ဘာလို့ ဆရာဝန်ဆီ သွားနေဦးမှာလဲ !!!

Activities
22 May, 2022

ငွေကိုအပိုသုံးဖို့ခက်ခဲတဲ့ကာလမှာ ကျန်းမာခြင်းဟာ လာဒ်ကြီးတစ်ပါးလို့ ဆိုနေရုံနဲ့ မလုံလောက်တော့ပါဘူး။ မဖြစ်မနေ ကြိုးစားပြီးတော့ကို ကျန်းမာအောင်နေရတော့မှာပါ။ အထူးသဖြင့်တော့ အခုလို ရာသီဥတုကူးပြောင်းတဲ့ကာလမှာ ဂရုစိုက်နိုင်ဖို့ ပိုမိုလိုအပ်တာကြောင့် နည်းလမ်းအချို့ကို TrueMoney မှ အကြုံပြုတင်ပြပေးလိုက်ပါတယ်။

 

နွေအကုန် မိုးအကူး ကာလတွေမှာ လူအများစုဖြစ်တတ်တာကတော့ ပြင်ပရာသီဥတုကြောင့် ခန္ဓာကိုယ်အပူချိန် မမျှတတဲ့အဖြစ်မျိုးတွေကို အများဆုံးတွေ့ကြုံခံစားရတတ်ပါတယ်။ 

 

အာသီးရောင်၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ အအေးမိခြင်းတို့ ဖြစ်တတ်တာကြောင့်

ဂိမ်းဆော့ချိန်၊ ဖုန်းကြည့်ချိန်တွေကိုလျော့ပြီး ()နာရီပြည့်အောင် အိပ်ပါ။

အာဟာရပြည့်အောင် စားသုံးပါ။

အနည်းဆုံး(၁၅)မိနစ်လောက်တော့ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။

ရေကို အနည်းဆုံး()လီတာမှ ()လီတာလောက် နေ့စဉ်သောက်ပါ။

ခန္ဓာကိုယ်တွင်းက ရေဓာတ်ကိုခမ်းစေတဲ့ အရက်၊ဘီယာကို လျော့သောက်ပါ။

စိုစွတ်တဲ့ရာသီမှာ ဗိုင်းရပ်စ်ပိုးတွေ လေထဲမှာပျံ့နေတတ်လို့ လက်ကိုမကြာခဏဆေးပါ။

 

လူကြီးတွေအပြင် ကလေးငယ်တွေလည်း သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျော၊ အအေးမိ စတဲ့ရောဂါတွေ အဖြစ်များတတ်လို့

အာဟာရပြည့်အောင်ကျွေးပြီး ရေများများတိုက်ပေးပါ။

တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပေးပါ။

တတ်နိုင်ရင် တုပ်ကွေးကာကွယ်ဆေးထိုးပေးပါ။

ခြင်ကိုက်မခံရအောင်ထားပါ။

ပြင်ပအစားအစာတွေ သိပ်မကျွေးပါနဲ့။

လှုပ်လှုပ်ရှားရှားကစားခိုင်းပါ။

 

လိုအပ်သောဆေးဝါးအချို့ကို ကြိုတင်စုဆောင်းထားရင်း TrueMoney မိတ်ဆွေများနဲ့ မိသားစုဝင်အားလုံး ငွေရေးကြေးရေးအပိုမကုန်ရဘဲ ကျန်းမာခြင်းသုခနဲ့ ပြည့်စုံကြပါစေ….

Other Activities

Activities
Activities
Activities