ဒီမှာ… ၂၀%ထိ ဈေးလျှော့လိုက်ပြီ

Activities
11 September, 2023

လျှော့နိုင်သလောက် လျှော့သုံးပြီး အသုံးအစွဲ စီစစ်ရမယ့်အချိန်နဲ့ ကွက်တိ။

မြန်မာပြည်တွင်း ကြိုက်တဲ့နေရာကနေ၊ ကြိုက်တဲ့နေရာကိုလွှဲ ငွေလွှဲခလျှော့ဈေး(၂၀%) ရယူနိုင်တဲ့ ထရူးမန်းနီးရဲ့ WOW! ပရိုမိုးရှင်း။

မိတ်ဟောင်းဖြစ်ဖြစ် မိတ်သစ်ဖြစ်ဖြစ် ငွေလွှဲသူများအားလုံး ထရူးမန်းနီးနဲ့ငွေလွှဲတိုင်း သတ်မှတ်ငွေလွှဲခရဲ့ (၂၀%)ကို လျှော့ဈေးအဖြစ် ရယူခံစားလိုက်ပါ။

များများလွှဲ၊ များများသက်သာ၊ မြန်မြန်ရောက်။

 

ထရူးမန်းနီးနဲ့ ပထမဆုံးငွေလွှဲဖို့

၁) ကိုယ့်ရဲ့ အနီးဆုံးက ထရူးမန်းနီးဆိုင်ကိုသွားပြီး အမည်၊ နိုင်ငံသားစီစစ်ရေးကဒ်ပြား၊ ဖုန်းနံပါတ်တို့ကိုပေးပြီး မှတ်ပုံတင်စာရင်းသွင်းပါ။

၂) ကိုယ်လွှဲပို့လိုသော ငွေပမာဏ နှင့် တစ်ဖက်တွင်ငွေထုတ်မည့်သူ၏ နာမည်နဲ့ ဖုန်းနံပါတ်အား ပေးလိုက်ပါ။

၃) ကိုယ့်ဖုန်းထဲသို့ တစ်ခါသုံးလျို့ဝှက်ကုဒ် (OTP) ဂဏန်း(၈)လုံး ကျလာပါလိမ့်မည်။

၄) ထိုဂဏန်းအား ငွေထုတ်မည့်သူထံ ပေးပို့လိုက်တာနဲ့ ငွေလွှဲခြင်းကိစ္စ ပြီးမြောက်အောင်မြင်သွားပါပြီ။

 

ထရူးမန်းနီးနဲ့ ငွေထုတ်ဖို့

၁) နီးစပ်ရာ ထရူးမန်းနီးဆိုင် (သို့မဟုတ်) MAB ဘဏ်ခွဲတစ်ခုခု ကိုသွားကာ ငွေလွှဲသူပေးပို့လိုက်သော OTP လျို့ဝှက်ဂဏန်း၊ မိမိရဲ့မှတ်ပုံတင် နဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ပါ။

၂) စစ်ဆေးပြီး အချက်အလက်များမှန်ကန်တာနဲ့ လွှဲလိုက်တဲ့ငွေကို အပိုတစ်ပြားမှပေးစရာမလိုဘဲ ငွေသားထုတ်ယူလိုက်ရုံပါပဲ။

 

အနီးဆုံး ထရူမန်းနီးဆိုင်ကိုရှာရန် –  Link – http://bit.ly/find-an-agent

MAB ဘဏ်နဲ့ ဘဏ်ခွဲများကို ရှာရန် – Link – https://bit.ly/MAB_TrueMoney_Remittance  

 

တန်ပြီးရင်း’တန်’နေတဲ့ ထရူးမန်းနီး WOW! ပရိုမိုးရှင်းရဲ့ ငွေလွှဲခ နှုန်းထားအသစ်တွေကိုတော့ အောက်ပါဇယားမှာ ကြည့်ရှု့လိုက်ပါ။

WOW! ပရိုမိုးရှင်း အပါအဝင် ထရူးမန်းနီးငွေလွှဲငွေထုတ်အကြောင်း အသေးစိတ်စုံစမ်းသိရှိလိုပါက ဖုန်း – 09 969 51 9999 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

ထရူးမန်းနီးမိတ်ဆွေများအားလုံး မကုန်သင့်တာတွေ အပိုမကုန်ဘဲ၊ ငွေကို စနစ်တကျနဲ့ အကျိုးရှိစွာ သုံးစွဲနိုင်ကြပါစေ။

Other Activities

Activities
Activities
Activities