ဒါဖတ်ပြီးမှ လုပ်ငန်းချဲ့ဖို့ ငွေချေးပါ

Activities
21 July, 2023

ချေးငွေယူ

အလုပ်မြန်မြန်’စ’၊ မြန်မြန်ပြန် ‘ဆပ်’၊ 

ကျေအောင်ဆပ်ပြီးရင် ထပ်ချေး၊ 

လုပ်ငန်း ထပ်ချဲ့လိုက်၊ ပြန်ဆပ်လိုက်။

 

သင်က အဲ့လိုစဉ်းစားနေတဲ့ အသေးစားလုပ်ငန်းရှင်တစ်ယောက်လား။

ဒါဆိုရင်တော့နောင်တစ်ချိန်မှာ အောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ဖို့ ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်လိုက်ပါ။

 

ချေးငွေကုမ္ပဏီတော်တော်များများကတော့ အသေးစားလုပ်ငန်းတွေအတွက် စီးပွားရေးလုပ်ငန်းတိုးချဲ့ဖို့ကို အဓိကရည်ရွယ်ပြီး ငွေထုတ်ချေးတတ်ကြပါတယ်။ ဒါပေမယ့်လည်း ငွေမချေးခင်မှာ ကိုယ့်အနေနဲ့ အောက်ပါအချက်အလက်တွေကို သေချာစဉ်းစားပြီးမှသာ ချေးယူပါလို့ အကြံပြုပါရစေ။

 

– ကိုယ့်ရဲ့လုပ်ငန်းကို တိုးချဲ့ဖို့အချိန်တန်ပြီလား ။ (ဈေးကွက်အခြေအနေ၊ အလုပ်သမား၊ လိုအပ်မယ့်ကုန်ကြမ်း စသဖြင့် အားလုံးကို ထည့်သွင်းစဉ်းစားရပါမယ်)

– ဘယ်လောက်ထိချဲ့ထွင်ဖို့ ငွေဘယ်လောက်ထပ်ပြီးရင်းနှီးမြုပ်နှံရမှာလဲ။

– ချဲ့လိုက်ရင် ရလာနိုင်မယ့် အကျိုးအမြတ်ကရော

– ချေးငွေရဲ့အတိုးနှုန်းကို ‘ကာ’မိပါ့မလား။

– ဘယ်အချိန်မှ အကျေပြန်ဆပ်နိုင်မှာလဲ စတာတွေကို မဖြစ်မနေထည့်သွင်းစဉ်းစားရမှာပါ။

*လုပ်ငန်းအလိုက်ကတော့ အခြားစဉ်းစားစရာတွေအများကြီး ကျန်နိုင်ပါသေးတယ်။

 

အားလုံးကို အဖက်ဖက်ကစဉ်းစားပြီးပြီဆိုမှ သင့်တော်မယ့် တရားဝင်လိုင်စင်ရ ချေးငွေလုပ်ငန်းတစ်ခုခုကို ဆက်သွယ်စုံစမ်းပါ။

တရားဝင်ဝန်ထမ်းနဲ့သာ ပြောဆိုဆက်ဆံပါ။

ချေးငွေမရသေးဘဲ မည်သည့်အကြောင်းနှင့်မျှဖြစ်စေ ငွေကြိုထည့်ပေးခြင်း၊ စာရွက်စာတမ်းကြေး ပေးခြင်းမျိုးကိုမလုပ်ပါနဲ့။

 

ဒီလို ရှောင်ရန်/ဆောင်ရန်လေးတွေကိုသိပြီးမှသာ ငွေချေးပြီးလုပ်ငန်းကို တိုးချဲ့သင့်ပါတယ်။ ဒါမှလည်း ဆိုးရွားတဲ့အကြွေးနွံနစ်ခြင်းကို ရှောင်ရှားနိုင်မှာပါ။ အထူးသတိပြုရမှာကတော့ ကိုယ်ရေးကိုယ်တာအသုံးစရိတ်အတွက်တော့ အခုလိုချေးငွေတွေကို အသုံးမချစေချင်ပါဘူး။

 

ကိုယ့်ဘက်ကလည်း သေချာစဉ်းစားပြီးပြီ။ တကယ်ငွေချေးပြီး စီးပွားတိုးချဲ့လိုသူတွေအတွက်ကတော့ အချိန်ကုန်ခံမနေပဲ  ချေးငွေမြန်မြန်ရှာနိုင်ဖို့ ဆက်သွယ်စုံစမ်းလို့ရအောင် ထရူးမန်းနီးနဲ့လက်တွဲလုပ်ကိုင်နေတဲ့ တရားဝင်လိုင်စင်ရ အသေးစားချေးငွေလုပ်ငန်းတွေရဲ့ ဖေ့စဘုတ်မူရင်းပေ့ချ် (သို့မဟုတ်) ဖုန်းနံပါတ်တွေကို ရှာဖွေတင်ပြပေးထားပါတယ်။

Aaron Microfinance Myanmar – https://www.facebook.com/AeonMicrofinance

MFIL – 01 233 0007

Moe Yan – https://www.facebook.com/MOE-YAN-Microfinance- ချေးငွေလုပ်ငန်း-108337011684406

Prinstine Global Finance – https://www.facebook.com/pristineglobalfinance

Shinhan Micro-Finance – 01 643 685

Win Finance – https://www.facebook.com/WinFinanceMyanmar  

Hana Microfinance – https://www.facebook.com/hanamicrofinance 

Zega Finance – https://www.facebook.com/zegafinance 

Mo Mo Finance – https://www.facebook.com/profile.php?id=100091442762231 

SMGF – https://www.facebook.com/smgfmm 

(* ချေးငွေ ရ/ မရ ကတော့ သက်ဆိုင်ရာလုပ်ငန်းတွေကသာ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ် )

 

ထရူးမန်းနီးမိတ်ဆွေများအားလုံး အောင်မြင်တဲ့လုပ်ငန်းရှင်ကြီးများ ဖြစ်ကြပါစေ။

Other Activities

Activities
Activities
Activities