ထိုင်းမှမြန်မာ အလုံခြုံဆုံး ငွေလွှဲနိုင်ဖို့

Activities
30 November, 2021

နိုင်ငံရပ်ခြားမှာသွားရောက် အလုပ်လုပ်ကိုင်ရတာဟာ ထင်သလောက် မလွယ်ကူပါဘူး။ အခက်အခဲများကြားက အလုပ်ကြိုးစားရတဲ့အပြင် ကိုယ့်ချစ်ရတဲ့သူတွေနဲ့အဝေးမှာ သွားရောက်လုပ်ကိုင်ကြရသလို တန်ဖိုးရှိတဲ့’မိမိရဲ့အချိန်’တွေကို ရင်းနှီးမြုပ်နှံကြရပါတယ်။ ဒီလို ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝ ကို စာနာနားလည်ပေးတဲ့အတွက်လည်း TrueMoney က မြန်မာနိုင်ငံသားများ ပင်ပန်းစွာရှာဖွေထားတဲ့ငွေတွေ အလုံခြုံဆုံးမိသားစုစီရောက်ဖို့ အမြဲဦးစားပေးပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။

TrueMoney နဲ့ ငွေလွှဲငွေထုတ်ပြုလုပ်သူတိုင်း ရရှိလာနိုင်မယ့်ကောင်းကျိုးတွေကတော့
လုံခြုံစိတ်ချရပြီး လွှဲတဲ့ငွေ အိမ်ရောက်ဖို့ လုံးဝစိတ်မပူရခြင်း၊
တရားမဝင်ငွေလွှဲများကဲ့သို့ ငွေလွှဲခအပို ပေးစရာမလိုခြင်း၊
အခုလွှဲအခုရောက် တနိုင်ငံလုံး မြို့နယ်ပေါင်းများစွာမှာ ငွေထုတ်နိုင်ခြင်း၊
မြန်မာနိုင်ငံမှငွေထုတ်ယူမည်သူအတွက်လည်း (%) ရာခိုင်နှုန်းအပို ပေးစရာမလိုဘဲ ငွေထုတ်ယူနိုင်ခြင်း၊
အကန့်အသတ်မရှိ ‘ငွေသားရရန်အာမခံ’ဖြင့် ငွေထုတ်ယူနိုင်ခြင်း၊
TrueMoney Rewards Points များ အပိုရရှိနိုင်ခြင်း စတဲ့ကောင်းကျိုးတွေ ရရှိစေပါတယ်။

TrueMoney နှင့် ငွေလွှဲရာမှာ ထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားများ အဆင်ပြေစေအောင် အောက်ဖော်ပြပါနေရာများမှ ကြိုးစားဝန်ဆောင်မှုပေးနေပါတယ်။

 

(၁) TrueMoney Transfer ဆိုင်များ
TrueMoney မှ ဖွင့်လှစ်ထားသော TrueMoney ထရန်စဖာဆိုင်များမှ အမိမြန်မာပြည်သို့ လွယ်ကူစွာငွေလွှဲပို့နိုင်ပါတယ်။ ထိုင်းနိုင်ငံအနှံမှ TrueMoney ထရန်စဖာဆိုင်တွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေပြီး
မြန်မာဘာသာစကားပြောဆိုတတ်တဲ့ ဝန်ထမ်းတွေက လွယ်ကူစွာငွေလွှဲနိုင်ရေးအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနေလို့ သက်ဆိုင်ရာနယ်မြေအလိုက် အနီးဆုံးဆိုင်ကို အောက်ပါလင်ခ့်မှ ဝင်ရောက်ကြည့်ရှု့လိုက်ပါ။
Link- https://bit.ly/TH-MM-Address

 

