ထရူးမန်းနီးနဲ့အတူ ဖေးမကူ

News
4 April, 2025

လက်ရှိမြန်မာပြည်တွင် လုပ်ဆောင်နေတဲ့ ငလျင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် လှူဒါန်းလိုသူများအနေနဲ့ ထရူးမန်းနီး အေးဂျင့်အက်ပလီးကေးရှင်း သုံးပြီး ဝန်ဆောင်ခ “အခမဲ့” ဖြင့် တိုက်ရိုက်လှူဒါန်းနိုင်မယ့် “Donation Billar Program” လေးကို ဖော်ဆောင်လိုက်ပါတယ်။ 

TrueMoney Myanmar မှ TrueMoney Thailand၊ TrueMoney Cambodia တို့နဲ့ ပူးပေါင်းပြီး မတည်ငွေ ထိုင်းဘတ် ၁ သန်း နဲ့အတူ လှူဒါန်းရရှိငွေ စုစုပေါင်းကို ငလျင်ဘေးသင့်မြေပြင်ဒေသများအတွက် တိုက်ရိုက် ပံ့ပိုးကူညီနေသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသတွင်း အဖွဲ့အစည်းများမှတဆင့် ငလျင်ဘေးသင့် ဒေသများအတွက် ခွဲဝေ လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

ထရူးမန်းနီး အေးဂျင့်အက်ပလီကေးရှင်း အသုံးပြုပြီး ငလျင်အတွက် လှူဒါန်းပုံ အဆင့်ဆင့်

 

အဆင့် (၁) – ပင်မ စာမျက်နှာမှ “ငလျင်အတွက် အလှူ” ကို နှိပ်ပါ။

အဆင့် (၂) – လှူဒါန်းသူ အမည်၊ ဖုန်းနံပါတ် နဲ့ လှူဒါန်းမည့် ငွေပမာဏကို ရိုက်ထည့်ပါ။

အဆင့် (၃) – အချက်အလက်မှန်ကန်ကြောင်းစစ်ဆေးပြီး အတည်ပြုပါ။

အဆင့် (၄) – ဝန်ဆောင်ခ အခမဲ့ ဖြင့် ငလျင်အတွက် လှူဒါန်းခြင်း အောင်မြင်ပါသည်။ 

ထို့နောက်… လှူဒါန်းသူ၏ ဖုန်း နံပါတ် သို့ “လှူဒါန်းမှု အောင်မြင်ကြောင်း” SMS ရရှိမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရှိ မိတ်ဖက်လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီများ၊ Corporation များ အနေဖြင့်  ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဝန်ဆောင်ခ အခမဲ့ ဖြင့် လှူဒါန်းကူညီနိုင်မည့်  ထရူးမန်းနီး၏ “Donation Billar Program” အစီအစဉ်ကို စိတ်ဝင်စားပါက ကို ဖြိုးဖြည့်စုံဝင်း – ၀၉ ၇၉၄ ၆၄၂ ၀၃၉ ၊ မ စိုစိုအောင် ၀၉ ၇၆၀ ၂၅၅ ၂၁၀ သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

Other News

News
News
Activities