ရာသီအကူးအပြောင်းမှာ ကျန်းမာဖို့ရာ ဂရုစိုက်ပါ။

Activities
25 October, 2021

ရာသီအကူးအပြောင်း ချမ်းအေးတဲ့ကာလမှာ လူအတော်များများ ကိုယ်ခံအားနည်းပြီး ဖျားတတ်နာတတ်ကြပါတယ်။ ဒါအပြင် ကိုဗစ်ရောဂါပိုးကလည်း ထပ်လာနိုင်သေးတာမို့ မိတ်ဆွေများအားလုံးရဲ့ ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်သင့်တာလေးတွေကို TrueMoney မှ အကြံပြုပေးလိုက်ပါတယ်။

– ကိုယ်ခံအားကောင်းအောင် ပြုမူနေထိုင်စားသောက်ပါ။
ကိုယ်ခံအားကောင်းဖို့အတွက် အာဟာရဓာတ်ပြည့်ဝစေတဲ့ အသား၊ငါး၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ နို့ စတာတွေအပြင် အသီးအရွက်၊ အသီးအနှံတွေကိုလည်း များများစားပေးဖို့လိုပါတယ်။ အချို၊ အငံ၊ အဆီဓာတ်တွေကို တတ်နိုင်သလောက်လျော့စားသင့်ပြီး ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စေဖို့တစ်ရက်ကို ရေ(၃)လီတာလောက် သောက်သုံးပေးဖို့လိုအပ်ပါတယ်။
အိပ်ရေး ‘ဝ’အောင်အိပ်ရမှာဖြစ်ပြီး သွေးပူပြီးအကြောလျော့စေတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးကိုလည်း တတ်နိုင်သလောက်နေ့စဉ်လုပ်ပေးသင့်ပါတယ်။

 

– လိုအပ်တဲ့ဆေးဝါးတွေကို ကြိုတင်စုဆောင်းပါ။
ကိုဗစ်(၁၉) ရောဂါကူးစက်မှုတွေကလည်း ရှိနေသေးလို့ လိုအပ်တဲ့ Mask ၊ Face Shield၊ လက်သန့်ဆေးရည် စတဲ့ ကိုဗစ်အကာအကွယ်ပစ္စည်းတွေနဲ့ ဆေးဝါးတွေကို ဈေးမကြီးသေးတဲ့အပြင် လွယ်ကူစွာဝယ်လို့ရနေတဲ့ အခုလိုကာလမှာ ဝယ်ယူထားခြင်းဟာ မိသားစုဝင်တွေအားလုံးအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုဖြစ်ပါတယ်။ ဒါအပြင်အိမ်ရှိ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ သောက်ရတဲ့ အားဆေး၊ သွေးကျဆေးစတဲ့ နေ့စဉ်သောက်ဆေးတွေကိုလည်း ကြိုတင်ဝယ်ယူထားသင့်ပါတယ်။

 

– ကျန်းမာရေဝန်ကြီးဌာနက ထုတ်ပြန်တဲ့စဉ်ကမ်းတွေကို အတတ်နိုင်ဆုံးလိုက်နာပါ။
အပြင်ထွက်လျင် Mask (၂)ထပ် တပ်ပြီး Face Shield သုံးခြင်းဟာ ကူးစက်မှုကို (၉၀ %)ကျော် ကာကွယ်ပေးတယ်လို့ စစ်တမ်းများအရသိရပါတယ်။ လူစုလူဝေးကို တတ်နိုင်သလောက် ရှောင်ရှားသင့်ပြီး၊ အိမ်မှာနေနေ အပြင်မှာနေနေလက်ကို မကြာခဏ ဆပ်ပြာ(သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့်ဆေးကြောသင့်ပါတယ်။

 

– စိတ်ဖိစီးမှုကို လျော့ချနေထိုင်ပါ
‘ဖိအားများစေမယ့်စဉ်စားမှု’တွေကို တတ်နိုင်သလောက်လျော့ချရမှာဖြစ်ပြီး မိသားစုဝင်တွေကြား  စိတ်ဆိုးစေမယ့်အပြုအမူတွေကို ရှောင်ရှားသင့်ကာ အချင်းချင်းနားလည်ခွင့်လွှတ်နိုင်အောင် ကြိုးစားနေထိုင်ကြရမယ့်ကာလ ဖြစ်ပါတယ်။

ခက်ခဲတဲ့ကာလကို ကိုယ့်ချစ်ရတဲ့သူတွေနဲ့အတူတူ သတိထားပြီး ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ…

#ကျန်းမာဖို့ရာဂရုစိုက်ပါ #TrueMoneyအကြံပြုတာ

Other Activities

Activities
Activities
Activities