သင့်ငွေကြေးအတွက် လုံခြုံမှုပိုမိုပေးနိုင်သည့် OTP အကြောင်းသိကောင်းစရာများ

Articles
22 May, 2020

TrueMoney ငွေလွှဲ ငွေထုတ် ဝန်ဆောင်မှု လုပ်ငန်းသည် လုံခြုံစိတ်ချရဆုံး ဒစ်ဂျစ်တယ်နည်းပညာဖြစ်သော တစ်ခါသုံး OTP(One-time Password) system လျှို့ဝှက်စနစ်ကိုအသုံးပြုပြီး သင့်ငွေကြေးကို အလုံခြုံဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

OTP ဆိုသည်မှာ

One Time Password ကိုဆိုလိုခြင်းဖြစ်ပြီးမြန်မာဘာသာဖြင့်တိုက်ရိုက်ဘာသာပြန်ရလျှင် တစ်ခါသုံးယာယီစကားဝှက်ဟု ဆိုနိုင်သည်။ OTP  သည်နိုင်ငံတကာတွင် အသုံးပြုနေသော လုံခြုံရေးနှင့်ပတ်သက်သည့်နည်းပညာတစ်ခုဖြစ်ပြီးတစ်ဦးမှတစ်ဦးသို့ငွေလွှဲရာတွင်ငွေကြေးလုံခြုံမှုရှိစေရန်အသုံးပြုသည့် လုံခြုံစိတ်ချရသော ဒစ်ဂျစ်တယ်နည်းပညာသုံး တစ်ခါသုံးလျှို့ဝှက်စနစ်ဖြစ်ပါသည်။

ဥပမာ TrueMoney ဖြင့်ငွေလွှဲရာတွင် လွှဲမည့်သူဖုန်းနံပါတ်နှင့် ငွေလက်ခံမည့်လူ၏ဖုန်းနံပါတ် ၂ခုလုံးကို TrueMoney ကိုယ်စားလှယ်ကိုပေးပြီး ငွေလွှဲမည့်ပမာဏကိုပြောရပါမည်။ ငွေလွှဲပြီးနောက်တွင် ၅မိနစ်အတွင်း ငွေလွှဲမည့်သူထံ SMS လက်ခံရရှိပါလိမ့်မည်။ ထို့နောက် ငွေလက်ခံမည့်သူထံ ဖုန်းဆက်၍ SMS ပေါ်မှ လျှို့ဝှက်နံပါတ် (Passcode) ကို ပြောပြရပါမည်။ ထိုအခါ ငွေထုတ်မည့်သူက မိမိပြောပြလိုက်သော နံပါတ်ကို သူငွေထုတ်မည့် TrueMoney ကိုယ်စားလှယ်အား ပြောပြခြင်းဖြင့် လွယ်ကူအဆင်ပြေစွာ ငွေထုတ်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ ငွေလွှဲလိုက်သူနှင့် ငွေလွှဲလက်ခံမည့်သူနှစ်ဦးသာ သိရှိသည့် လုံခြုံရေးကြားခံနံပါတ်ဖြစ်သည့် လျှို့ဝှက်နံပါတ် (Passcode) ကို OTP ဟု ခေါ်ဆိုခြင်းဖြစ်ပြီး One Time Password ဟုဆိုသည့်အတိုင်း တစ်ကြိမ်အတွက်သာ အကျုံးဝင်ပါသည်။ နောက်တစ်ကြိမ် ငွေလွှဲငွေထုတ်လုပ်သည့်အခါ မတူညီသည့် နံပါတ်ကို အသုံးပြုပါလိမ့်မည်။

(မှတ်ချက် ။      ။ ငွေလွှဲသူသည် ၅မိနစ်အတွင်း လျှို့ဝှက်နံပါတ် (Passcode) အား SMS ဖြင့်မရရှိပါက ငွေလွှဲခဲ့သည့်ဖုန်းနံပါတ်ဖြင့် 09969519999 သို့ ဖုန်းခေါ်ဆိုပြီး Call Center မှ ဝန်ထမ်းအားဆက်သွယ်၍ စစ်ဆေးကာ လျှို့ဝှက်နံပါတ် (Passcode) ကို ထပ်မံရယူနိုင်ပါသည်။)

OTP စနစ်အား အသုံးပြုရခြင်းအကြောင်းရင်းများမှာ-

  •     အသုံးပြုရလွယ်ကူခြင်း၊
  •     အချိန်ကုန်သက်သာခြင်း၊
  •     သာမန် Password ထက် အဆပေါင်းများစွာ လုံခြုံခြင်း၊
  •     ချက်ချင်းငွေလွှဲ ချက်ချင်းငွေထုတ်နိုင်ခြင်း၊
  •     ခေတ်မီခြင်း၊
  •     ငွေသားလုံခြုံခြင်း၊
  •     တစ်ခါသုံးဖြစ်သောကြောင့် တပါးသူက ခိုးယူသွားပြီး အလွဲသုံးစားမလုပ်နိုင်ခြင်း၊
  •     အချိန်အတိုင်းအတာတစ်ခုအထိသာ အသုံးပြုနိုင်သောကြောင့် မသမာသူများသိသွားလျှင်ပင် သုံးရန်မဖြစ်နိုင်ခြင်း တို့ဖြစ်ပါသည်။

 အထူးသတိထားရမည်မှာ OTP ကို မိမိငွေလွှဲမည့်သူအား တိုက်ရိုက်ပြောပြခြင်းမှလွဲ၍ မည်သည့်အကြောင်းရင်းကြောင့်ဖြစ်စေ တခြားတစ်ဦးတယောက်ကို ပြန်လည်ပြသခြင်း၊ ပေးပို့ခြင်းများ လုံးဝမပြုလုပ်သင့်ပါ။

Other Articles

Articles
Articles
Articles