(၂၀၂၃)ခုနှစ်တွင် မြန်မာပြည်မှာ ခေတ်စားလာနိုင်တဲ့ လုပ်ငန်းများ

Uncategorized @mm
18 December, 2022

နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပါတော့မယ်။ နှစ်သစ်မှာ လုပ်ငန်းအားလုံးအဆင်ပြေကြပါစေလို့ ဦးစွာဆုတောင်းပေးလိုက်ပါတယ်။ နှစ်သစ်ကိုကူးပြောင်းလာတာနဲ့အညီ လာမယ့်နှစ် (၂၀၂၃) မှာ မြန်မာနိုင်ငံမှာ ခေတ်စားလာနိုင်တဲ့လုပ်ငန်းအချို့ကို TrueMoney မိတ်ဆွေတွေအတွက် စုစည်းတင်ပြပေးလိုက်ပါတယ်။

 

Online Shopping လုပ်ငန်းများ

 

ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာတွေ အားကောင်းလာတာနဲ့အမျှ အဲ့ဒီပလက်ဖောင်းပေါ်ကနေ ရောင်း/ဝယ်ဖောက်ကားမှုတွေ ပိုမိုတွင်ကျယ်လာနေတာကို တွေ့နေရပါတယ်။ အစားအသောက်၊ အဝတ်အထည်မှ စပြီး တန်ဖိုးကြီး ရတနာတွေ၊ အိမ်ခြံမြေ၊ ကား၊ အသုံးအဆောင်ပစ္စည်းတွေအထိကို အွန်လိုင်းပေါ်မှာ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်နေကြပါတယ်။

ဆိုင်ခန်းငှားခ အပိုမကုန်ခြင်း၊ အိုးမကွာအိမ်မကွာ နဲ့ အချိန်မရွေး စီးပွားလုပ်ကိုင်နိုင်ခြင်း စတဲ့ အားသာချက်တွေကြောင့် အခုလာမယ် (၂၀၂၃) မှာလည်း Online Shopping လုပ်ကိုင်မယ့်သူတွေ ဆက်လက်တိုးပွားလာနေအုံးမှာပါ။

 

Live Sales ‌ရောင်းချခြင်း

 

ဖေ့စ်ဘုတ် ကို အသုံးပြုပြီး Online Shopping လုပ်ငန်းတွေနဲ့အတူတူ တွဲပြီးတွေ့မြင်လာတာကတော့ ‘Live Sales’ ရောင်းချခြင်းလုပ်ငန်းပါပဲ။ နာမည်ကြီး ရုပ်ရှင်မင်းသား/ မင်းသမီးတွေပါ တိုးဝင်လာနေတဲ့ ဒီလုပ်ငန်းမှာ ရောင်းအားကောင်းရင်ကောင်းသလို၊ ဝင်ငွေကောင်းကောင်းရတတ်ကြပါတယ်။ မိမိရောင်းချမယ့်ပစ္စည်းရဲ့ အားသာချက်တွေကို ကောင်းမွန်စွာရှင်းပြတတ်ဖို့ အဓိကလိုအပ်ပြီး ကိုယ့်ရဲ့ (Followers) အရေအတွက် များပြားခြင်းကလည်း Live Sales ကို များစွာ အထောက်အကူဖြစ်စေပါတယ်။

 

Delivery ပို့ဆောင်ခြင်း လုပ်ငန်းများ

 

အွန်လိုင်း ပေါ်မှာ အရောင်း/အဝယ်ကောင်းလာတာနဲ့အမျှ မြေပြင်မှာပစ္စည်းလိုက်ပို့ပေးရတဲ့ Delivery ပို့ဆောင်ခြင်းလုပ်ငန်းတွေဟာလည်း ခေတ်စားလာနေပါတယ်။ သက်ဆိုင်ရာမြို့နယ်တွေ၊ လမ်းတွေကို ရင်းနှီးကျွမ်းဝင်နေဖို့ လိုအပ်ပြီး ပို့ဆောင်ပေးမယ့်ပစ္စည်းအလိုက် ကား၊ ဆိုင်ကယ်၊ စက်ဘီး တစ်မျိုးမျိုးတော့ မောင်းတတ်နေရင် ပိုကောင်းပါတယ်။

 

Digital Marketing လုပ်ငန်းများ

 

