“ချေးငွေ ယူမလား အစ်ကို ?”

Articles
5 June, 2022

ဖုန်းနံပါတ်ပေးရုံနဲ့  (၂၄)နာရီအတွင်း ချေးငွေရစေရမယ်။

ဘာပိုင်ဆိုင်မှုမှ ပြစရာမလို၊ အာမခံစရာမလိုဘဲ အလွယ်တကူ ငွေချေးပေးမယ်။

သေသေချာချာလည်း ဘာမှ လာမစစ်ဆေးဘဲနဲ့ ချေးငွေရစေရမယ်။

ချေးငွေမပေးခင်မှာ ဖေါင်ကြေးသွင်းဖို့ စပေါ်တင်ဖို့ငွေ အရင်လွှဲပေးရမယ်။

အထက်ပါ အကြောင်းအချက်တွေထဲက ()ခုခုနဲ့ လာပြောနေပြီဆိုရင်တော့မိတ်ဆွေ ငွေလိမ်ခံရတော့ဖို့အတော်နီးစပ်နေပါပြီ။

 

သေချာပြန်စဉ်းစားကြည့်ပါ။

လူအများလိုနေတဲ့ ငွေသားကို ဘာအထောက်အထားမှမလိုအပ်ဘဲ အလွယ်တကူချေးမယ်ဆိုပြီး ဘယ်သူမှ တကူးတက လာပြောမနေပါဘူး။ ဒါဟာ အခက်အခဲရှိနေတဲ့သူတွေရဲ့ ပျော့ကွက်ကို အခွင့်ကောင်းယူပြီး လိမ်လည်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်နိုင်ပါတယ်။

 

အခုလို ငွေကြေးလိမ်လည်နေကြတဲ့ ပေ့ချ်အများစုကို လေ့လာကြည့်မယ်ဆို

လိပ်စာအတိအကျ မတင်ထားသလို ပေ့ချ်ကို Like လုပ်ထားသူဦးရေအလွန်နည်းပါးနေပါလိမ့်မယ်၊

လွန်ခဲ့တဲ့အနည်းငယ်က ထောင်ထားတဲ့ ပေ့ချ်ဖြစ်နေမယ်၊

ဖိုတိုရှော့နဲ့ ပြုပြင်ထားတဲ့ အသေးစားချေးငွေလုပ်ငန်းလိုင်စင်ပုံ ကို ပြထားမယ်၊

ငွေပုံကြီးနှင့်လူအများကြီး အလုပ်လုပ်နေတဲ့ ဓာတ်ပုံတွေကို တင်ထားမယ်၊

တွေ့ကရာ မှတ်ပုံတင် နှင့် လူတစ်ယောက်ယောက်ရဲ့ပုံကိုပြပြီး ချေးငွေပေးအပ်ပြီးကြောင်းတွေ တင်မယ်

စတဲ့ တူညီတဲ့အချက်အလက်များကို ယေဘူယျတွေ့နိုင်ပါလိမ့်မယ်။

အဲ့ဒီလို ပေ့ချ်တွေကို ရှောင်ရပါမယ်။ တွေ့လာပြီဆို အလိမ်မခံရဖို့ မိတ်ဆွေတွေကို

သတိပေးပါ။ ထောင်ဂဏန်း၊ သောင်းဂဏန်းလောက်ပဲလေလိမ်ရင်လည်း လိမ်ပါစေဆိုတဲ့စိတ်မျိုး ထားလို့မရပါဘူး။ ရှာရဖွေရခက်ခဲနေတဲ့ ကာလမှာ ငွေကြေးဟာဘယ်လောက်ဖြစ်ဖြစ် တန်ဖိုးရှိပါတယ်။

 

ငွေရေးကြေးရေး အကြောင်းရှိလာရင် ဆက်သွယ်စုံစမ်းနိုင်ဖို့ TrueMoney နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ တရားဝင်လိုင်စင်ရ အသေးစားချေးငွေလုပ်ငန်းတွေရဲ့ မူရင်းပေ့ချ်လင့်ခ် (သို့မဟုတ်) ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကို ရှာဖွေတင်ပြပေးထားပါတယ်။ ဒီနေရာမှာ TrueMoney အနေနဲ့  ချေးငွေအကြောင်းပြပြီး ငွေလိမ်မခံရအောင် တရားဝင်ငွေချေးတဲ့ပေ့ချ်အချို့ကို

ဖော်ပြပေးခြင်းသာဖြစ်ပြီး ချေးငွေ ရ/ မရ ကတော့ သက်ဆိုင်ရာ လုပ်ငန်းတွေကသာ ဆုံးဖြတ်ပေးသွားမှာသာ ဖြစ်ပါတယ်။

Aaron Microfinance Myanmar – https://www.facebook.com/AeonMicrofinance

MFIL – 01 233 0007

Moe Yan – https://www.facebook.com/MOE-YAN-Microfinance-ချေးငွေလုပ်ငန်း-108337011684406

Quick Kyat – https://www.facebook.com/quickyat  

Prinstine Global Finance – https://www.facebook.com/pristineglobalfinance

Shinhan Micro-Finance – 01 643 685

Win Finance – https://www.facebook.com/WinFinanceMyanmar

အမှန်တကယ်လိုအပ်လို့ ငွေချေးချင်သူများအနေနဲ့ကတော့

ဘဏ် (သို့မဟုတ်) တရားဝင်ငွေချေးလုပ်ငန်းများကို ဆက်သွယ်ပါ။

အဆိုပါလုပ်ငန်းများ အပြင်မှာ တကယ်ရှိ/ မရှိ ကို စုံစမ်းလေ့လာပါ။

သက်ဆိုင်ရာ တရားဝင်ငွေချေးလုပ်ငန်းမှ တကယ့်ဝန်ထမ်းများကို ဆက်သွယ်ပါ။

ချေးငွေမရရှိသေးဘဲ မည်သည့်အကြောင်းနှင့်မျှဖြစ်စေ ငွေကြိုထည့်ပေးခြင်း၊ စာရွက်စာတမ်းကြေးပေးခြင်းမျိုးကို မလုပ်ပါနဲ့ ။

 

အထူးသဖြင့် ချေးငွေအကြောင်းပြကာ Online မှ လိမ်လည်နေသူအများစုဟာ ဆိုရှယ်မီဒီယာ နဲ့ အကျွမ်းတဝင်မရှိသည့် အသက်အရွယ်များကိုသာ အဓိကပစ်မှတ်ထားကြတာဖြစ်လို့ နားလည်သူလူငယ်တွေအနေနဲ့လည်း ပတ်ဝန်းကျင်ရှိ သက်ကြီးပိုင်းဆိုရှယ်မီဒီယာ သုံးသူတွေကို တတ်နိုင်သလောက် သဘောပေါက်စေရန် ကြိုတင်ရှင်းပြထားပေးသင့်ပါတယ်။

 

TrueMoney အေးဂျင့်များအပါအဝင် TrueMoney အသုံးပြုသူ မိတ်ဆွေများ၊ မိသားစုဝင်များအားလုံး ငွေကြေး လိမ်လည်၊လှည့်ဖျားခံရခြင်းဘေးမှ ကင်းဝေးကြပါစေ

Other Articles

Articles
Articles
Articles