အသေးစားလုပ်ငန်းရှင်တစ်ယောက်ဖြစ်ခြင်းရဲ့ အားသာချက်/ အားနည်းချက်များ

Activities
23 June, 2023

လူအတော်များများက ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်ချင်ကြပါတယ်။

အလုပ်ချိန်ဇယားတွေ ကိုယ်တိုင်ဆွဲ၊ လုပ်ငန်းပိုင်းဆိုင်ရာစည်းကမ်းတွေ ကိုယ့်တိုင်ထုတ်ပြန်ရတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့အတွက်ကတော့ ထင်သလောက် မလွယ်ကူပါဘူး။ 

အထူးသဖြင့် အလုပ်သမားဘဝကနေ အသေးစားလုပ်ငန်းရှင်အဖြစ် ပြောင်းလဲလုပ်ကိုင်မယ့်သူတွေအတွက် လုပ်ငန်းရှင်ဖြစ်ရခြင်းရဲ့ အားသာချက်/ အားနည်းချက်တွေထဲက အချို့ကို ထရူးမန်းနီးက ရှာဖွေတင်ပြပေးထားပါတယ်။

ဘယ်အားသာချက်ချက်တွေက ကိုယ်မှာရှိနေပြီလဲ

ဘာတွေကတော့ ဘယ်လောက်ထပ်ဖြည့်ရဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်စဉ်းစားနိုင်ကြပါစေ။

 

အသေးစားလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရခြင်းရဲ့ အားသာချက်များ

 

) ကိုယ့်စိတ်ကြိုက် ဖြစ်လာခြင်း

အလုပ်သမားဘဝကထက်ပိုပြီး  ကိုယ်ပိုင်အလုပ်ချိန်တွေ ၊ အလုပ်အားလပ်ရက်တွေ၊ အလုပ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချတာတွေမှာ ကိုယ်စိတ်ကြိုက် သတ်မှတ်လာနိုင်ပါလိမ့်မယ်။

 

) ဝင်ငွေပိုလာခြင်း

လုပ်ငန်းအားလုံးရဲ့ ကောင်းကျိုး/ဆိုးပစ် မှန်သမျှကို တာဝန်ယူဖြေရှင်းရလို့ တာဝန်တွေပိုလာသလို ဝင်ငွေလည်း ပိုရလာနိုင်ပါတယ်။ 

 

) စိတ်ကျေနပ်မှုကိုရစေခြင်း

လုပ်ငန်းရှင်အများစုဟာ ကိုယ်တိုင်သဘောကျပြီး ကျွမ်းကျင်တဲ့အလုပ်တွေပေါ်မှာအခြေခံတတ်ကြတယ်။ ဒါကြောင့် ကိုယ်စိတ်ပျော်တာကို ဦးဆောင်လုပ်ကိုင် နေရတဲ့အတွက် လုပ်ငန်းခွင်မှာ စိတ်ကျေနပ်မှုပိုရလေ့ရှိကြပါတယ်။

ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းမျိုးဖြစ်တာနဲ့အညီ လုပ်ငန်းတိုးတက်ဖို့အတွက် သင်တန်းတွေထပ်တက်ရမယ်၊ အိုင်ဒီယာတွေစဉ်းစားရမယ်ဆိုရင်လည်း မညည်းငြူဘဲ ကြိုးစားပမ်းစားလုပ်ကိုင်တတ်ကြပါတယ်။

 

) ပတ်ဝန်းကျင်ကိုလည်း ကူညီအားပေးရာရောက်ခြင်း

လုပ်ငန်းရှင်ဖြစ်လာတာနဲ့အညီ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို တတ်နိုင်သလောက် အလုပ်နေရာတွေဖန်တီးပေးနိုင်သလို ကိုယ်ဒေသတွင်းရဲ့စီးပွားရေးတွေကိုလည်း ကူညီအားပေးရာကိုရောက်စေတယ်။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်တယ်ဆိုသလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု တည်ဆောက်နိုင်ခြင်းဟာ မိမိပတ်ဝန်းကျင်က မိသားစုတွေ၊ အခြားလုပ်ငန်းတွေအတွက်လည်း အထောက်အကူကိုဖြစ်စေနိုင်ပါတယ်။

