‘နှစ်သစ် ရည်မှန်းချက်’အကောင်အထည်ဖော်ရန် TrueMoney ၏ အကြံပြုချက်

Articles
16 January, 2021

နှစ်သစ်တိုင်းမှာ ပြီးခဲ့တဲ့နှစ်ဟောင်းထက် ပိုမိုအောင်မြင်ပြီး အဆင်ပြေချင်ကြတာ လူသားတိုင်းရဲ့ အဖြစ်ချင်ဆုံးဆန္ဓပါ။ ဒါပေမယ့် လူအနည်းစုသာ အောင်မြင်ပြီး အချို့ကတော့ ထင်ထားသလောက်မဖြစ်လာကြရှာပါဘူး။ အောင်မြင်နေတဲ့လူတွေကို လေ့လာဆန်းစစ်ကြည့်တော့ နှစ်သစ်ရောက်တိုင်းနှစ်သစ်အတွက်ရည်မှန်းချက်တွေရေးချပြီး တစိုက်မတ်မတ်နဲ့ လက်တွေ့အကောင်အထည်ဖော်ကြတာကို တွေ့ရှိရပါတယ်။ နှစ်သစ်ရည်မှန်းချက် ချရေးရာမှာ အတတ်နိုင်ဆုံး လက်တွေ့ကျကျနဲ့ ဖြစ်နိုင်မယ့်အကြောင်းအရာမျိုးကိုသာ ချရေးသင့်ပါတယ်။

 

မကောင်းတဲ့အကျင့်တွေကို တတ်နိုင်သလောက် ပယ်နိုင်ဖို့ လိုအပ်သလို ကောင်းတဲ့အကျင့်တွေကို ပိုကောင်းလာအောင် ရည်ရွယ်ချက်ထားရှိသင့်ပါတယ်။  (ဥပမာ–  ဆေးလိပ်ဖြတ်မယ်၊ ပိုကျန်းမာအောင်နေထိုင်စားသောက်မယ်၊ ရာထူးတိုးအောင်လုပ်မယ်၊ ပိုက်ဆံပိုစုနိုင်ရမယ်၊ အရင်းအနှီးနည်းနည်းနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးအောင်လုပ်မယ်။)

 

နှစ်သစ်ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ

 

စ်နှစ်အတွင်းအကောင်အထည်ဖော်ရန်သာ ဖြစ်တဲ့အတွက် ရည်မှန်းချက်()ခုထက်တော့ ပိုမချသင့်ပါဘူး။ ဖြစ်ချင်တာတွေများပြီး ဘယ်အရာကိုမှ တစ်စိုက်မှတ်မှတ် အာရုံမစူးစိုက်နိုင်ပဲ တစ်ခုမှ ဖြစ်မလာတတ်လို့ပါ။ တိကျတဲ့ပလန်ရှိပဲနဲ့ည်မှန်းချက်အကောင်အထည်ဖော်ဖို့ကိုလည်း ရှောင်ရပါမယ်။

 

နှစ်ပေါင်းများစွာပြုမိနေတဲ့ အကျင့်တွေကို ချက်ချင်းဖျောက်ပစ်ဖို့ကတော့ မလွယ်ကူလို့ သတိရှိရှိနဲ့ အကျင့်ပါလာအောင် ရေတို၊ ရေရှည်ဖြေရှင်းနည်းတွေနဲ့ ရှင်းရပါမယ်။ည်မှန်းချက်ထားရပါမယ်။ ဥပမာဆေးလိပ်မသောက်ပဲ ()ရက် နေကြည့်မယ်။ ()ရက်နေနိုင်ရင် ()ပတ်နေကြည့်မယ်။ အဲ့လိုမျိုး တဖြည်းဖြည်းရက်ရှည်လာတာနဲ့အမျှဆေးလိပ်ပြတ်သွားတတ်ပါတယ်။ 

 

အဓိကကတော့ ကိုယ့်ရည်မှန်းချက်ပြည့်အောင်၊ အကျင့်ကောင်းလေးစွဲသွားအောင် လုပ်ပေးနေရမှာပါ။ လူ့သဘောအရ မေ့တတ်လို့  တစ်မျိုးမဟုတ်တစ်မျိုးနဲ့ အမြဲသတိထားမိနေအောင် ပြုမူကျင့်ဆောင်ရပါမယ်။ မြင်သာတဲ့နေရာမှာ သတိပေးစာကပ်ထားတာမျိုး၊ ဖုန်းနဲ့ Alarm ပေးထားတာမျိုး၊ ရင်းနှီးတဲ့သူငယ်ချင်းကို မှာထားတာမျိုး လုပ်လို့ရပါတယ်။

 

ပိုက်ဆံပိုစုနိုင်ဖို့ဆိုရင်တော့ လစဉ်ဝင်ငွေရဲ့ (၁၀ %) လောက်ကို တစိုက်မတ်မတ်နဲ့ လစဉ်လတိုင်း ရည်မှန်းချက်ပြည့်တဲ့အထိ လုံခြုံတဲ့နေရာမှာအရင်စုပြီးမှ ကျန်တဲ့ငွေကို စနစ်တကျသုံးစွဲတာမျိုး ပြုသင့်ပါတယ်။ အရင်းအနှီးနည်းနည်းနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးအောင်ရည်မှန်းချက်ထားတယ်ဆိုရင်တော့ Online မှာ အဝတ်အစား၊ အစားအသောက်ရောင်းလို့ရသလို TrueMoney လို ငွေလွှဲငွေထုတ်လုပ်ငန်းမှာ အေးဂျင့်အဖြစ်ရင်းနှီးမြုပ်နှံလို့လည်းရပါတယ်။

 

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ကိုယ့်အတွက်ဖြစ်နိုင်ခြေရှိတဲ့ည်မှန်းချက်လေးတွေကို ချရေးပြီး တစ်ခုချင်းစီအတွက် လက်တွေ့အကောင်အထည်ဖော်နိုင်ကြရင်ဖြင့် ပိုမိုကောင်းမွန်တဲ့ဘဝကို တစ်နှစ်ထက်တစ်နှစ်တိုးပြီး ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ 

 

နှစ်သစ်တိုင်းမှာ ပိုမိုကောင်းမွန်တဲ့ဘဝမျိုးကို ဆထက်တပိုးတိုးပြီး ပိုင်ဆိုင်နိုင်ကြပါစေ‘…

 

Other Articles

Articles
Articles
Articles