(၂၀၂၁) ခုနှစ်အတွင်း TrueMoney မှ ပေးအပ်နေသည့် အကောင်းဆုံး ဝန်ဆောင်မှုအသစ်များ…

Activities
24 November, 2021

(၂၀၂၁) ခုနှစ်…

မယုံကြည်နိုင်လောက်တဲ့ အခက်အခဲပေါင်းစုံ၊ စိမ်ခေါ်မှုပေါင်းစုံ နဲ့ ကြုံတွေ့ခဲရတဲ့နှစ်တစ်နှစ်ပါ။ ဒီနှစ်မှာ လူတွေအားလုံး ဆင်းရဲ၊ချမ်းသာမရွေး စိတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာတွေ ထိခိုက်နစ်နာခဲ့ကြရပါတယ်။ အလုပ်အကိုင်တွေရှားပါးလာမှု့ကြောင့် အလုပ်လက်မဲ့ဦး‌ရေတွေပေါများခဲ့ရသလို ဘဏ်တွေမှ ငွေသားထုတ်ယူဖို့ခက်ခဲလာခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်လာခြင်းတွေကို ဆက်တိုက် တွေ့ကြုံခဲ့ရပါတယ်။ ကိုဗစ်(19)ကြောင့်လည်း ချစ်ရသူတွေ၊ ခင်မင်ရင်းနှီးရသူတွေနဲ့ ခွဲခွာခဲ့ကြရပါတယ်။ အားလုံးအတူတူ ခက်ခဲတဲ့ကာလတစ်ခုကို ဖြတ်ကျော်နေရတာဖြစ်ပြီး တစ်ဖက်ကလည်း ကိုယ့်ပတ်ဝန်းကျင်ကို တတ်နိုင်တဲ့နေရာကနေ ဝိုင်းဝန်းကူညီဖို့ ကြိုးစားနေကြရတဲ့ကာလ တစ်ခုပါ။

ဒီလိုကာလမှာ ငွေလွှဲငွေထုတ်သူတွေ အဆင်ပြေချော့မွေ့စေရေးအတွက် အမြဲဦးစားပေးတတ်တဲ့ TrueMoney ကရော ငွေလွှဲငွေထုတ်သူတွေရဲ့ အခက်အခဲတွေကိုဘယ်လိုဖြေရှင်းဖို့ ကြိုးစားခဲ့လည်းဆိုတာကို ပြန်လည်သုံးသပ်တင်ပြပေးလိုက်ပါတယ်။

(၂၀၂၁)ခုနှစ်အတွင်း ငွေကြေးဆိုင်ရာအခက်အခဲတွေအတွက် TrueMoney ငွေလွှဲငွေထုတ်အနေနဲ့ ကြိုးစားဖြေရှင်းခဲ့တဲ့ ‘ကမ်ပိန်း’အစီအစဉ်တွေကတော့ …

 

၁) အိမ်တိုင်ရာရောက်ငွေလွှဲငွေထုတ်ဝန်ဆောင်မှု

ကိုဗစ်(19) ရောဂါကူးစက်မှုတွေ များပြားလာတာပြီး လူတွေအပြင်ထွက်ဖို့ ခက်ခဲလာတဲ့အချိန်မှာ အားလုံးအတွက်အကျိုးရှိစေတဲ့ “အိမ်တိုင်ရာရောက်ငွေလွှဲငွေထုတ်ဝန်ဆောင်မှု” ကို မိတ်ဆက်အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ ဝန်ဆောင်မှုစတင်ပြီး မကြာခင်မှာပဲ ရှိုင်းပင်းကူညီချင်စိတ်ရှိတဲ့ TrueMoney ကိုယ်စားလှယ်ကြီးများရဲ့ ပူးပေါင်းပါဝင်မှုကြောင့် မြန်မာနိုင်ငံအနှံ့ မြို့နယ်ပေါင်းများသွာမှာ ငွေလွှဲငွေထုတ်ခြင်းကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ ယခုထက်တိုင် ဖုန်း 09 96951 9999 ကို ဆက်သွယ်ပြီး ဝန်ဆောင်မှုရယူရန် စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

၂) ‘ငွေသား’ရရန် အာမခံ 

(၂၀၂၁)မှာ နောက်ထပ်ရင်ဆိုင်ခဲ့ရတဲ့ စိမ်ခေါ်မှုကတော့ အားလုံးသိရှိကြတဲ့အတိုင်း ‘ငွေသား’ထုတ်ယူဖို့ခက်ခဲလာတဲ့အပိုင်းပါပဲ။ ငွေကြေးဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများအတွက် စဉ်းစားရခက်စေတဲ့ ဒီလိုအဖြစ်အပျက်မျိုးမှာ TrueMoney ဘက်မှ ‘ငွေသားရရန်အာမခံ’ ကမ်ပိန်းနဲ့အတူ သုံးစွဲသူမိဘပြည်သူများရဲ့အခက်အခဲကို ကြိုးစားပါဝင်ဖြေရှင်းပေးခဲ့ပါတယ်။ 