 

) အနာဂတ်အတွက် ပြင်ဆင်နိုင်ခြင်း

ဒါကတော့ လူအများစု ကိုယ်ပိုင်အလုပ်လုပ်ဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဆိုင်တဲ့လုပ်ငန်းတစ်ခု လက်ထဲမှာရှိနေပြီး အနာဂတ်မျိုးဆက်များစီကိုလည်း လက်ဆင့်ကမ်းနိုင်ပါတယ်။ အမြန်ဆုံးအောင်မြင်ခဲ့ရင် ဘဝရဲ့ အသက်ကြီးပိုင်းကာလတွေကို အပူအပင်မရှိဖြတ်သန်းနိုင်ကာ အလုပ်ကနေလည်း စောစောစီးစီးအနားယူနိုင်ပါလိမ့်မယ်။

 

) ကိုယ့်အသိပညာကို မြှင့်တင်နိုင်ခြင်း

လုပ်ငန်းရှင်ဖြစ်လာတာနဲ့အညီ မိမိအလုပ်အပြင် အခြားစက်မှုလုပ်ငန်းအကြောင်း၊ အခြားကုမ္ပဏီများလည်ပတ်နေပုံအကြောင်း၊ အကျိုးတူပူးပေါင်းမှုများအကြောင်း၊ ဘဏ်ချေးငွေအကြောင်း၊ လုပ်ငန်းအတွက် အခွန်ဆောင်ပုံအကြောင်း၊ အရောင်းမြှင့်တင်နည်းအကြောင်း စတာတွေကိုပါ ထောင့်ပေါင်းစုံကနေ လေ့လာထားရမှာဖြစ်လို့ ကိုယ်ပိုင်အသိပညာများ အမြဲတိုးပွားလာစေနိုင်ပါတယ်။

 

အသေးစားလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရခြင်းရဲ့ အားနည်းချက်များ

 

) အန္တရာယ် ပိုကြီးလာခြင်း

လုပ်ငန်းရှင်တစ်ယောက်အတွက် အကျိုးကျေးဇူးတွေအများကြီး ရှိနိုင်သလို အန္တရာယ်များတဲ့အရာတွေလည်း အများကြီးရှိပါတယ်။ ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲနိုင်မှုအားနည်းရင်တော့ ဘဏ်ချေးငွေတွေ၊ ပိုင်ဆိုင်မှုကို ပေါင်နှံထားတာတွေ၊ အခြားချေးငွေတွေရဲ့နွံ့ထဲကနေ ရုန်းမထွက်နိုင်ဘဲ ရည်းမှန်းချက်တွေ ပျောက်ပျက်သွားတတ်ပါတယ်။ ဒါကြောင့် အရာရာကို နေရာပေါင်းစုံကနေ စဉ်းစားထားနိုင်မှသာ တော်ကာကျမှာ ဖြစ်ပါတယ်။

 

) မသေချာမရေရာမှုများ ပိုများလာခြင်း

က်ရှိဈေးကွက်အခြေအနေ၊ ကိုယ့်ရဲ့ထုတ်ကုန်၊ ထုတ်လုပ်နိုင်တဲ့အား၊ အလုပ်သမား၊ ငွေရေးကြေးရေး စတဲ့နေရာပေါင်းစုံကို ထည့်သွင်းတွက်ချက်လုပ်ကိုင်ရလို့ မသေချာမရေရာမှုတွေ များပြားလှပါတယ်။

ဥပမာကိုယ့်ထုတ်လိုက်တဲ့ပစ္စည်းဟာ လက်ရှိဈေးကွက်မှာ ဘယ်အချိန်ထိလိုအပ်နေဦးမှာလဲဆိုတဲ့ မသေချာမှုမျိုးတွေ ကြုံတွေနိုင်ပါတယ်။

 