ကုမ္ပဏီလုပ်ငန်းအများစုဟာ Marketing လုပ်ငန်းတွေကို ဒီဂျစ်တယ်ပလက်ဖောင်းပေါ်ကနေလုပ်ကိုင်တာဟာ အကုန်အကျသက်သာပြီး ပိုမိုထိရောက်တာကို သိလာကြတဲ့အတွက် Digital Marketing ကျွမ်းကျင်သူတွေကို ပိုပြီးအလုပ်ခန့်တာမျိုးကို တွေ့နေရရပါတယ်။ ဒီလုပ်ငန်းနဲ့ ဆက်နွယ်နေကြတဲ့ Media Buying လုပ်ဆောင်သူတွေ၊ ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲသူတွေ၊ Content/ Copy ရေးသာကြသူတွေအဖြစ် အသက်မွေးဝမ်းကြောင်းပြုမယ်ဆိုရင် သက်ဆိုင်ရာလုပ်ငန်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံတော့ ထိုက်သင့်သလောက်ရှိထားဖို့ လိုအပ်ပါတယ်။

 

Nurse (သူနာပြု)လုပ်ငန်းများ

 

နေရာအနှံ့မှာ ကိုဗစ်အလွန် ကျန်းမာရေးအတွက် လိုအပ်ချက်တွေပိုမိုများပြားလာတာနဲ့အမျှ သူနာပြုလုပ်ငန်းတွေ၊ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ကြတဲ့လုပ်ငန်းတွေဟာ တစ်နေ့တခြား ပိုမိုလိုအပ်လာနေပါတယ်။ နယ်ပယ်အလိုက် လိုအပ်တဲ့ ပညာရေးနောက်ခံတော့ ရှိထားရပါမယ်။

 

Solar ကျွမ်းကျင်/ တပ်ဆင်သူများ

 

နေရာတိုင်းမှာ စွမ်းအင်လိုအပ်ချက်တွေ ရှိလာတာကြောင့် ကမ္ဘာပေါ်မှာသာမက မြန်မာနိုင်ငံမှာလည်း ဆိုလာစွမ်းအင်အတွက် ကျွမ်းကျင်ပညာရှင်တွေ လိုအပ်လာနေပါပြီ။ လုပ်ငန်းအကြီးကြီးတွေအတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏကို တွက်ချက်ရတဲ့ အင်ဂျင်နီယာလိုပညာရှင်အဆင့်တွေအပြင် ကျေးရွာတွေမှာအသုံးများတဲ့ ဆိုလာမီးတပ်ဆင်ဖို့အတွက် ဆိုလာစွမ်းအင်အကြောင်းနားလည်သူတွေလည်း လိုအပ်လာနေပါပြီ။

 

Languages Teacher (ဘာသာစကား သင်ကြားရေးဆရာ)

 

နိုင်ငံခြားသားတွေနဲ့ ပြောဆိုဆက်ဆံရတဲ့ လုပ်ငန်းတွေများလာသလို နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်မယ့် လူငယ်တွေများပြားလာတာနဲ့အမျှ သက်ဆိုင်ရာဘာသာစကား သင်တန်းတွေမှာ သင်ကြားပေးမယ့်ဆရာတွေ လိုအပ်လာနေပါပြီ။ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား စတဲ့ ဘာသာစကားတွေကို သင်ကြားပြသပေးနိုင်ဖို့တော့  သက်ဆိုင်ရာဘာသာစကားမှာ သတ်မှတ်ချက်အဆင့်တစ်ခုခုတော့ အောင်မြင်ထားရပါမယ်။

ဒါအပြင် မြို့ပြတွေမှာ ရွှေ့ပြောင်းလုပ်ကိုင်သူတွေ များပြားလာတာနဲ့အမျှ နယ်ကမိဘဆွေမျိုးတွေစီ ငွေပြန်ပို့ရတာမျိုးတွေ လစဉ်လတိုင်းရှိလာနေလို့  ပြည်တွင်းငွေလွှဲငွေထုတ်လုပ်ငန်းတွေလည်း ခေတ်စားလာနိုင်ပါတယ်။

ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင် (သို့မဟုတ်) လုပ်ငန်းလေးတစ်ခုရှိရုံနဲ့  ငွေလွှဲငွေထုတ်အေးဂျင့်အဖြစ် TrueMoney နဲ့ လက်တွဲလုပ်ကိုင်လိုပါက ဒီလင့်ကိုနှိပ်ပြီး စာရင်းပေးသွင်းထားလိုက်ပါ။

Link – https://bit.ly/to-be-an-agent 

 

အထက်ဖော်ပြပါ လုပ်ငန်းတွေအပြင် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ခေတ်စားနေတဲ့အခြားလုပ်ငန်းကောင်းကောင်းလေးတွေ ရှိနေသေးရင်လည်း မိတ်ဆွေတွေအချင်းချင်း ဗဟုသုတများသွားအောင် မျှဝေပေးခဲ့ပါဦး။

 

TrueMoney မိတ်ဆွေများအားလုံး နှစ်သစ်မှာ လုပ်ငန်းကိုင်ငန်းများ ကောင်းမွန်ပြီး ဝင်ငွေများ တိုးပွားကြပါစေ။

Other Uncategorized @mm

Activities