အာရှမှ နည်းပညာသုံးငွေကြေးဝန်ဆောင်မှု(Fintech)ကုမ္ပဏီဖြစ်သည့် TrueMoney နှင့် ကမ္ဘာသုံး ငွေပေးချေမှုကွန်ရက် Thunes တို့ အကျိုးတူပူးပေါင်းကာ မြန်မာနိုင်ငံရှိ ငွေလွှဲဝန်ဆောင်မှုများကိုချဲ့ထွင်မည်

News
11 August, 2020

ဤအကျိုးတူပူးပေါင်းမှုကြောင့် မြန်မာနိုင်ငံနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများမှ လူအများ၏ ငွေပေးချေခြင်း၊ ငွေလွှဲပို့ခြင်းနှင့် ငွေလက်ခံခြင်းနည်းလမ်းများ ပြောင်းလဲသွားနိုင်ပြီး TrueMoney အသုံးပြုသူ ၅၈ သန်းသည်လည်း နိုင်ငံပေါင်း ၁၀၀ သို့ ငွေလွှဲပို့နိုင်မည်ဖြစ်သည်။

စင်ကာပူ/ထိုင်း။ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၁ ရက် — နည်းပညာသုံးငွေကြေးဝန်ဆောင်မှု(Fintech)တွင် အရှေ့တောင်အာရှ၏ ထိပ်တန်းကုမ္ပဏီဖြစ်သော TrueMoney သည် ကမ္ဘာတဝှန်းအသုံးပြုနေသည့် နိုင်ငံရပ်ခြားငွေပေးချေမှုဝန်ဆောင်မှုကုမ္ပဏီ Thunes နှင့် ကမ္ဘာအနှံ့ရှိ ငွေလွှဲဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် အကျိုးတူပူးပေါင်းခဲ့သည်။ ယင်းအကျိုးတူပူးပေါင်းမှုကြောင့် TrueMoney အသုံးပြုသူများအနေဖြင့် Thunes ၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက်များမှတဆင့် မည်သည့်နိုင်ငံမှငွေလွှဲကိုမဆို လက်ခံအသုံးပြုနိုင်မည်ဖြစ်ပြီး ဤဝန်ဆောင်မှုကို နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ ငွေကြေးအမျိုးအစားပေါင်း ၆၀ အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ယခုပူးပေါင်းမှုအတွက် ပထမဆုံး အကျိုးခံစားရမည့်နိုင်ငံဖြစ်ပြီး မကြာခင်တွင် Thunes ၏ ငွေလွှဲခြင်းဆိုင်ရာ မိတ်ဖက်များက အရှေ့တောင်အာရှရှိ TrueMoney ၏ ကိုယ်စားလှယ်ကွန်ရက်များကို အသုံးပြုနိုင်လာမည်ဖြစ်သည်။ အမေရိကန်အပါအဝင် ကမ္ဘာအနှံ့တွင်နေထိုင်နေသည့် မြန်မာများမှ မြန်မာနိုင်ငံအတွင်းရှိ ငွေလက်ခံသူ အဆင်ပြေနိုင်မည့် မည်သည့် TrueMoney ငွေထုတ်နေရာများသို့မဆို စိတ်ချ ယုံကြည်စွာ၊ အဆင်ပြေသက်သာစွာနှင့် မြန်ဆန်စွာ ငွေလွှဲပို့နိုင်မည်ဖြစ်သည်။ လွှဲပို့သောငွေများကို အမေရိကန်ဒေါ်လာမှ မြန်မာကျပ်ငွေသို့လည်း တပြိုင်နက်ထဲ ပြောင်းလဲပေးသွားမည်ဖြစ်သည်။

Ascend Money Co., Ltd. ၏ International Business ဌာန အုပ်ချုပ်မှုဒါရိုက်တာနှင့် TrueMoney ၏ အော်ပရေတာလည်းဖြစ်သူ Dale Kim က “Thunes နဲ့ အကျိုးတူပေါင်းပေါင်းလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာမှာ ပိုပြီး ချိတ်ဆက်မှုရှိလာတဲ့အပြင် Thunes ရဲ့ နိုင်ငံတကာက သုံးစွဲသူတွေနဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေလည်း ချိတ်ဆက်နိုင်သွားပါတယ်၊ ဒီအချက်တွေက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆန်းသစ်သော ငွေကြေးဝန်ဆောင်မှုပေးနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုကိုဆောင်ကြဉ်းပေးရန် ဆိုတဲ့ အချက်ကို ပိုမိုအသက်ဝင်စေခဲ့ပါတယ်၊ ကျွန်တော်တို့ အတူတကွပူးပေါင်းပြီး တမူထူးခြားဆန်းသစ်တဲ့၊ သုံးစွဲသူတွေအတွက် ကောင်းမွန်မြန်ဆန်တဲ့ ငွေလွှဲစနစ်တွေကို အဓိကထားလုပ်ဆောင်သွားပါမယ်” ဟု ပြောသည်။