(၂) TrueMoney Wallet App ကိုသုံးပြီး ကိုယ့်စိတ်ကြိုက် လွယ်ကူစွာငွေလွှဲပို့နိုင်ခြင်း
TrueMoney ကို အသုံးပြုပြီးငွေလွှဲရာမှာ ထိုင်းရောက်မြန်မာနိုင်ငံသားများအကြိုက်ဆုံးဝန်ဆောင်မှုတစ်ခုက‌တော့ အချိန်ကုန်၊ လူပမ်းခြင်းမှ သက်သာစေတဲ့အပြင် ထိုင်းနိုင်ငံအနှံ့ အင်တာနက်မိသည့် မည်သည့်နေရာမှမဆို မြန်မာနိုင်ငံသို့ အလွယ်တကူ ငွေလွှဲနိုင်သော TrueMoney ဝေါ့လက် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရထားသည့် မည်သူမဆို TrueMoney ဝေါ့လက်ကို အသုံးပြုနိုင်ဖို့ Android သို့မဟုတ် iOS App Store များမှ အလွယ်တကူ ဒေါင်းလုတ်လုပ်ပြီး အကောင့်မှတ်ပုံတင်ရုံသာလိုအပ်ပါတယ်။ အကယ်၍ ဝေါ့လက် မှတ်ပုံတင်ဖို့ အခက်အခဲရှိသူများ အနေနဲ့ ဖုန်း- 1240 လိုင်းခွဲ (4) သို့ ဖုန်းခေါ်ဆိုဆက်သွယ်နိုင်ပြီး အချက်အလက်ပြည့်စုံတယ်ဆိုရင်တော့ (၅)မိနစ်အတွင်း အကောင့်ဖွင့်နိုင်ဖို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဝေါ့လက်ထဲကို ငွေဖြည့်ရာမှာလည်း နီးစပ်ရာ 7 -Eleven ဆိုင်တွေမှ အလွယ်တကူ ငွေဖြည့်လိုက်လို့ရပါတယ်။
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အသုံးပြုရန်အတွက် TrueMoney Wallet အက်ပလီကေးရှင်းအား ဒေါင်းလုတ်ဆွဲရန်
Android – https://bit.ly/TM-Wallet-Android
iOS – https://apple.co/37PBtIw

 

TrueMoney ဝေါ့လက်သုံးပြီး မြန်မာပြည်ကို ဘယ်လိုငွေလွှဲမလဲ၊ ဝေါ့လက်ထဲကို ငွေဘယ်လိုဖြည့်မလဲ၊ အခြားဘာတွေသုံးလို့ရသေးလဲဆိုတာကို ရှင်းပြထားတဲ့ဗီဒီယိုလေးကိုတော့ ဒီမှာကြည့်ပါ။
Link – https://bit.ly/how-to-register-TM-wallet

 

ထိုင်းနိုင်ငံမှာ TrueMoney ငွေလွှဲငွေထုတ်အကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်း – 1240 လိုင်းခွဲ (4) သို့ ဆက်သွယ်စုံစမ်းလို့ရပါတယ်။ ဘာသာစကားအခက်အခဲ မရှိဖို့အတွက်လည်း မြန်မာဘာသာစကားပြောဆိုတတ်တဲ့ ဝန်ထမ်းများမှ ဝန်ဆောင်မှုပေးနေပါတယ်။ နေ့စဉ်ငွေလဲနှုန်းထားတွေ နဲ့ လစဉ်ပရိုမိုးရှင်းတွေကိုတော့ TrueMoney Wallet App မှာ အလွယ်တကူ ကြည့်ရှု့နိုင်သလို ဒီလင့်ခ်ကိုနှိပ်ပြီး TrueMoney Transfer Myanmar ဖေ့စဘုတ်ပေ့ချ်ကို Like & Follow လုပ်ထားကာ စောင့်ကြည့်နေလို့လည်းရပါတယ်။
Link – https://www.facebook.com/truemoneytransfermyanmar

 

TrueMoney နဲ့ ငွေမလွှဲဘူးသေးရင်တော့ လုံခြုံ၊မြန်ဆန်၊စိတ်ချရတဲ့ TrueMoney ဝန်ဆောင်မှုကိုရယူဖို့ နီးစပ်ရာငွေလွှဲတဲ့နေရာတွေကို ကြွရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
သင်… ပင်ပင်ပန်းပန်း နဲ့ ကြိုးစားရှာဖွေထားတဲ့ ‘ငွေ’
သင်ချစ်တဲ့သူတွေလက်ထဲ မြန်မြန်နဲ့ မှန်မှန်ရောက်ဖို့
TrueMoney မှ တာဝန်ယူပါရစေ။

Other Activities

Activities
Activities
Activities