းမှုများကို လက်ခံထားရှိခဲ့ပြီး ရရှိထားသော လှူဒါန်းငွေများကိုလည်း ထိုင်းကြက်ခြေနီအသင်း (TRCS) ထံသို့ တိုက်ရိုက်လွှဲပြောင်းကာ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီပေးခဲ့ပြီးဖြစ်ပါသည်။

 

 

TrueMoney ၏ ဥက္ကဋ္ဌ Mr. Tanyapong Thamavaranukupt မှ “ယခုလို လှုပ်ရှားမှုဟာ TrueMoney ရဲ့ လူသားချင်း စာနာထောက်ထားမှု နဲ့ အရေးကြုံလာတဲ့အချိန်မှာ စည်းလုံးညီညွတ်မှု ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ထိုင်း၊ မြန်မာ၊ ကမ္ဘာဒီးယား မှ ဝန်ထမ်းများ၊ ကိုယ်စားလှယ်ကြီးများနဲ့ အသုံးပြုသူများအနေနဲ့ နယ်ိနမိတ်ဖြတ်ကျော် စုပေါင်းလှူဒါန်းနိုင်ခြင်းဟာလည်း နည်းပညာရဲ့ အရေးပါမှုကို ဖော်ပြနေသလို အခက်အခဲများကို တစ်သားတည်းရပ်တည်ဖြေရှင်းနိုင်စွမ်းကိုလည်း ပြသနေတာဖြစ်ပါတယ်” ဟု ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

 

အပြည့်အစုံဖတ်ရှုရန်

Other Activities

Activities
Articles
Activities