MoU Signing Between Myanmar Tourism Bank and TrueMoney Myanmar

Activities
6 May, 2025

“မြန်မာ့ခရီးသွားဘဏ် – MTB နှင့် TrueMoney တို့ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခြင်း”

 

မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) နှင့် TrueMoney Myanmar တို့၏ဝန်ဆောင်မှုများကို အသုံးပြုသုံးစွဲနေသော ပြည်သူများ၏ ဘဝလိုအပ်ချက်များနှင့် ဘဏ္ဍာရေးအခန်း ကဏ္ဍများတွင် ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ် ငွေကြေး၀န်ဆောင်မှုများဖြင့် ယနေ့အချိန်အခါထက်ပိုမို စွမ်းအားမြှင့်ကာ ပေးနိုင်ရန်အတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် ရည်ရွယ်၍  ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့တွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းမကြီးပေါ်တွင်ရှိသော မြန်မာ့ခရီးသွားဘဏ်(ရုံးချုပ်)၌ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ကြပါသည်။

 

 

အဆိုပါအခမ်းအနားတွင် “မြန်မာ့ခရီးသွားဘဏ်” ၏ CEO ဦးဝင်းလွင်နှင့် “TrueMoney Myanmar” ၏ Managing Director ဦးထွန်းထွန်းလင်းတို့မှ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပြီး “မြန်မာ့ခရီးသွားဘဏ်” ၏ ဦးခင်ဖေဦးနှင့် “TrueMoney Myanmar” ၏ CBO ဒေါ်နော်သဲဆုထူး တို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း သတင်းကောင်းအဖြစ်မျှဝေလိုက်ပါသည်။

 

Other Activities

Activities
Activities
Activities