ပရိုမိုကုဒ်သုံးပြီး ငွေလွှဲခ ၂၅% လျှော့စျေး ရယူလိုက်ပါ

Activities
9 January, 2025

ငွေလွှဲခ ၂၅% လျှော့စျေးကို ပရိုမိုကုဒ် “HAPPY2025” သုံးပြီး ထရူးမန်းနီးနဲ့ ငွေလွှဲပြီး ရယူလိုက်ပါ။ ၂၀၂၅၊ ဇန်နဝါရီလ (၃၁)။ ရက်နေ့အထိသာ

 

ငွေလွှဲပမာဏ ကန့်သတ်ထားခြင်းမရှိဘဲ များများလွှဲရင် များများတန်တာမို့ အလုံခြုံဆုံး TrueMoney ဆိုင်တွေမှာ အသက်သာဆုံး ငွေလွှဲ၊ ငွေထုတ် ပြုလုပ်လိုက်ပါ။

 

TrueMoney ရဲ့ ပရိုမိုးရှင်းများကို မျက်‌‌ခြေမပြတ် ကြည့်ရှုနိုင်ဖို့ ဆိုရှယ်ချန်နယ်များကို အောက်ပါလင့်ခ်များမှတစ်ဆင့် အခုပဲချိတ်ဆက်လိုက်ပါ။

🔔 TikTok

🔔 Facebook

🔔 Viber

🔔 YouTube

 

စည်းကမ်းသတ်မှတ်ချက်များ

 

(၁)‌ ယခုပရိုမိုးရှင်းသည် ပရိုမိုကုဒ် “HAPPY2025” ကိုအသုံးပြုပြီး ထရူးမန်းနီးနဲ့ ပြည်တွင်းငွေလွှဲဆောင်ရွက်ပါက ငွေလွှဲခ ၂၅% လျှော့စျေး လက်ငင်းပြန်ရမည့် အစီအစဥ်ပဲဖြစ်ပါတယ်။

 

(၂) ယခုအစီအစဥ်ကို မြန်မာပြည်အနှံ့ရှိ ထရူးမန်းနီး ကိုယ်စားလှယ်ဆိုင်ပေါင်းများအားလုံးတွင် ပရိုမိုကုဒ်အားအသုံးပြု၍ ပြည်တွင်းငွေလွှဲပြုလုပ်သည့် မည်သူမဆို ပါဝင်ခံစားနိုင်ပါသည်။

 

(၃) ပရိုမိုကုဒ်အား အသုံးပြုနိုင်မယ့် ပမာဏကန့်သတ်ထားပြီး ကန့်သတ်ပမာဏထက် ကျော်လွန်သွား၍ဖြစ်စေ၊ ၂၀၂၅ ဇန်နဝါရီလ (၃၁) ရက်နေ့ကျော်သွား၍ဖြစ်စေ၊ ပရိုမိုကုဒ်ကို အသုံးပြု၍ရရှိနိုင်မည်မဟုတ်ပါ။

 

(၄) ဤအစီအစဥ်မှတစ်ဆင့် ထရူးမန်းနီးအေးဂျင့်များအနေဖြင့် ပုံမှန်ကော်မရှင်ခအပြင် ထရူးမန်းနီး ပြည်တွင်းငွေလွှဲသူ မိတ်ဖက်များများရရှိနိုင်ပါသည်။

 

(၅) အေးဂျင့်များကိုယ်တိုင် ပရိုမိုကုဒ် “HAPPY2025” ကို ကိုယ်ရေးကိုယ်တာအတွက် ပြည်တွင်းငွေလွှဲမှုတွင် အသုံးပြုခြင်း ယခုအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

 

(၆) ပရိုမိုးရှင်းကာလ – ၂၀၂၅ ဇန်နဝါရီလ ၁၁ မှ ၃၁ ရက်နေ့အထိ။

 

(၇) အစီအစဉ်တွင် ပါဝင်ခြင်းသည် ဤစည်းမျဥ်းစည်းကမ်းများကို လက်ခံခြင်းဖြစ်ပါသည်။

 

(၈) ထရူးမန်းနီး သည် မိတ်ဖက်အေးဂျင့်များထံမှ မသမာသောအပြုအမူများ တွေ့ရှိပါက အချိန်မရွေး ပေးအပ်ထားသော ကော်မရှင်ခအားပြန်လည် နူတ်ယူခွင့်ရှိပါသည်။

 

(၉) ထရူးမန်းနီး မြန်မာမှ ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ လိုက်နာရမည့်စည်းကမ်းချက်များကို ပြောင်းလဲနိုင်ခွင့်ရှိပါသည်။

 

(၁၀) အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထရူးမန်းနီး မြန်မာ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

 

(၁၁) ကြိုတင်အသိပေးခြင်းမရှိဘဲ ထရူးမန်းနီးမှ ယခု အစီအစဥ်အား အချိန်မရွေး ရပ်တန့်နိုင်ခွင့်ရှိပါသည်။

Other Activities

Articles
Activities
Activities