ဒီနေရာမှာလည်း ရာခိုင်နှုန်းအကျိုးအမြတ်တွေကို အဓိကမထားဘဲ လက်တွဲပါဝင်ကူညီခဲ့တဲ့ TrueMoney အေးဂျင့်ကြီးများကြောင့် အမြို့မြို့အနယ်နယ်မှာ ‘ငွေသားရရန် အာမခံ’

ကမ်ပိန်းကို ‘ရာခိုင်နှုန်းအပိုပေးစရာမလိုဘဲ ငွေထုတ်ရ လွယ်ကူအောင် ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ ပြည်တွင်းငွေလွှဲငွေထုတ်အပြင် ထိုင်းနိုင်ငံမှ လွှဲပို့လာသောငွေများကိုလည်း သတ်မှတ်ထားတဲ့ကိုယ်စားလှယ်ရုံးခွဲတွေမှာ ‘အကန့်အသတ်မရှိ’ငွေသားထုတ်ယူနိုင်အောင် စီစဉ်ပေးနိုင်ခဲ့ပါတယ်။ ယနေ့ထိတိုင် ရယူနိုင်တဲ့ဝန်ဆောင်မှုဖြစ်လို့ ငွေလွှဲငွေထုတ်အတွက် ရာခိုင်နှုန်းအပိုပေးစရာမလိုဘဲ ‘ငွေသား’ရရန်အာမခံတဲ့ TrueMoney ကိုယ်စားလှယ်ဆိုင်တွေကို သိရှိနိုင်ဖို့ ဖုန်း- 09 96951 9999 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

၃) TrueMoney Rewards App

အခက်အခဲပေါင်းစုံ၊ စိမ်ခေါ်မှုပေါင်းစုံရှိနေတဲ့ ကြားကနေပဲ TrueMoney ဝန်ဆောင်မှုကို အမြဲအသုံးပြုနေသူတွေအတွက် ‘အပိုဆု’အဖြစ် ‘Rewards ပွိုင့်’တွေကို စုစည်းသိမ်းထားလို့ရတဲ့ ‘TreMoney Rewards အက်ပလီကေးရှင်းကို မိတ်ဆက်အသုံးပြုစေခဲ့ပါတယ်။ ရရှိလာတဲ့ Rewards ပွိုင့်တွေကို အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းဘေလ်ဖြည့်ခြင်း၊ ဖုန်းဒေတာပက်ကေ့ချ်ဝယ်ယူခြင်း နဲ့ ငွေလွှဲရာမှာအသုံးပြုလို့ရတဲ့ ဘောင်ချာဝယ်ယူခြင်းတို့ကို ပြန်လည်အသုံးပြုနိုင်လို့ သုံးစွဲသူတွေကို အကျိုးများစေခဲ့ပါတယ်။ 

TrueMoney Rewards App ကို ဒီနေရာတွေကနေ ဒေါင်းလုတ်ရယူလို့ရနေပါပြီ။

Google Play Store – https://bit.ly/Rewards_App_PlayStore

Huawei AppGallery – https://bit.ly/TM_Rewards_App_Huawei

 

TrueMoney ရဲ့လုပ်ဆောင်မှုတွေဟာ လုပ်ဖော်ကိုင်ဘက်စိတ်ရှိတဲ့ အေးဂျင့်များရဲ့ အကူအညီ၊ အမြဲမပြတ်အားပေးနေတဲ့ TrueMoney မိတ်ဆွေများရဲ့ ယုံကြည်အားပေးမှုများကြောင့်သာ အကောင်အထည်ပေါ်လာခြင်းဖြစ်လို့ TrueMoney မိသားစုများမှ အထူးကျေးဇူးတင်ရှိပါတယ်။

ရှေ့ဆက်ပြီးတော့လည်း အားလုံးအကျိုးရှိစေမယ့် ‘အစီအစဉ်သစ်’တွေနဲ့အတူ ဆက်လက်ဝန်ဆောင်မှုပေးနိုင်ဖို့ အမြဲကြိုးစားသွားပါမယ်။

 

တစ်ယောက်နဲ့တစ်ယောက် လက်တွဲကူ

ကြိုးစားကြမယ်… အတူတူ

Other Activities

Activities
Activities
Activities