) ငွေကြေးဆိုင်ရာ ကတိကဝတ်များပြားလာခြင်း

အားလုံးသိပြီးသားပါပဲ။ လုပ်ငန်းရှင်တစ်ယောက်ဟာ ငွေကြေးဆိုင်ရာ ကတိကဝတ်တွေကို စိန်ခေါ်ရပါတယ်။ ကိုယ့်လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံရမယ့်ငွေကို ဘယ်ကနေရှာမှာလဲ၊ ဘယ်လိုသုံးစွဲမှာလဲ၊ ဘယ်လိုပြန်ဆပ်မှာလဲ စတာတွေကို အကုန်လုံးပြင်ဆင်ထားရပါမယ်။ ငွေကြေးမှာ နာမည်ပျက်တာနဲ့ စီးပွားရေးမှာလည်း ကျရှုံးဖို့များပါတယ်။

 

) အလုပ်ချိန်ပိုများလာခြင်း

လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီဆို အလုပ်တွေကိုတပည့်တွေနဲ့လွှဲ၊ ကိုယ်ကတော့ မိသားစုနဲ့သာသာယာယာ အချိန်ပေးပြီးနေလို့ရပြီလို့ တွေးလိုက်ရင်တော့ တက်တက်စင်အောင်လွဲပါလိမ့်မယ်။ လုပ်ငန်းပေါ်မူတည်ပြီး ကိုယ်တိုင်ပါဝင်ရမယ့်နေရာများလေလေအလုပ်ချိန်တွေပိုများလေလေဆိုတာကိုတော့ သိနားလည်ထားရပါမယ်။

 

) စိတ်ဖိစီးမှုများလာခြင်း

အထူးပြောစရာမလိုပါဘူး။ လုပ်ငန်ကောင်းမွန်စွာလည်ပတ်ဖို့ ငွေရေးကြေးရေး၊  အလုပ်သမားအရေး၊ ဈေးကွက်အသစ်ရှာဖွေရေး စတာတွေအားလုံးဟာ ကိုယ်ပါဝင်ပတ်သက်နေရတာကြောင့် စိတ်ဖိစီးမှုများမှာကတော့ မလွဲမသွေပါပဲ။

 

) ကိုယ်မကြိုက်တာတွေကိုလည်း လုပ်လာရခြင်း

လုပ်ငန်းရှင်တစ်ယောက်အဖို့ ကိုယ်မကြိုက်ပေမယ့်လည်း လုပ်ငန်းသဘောအရ ဆုံးဖြတ်လုပ်ကိုင်လိုက်ရတာတွေ ရှိတတ်ပါတယ်။

ဥပမာဘယ်လောက်ပဲ ရင်းနှီးနေပါစေ၊ လုပ်ငန်းတိုးတက်ဖို့အတွက် အဆင်မပြေတဲ့သူကို အလုပ်ထုတ်သင့်တဲ့အချိန်မှာ အလုပ်မှထွက်ဖို့စကား ပြောကိုပြောရပါမယ်။

 

အထက်မှာဖော်ပြခဲ့တာတွေကတော့ လုပ်ငန်းရှင်တစ်ယောက်လုပ်တော့မယ်ဆို ထည့်သွင်းစဉ်းစားရမယ့် အားသာချက်/ အားနည်းချက်များသာဖြစ်ပါတယ်။ ဒီထက်ပိုမယ့်အကြောင်းတွေလည်း အများကြီးရှိနေသေးတာဖြစ်လို့  ကိုယ်တွေ့ကြုံရတဲ့အချက်လေးတွေရှိရင်လည်း ကွန်မန်းမှာ မျှဝေပေးခဲ့ပါဦး။

 

ထရူးမန်းနီးမိတ်ဆွေများအားလုံးစိန်ခေါ်မှုတိုင်းကိုကျော်ဖြတ်နိုင်ပြီး အောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်ကြီးများအဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်ကြပါစေ။

ကိုးကား –  gorillaaccounting.com

Other Activities

Activities
Activities
Activities