Thunes ၏ CEO ဖြစ်သူ Peter De Caluwe က “TrueMoney နဲ့ အကျိုးတူပူးပေါင်းခွင့်ရပြီး ကမ္ဘာအနှံ့က ငွေလွှဲတွေကိုလက်ခံနိုင်ဖို့ကွန်ရက်ချဲ့ထွင်တဲ့နေရာမှာ အတူလုပ်ဆောင်ခွင့်ရတာ ကျေနပ်ပျော်ရွှင်မိပါတယ်၊ ဒီလိုပူးပေါင်းတာဟာ နိုင်ငံတကာမှမိတ်ဖက်တွေအတွက် ငွေပေးချေမှု နည်းလမ်းအသစ်တွေ တိုးချဲ့ပေးနိုင်ရန်နဲ့ အရှေ့တောင်အာရှမှာ ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေကို ချဲ့ထွင်နိုင်ရန်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီနေပါတယ်၊ ကျွန်တော်တို့ရဲ့ ခေတ်မီ နည်းပညာတွေကြောင့် နိုင်ငံဖြတ်ကျော်ငွေပေးချေမှုပိုင်းဆိုင်ရာ လုပ်ငန်းအဆင့်တွေကို ချောမွေ့စေမှာဖြစ်လို့ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ဆောင်နေသူတွေလည်း လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်နဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ယခုကဲ့သို့ Thunes နှင့် မပူးပေါင်းမီက TrueMoney ၏ နိုင်ငံဖြတ်ကျော်ငွေပေးချေမှုစနစ်ကို TrueMoney ၏ mobile wallet သို့မဟုတ် ငွေသွားရောက်ထုတ်ယူရသည့် TrueMoney agent များမှ တဆင့်အသုံးပြုရပြီး အချို့ ဈေးကွက်များတွင်သာအသုံးပြုနိုင်ခဲ့သည်။ ယခုပူးပေါင်းမှုကြောင့် Thunes ၏ ငွေပို့ငွေလွှဲမိတ်ဖက် အားလုံးသည် TrueMoney ၏ ကိုယ်စားလှယ်ကွန်ရက်အားလုံးကို အသုံးပြုနိုင်သွားမည်ဖြစ်သည်။

Thunes ၌ တကမ္ဘာလုံးအတိုင်းအတာအားဖြင့် ပူးပေါင်းထားသည့် မိတ်ဖက်ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဈေးကွက်များတွင်  အကြီးဆုံးကွန်ရက် ပိုင်ဆိုင်ထားသည်။ Thunes နှင့် ပူးပေါင်းဆောင်ရွက် သူများတွင် Western Union, Ria Money Transfer, Remitly နှင့် အခြားသော ထိပ်သီးငွေကြေးဆိုင်ရာ အဖွဲ့အစည်းများပါဝင်သည်။

###

Thunes အကြောင်း
Thunes သည် စီးပွားရေးလုပ်ငန်းအချင်းချင်း ချိတ်ဆက်ကာ နိုင်ငံဖြတ်ကျော်ငွေပေးချေမှုများကို လုပ်ဆောင်နိုင်ရန် အတွက် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းဖြစ်ပါသည်။ Thunes ကို နိုင်ငံပေါင်း ၁၀၀ ကျော်မှ၊ ငွေကြေးအမျိုးအစားပေါင်း ၆၀ ကို အသုံးပြုနေသည့် mobile wallet လုပ်ဆောင်သူများ၊ ဘဏ်များ၊ နည်းပညာကုမ္ပဏီများနှင့် ငွေလွှဲဝန်ဆောင်ပေးသူများဖြင့်ချိတ်ဆက်ထားသည်။ Thunes ဌာနချုပ်သည် စင်ကာပူနိုင်ငံတွင် တည်ရှိ ပြီး လန်ဒန်၊ ရှန်ဟိုင်းနှင့် နယူးယော့မြို့များတွင် ရုံးခွဲများရှိသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက “www.thunes.com”တွင်ကြည့်ရှုနိုင်သည်။

TrueMoney အကြောင်း
TrueMoney သည် နည်းပညာသုံးငွေကြေးဝန်ဆောင်မှုကဏ္ဍ(Fintech)တွင် အရှေ့တောင်အာရှ၏ ထိပ်တန်း ကုမ္ပဏီဖြစ်ပြီး ထိုင်း၊ ကမ္မောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားရှိ အသုံးပြုသူများအတွက် ဝန်ဆောင်ပေးလျက် ရှိသည်။

TrueMoney ကို ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် Ascend Group ၏ တစ်စိတ်တပိုင်းဖြစ်လာခဲ့ကာ ၂၀၁၆ ခုနှစ်မှ စတင်၍ Ant Financial Service Group နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ယခုအခါတွင် TrueMoney သည်  နေ့စဉ်ဘဝ ငွေကြေးသုံးစွဲမှုများတွင် အဆင်ပြေလွယ်ကူစေသဖြင့် လူကြိုက်များသော e-wallet application ဖြစ်သည့် TrueMoney Wallet မှ တဆင့် အမျိုးမျိုး သော ငွေကြေးဝန်ဆောင်မှုများကိုပေးလျက်ရှိသည်။ TrueMoney ၏အရှေ့တောင်အာရှတစ်ခွင်ရှိ  ဝန်ဆောင်မှုကွန်ရက်များနှင့် offline ငွေပေးချေမှုဝန်ဆောင်မှုများသည် ဒေသတွင်းရှိ သန်းပေါင်းများစွာသော အသုံးပြုသူများကို  ဆန်းသစ်သောငွေကြေးဝန်ဆောင်မှကို သုံးစွဲနိုင်စေရုံမက  ပိုမိုသာယာသော ဘဝနေထိုင်မှုကို ရရှိစေပါသည်။

Other News

Activities
Activities
Activities