TrueMoney Myanmar နှင့် Global Treasure Bank တို့မှ ပူးပေါင်း၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွယ်ကူမြန်ဆန်သော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု မိတ်ဆက်

News
19 September, 2025

ထရူးမန်းနီးမြန်မာ (TrueMoney Myanmar) မှ ကမ္ဘာ့ရတနာဘဏ် (Global Treasure Bank – GTB Bank) နှင့်အတူ ထိုင်းမှမြန်မာငွေလွှဲများ ထုတ်ယူရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေရန် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ယခုလို အကျိုးတူပူးပေါင်းမှုသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများမှ ထရူးမန်းနီး ဝေါလပ် အက်ပလီကေးရှင်းကို အသုံးပြုပြီး မြန်မာပြည်တွင်းရှိ မိသားစုထံ ငွေလွှဲရာတွင် မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘာ့ရတနာဘဏ်ခွဲများ မှတစ်ဆင့် ငွေလွှဲထုတ်ယူနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နယ်စပ်ဖြတ်ကျော်ငွေကြေးစီးဆင်းမှုသည် ယခင်ကထက် ပိုမိုလွယ်ကူအဆင်ပြေစေမှာဖြစ်သည့်အပြင် အသုံးပြုသူ မိဘပြည်သူများနှင့် ယုံကြည်မှု ပိုမိုတည်ဆောက်စေနိုင်ရန် ရည်ရွယ်ပါသည်။

 

 

ထရူးမန်းနီးမြန်မာ မှ ကမ္ဘာ့ရတနာဘဏ် နှင့် ယခုလို အကျိုးတူပူးပေါင်းမှုမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ငွေကြေးစီးဆင်းမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပိုမိုအဆင်ပြေစွာလုပ်ကိုင် ဆောင်ရွက်နိုင်စေရန် အတူတကွကြိုးစားသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Other News

Activities
Activities
News